عَنْ أَبِي مُوسَى رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَثَلُ الَّذِي يَذْكُرُ رَبَّهُ وَالَّذِي لاَ يَذْكُرُ رَبَّهُ، مَثَلُ الحَيِّ وَالمَيِّتِ»، ولفظ مسلم: «مَثَلُ الْبَيْتِ الَّذِي يُذْكَرُ اللهُ فِيهِ، وَالْبَيْتِ الَّذِي لَا يُذْكَرُ اللهُ فِيهِ، مَثَلُ الْحَيِّ وَالْمَيِّتِ».

[صحيح] - [متفق عليه] - [صحيح البخاري: 6407]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်အား သတိရတသသူနှင့် သတိရတသမှုမရှိသူတို့၏ ပမာမှာ ရှင်သူနှင့်သေသူတို့၏ ပမာအတိုင်းပင် ဖြစ်သည်။ (မွတ်စ်လင်မ်ကျမ်း၏ စာသားမှာ) "အလ္လာဟ်အရှင်မြတ်အား သတိရတသမှုရှိသော အိမ်နှင့် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမရှိသော အိမ်၏ ပမာမှာ ရှင်သူနှင့် သေသူတို့၏ ပမာအတိုင်းပင် ဖြစ်သည်။"

[صحيح] - [متفق عليه] - [صحيح البخاري - 6407]

ရှင်းလင်းချက်

နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်အား သတိရတသသူနှင့် သတိရတသမှုမရှိသူ၏ ကွာခြားချက်ကို အသက်ရှင်သူနှင့် သေသူ၏ ကွာခြားချက်နှင့် ဥပမာထူး၍ ရှင်းလင်းတင်ပြတော်မူခဲ့သည်။ အကြောင်းမှာ ယင်းကွာခြားချက်သည် အကျိုးကျေးဇူးပေးနိုင်မှု၊ အသွင်အပြင်လှပမှုတို့တွင် အသက်ရှင်သူနှင့် သေသူ၏ ကွာခြားချက်နှင့် တူညီသောကြောင့် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်အား သတိရတသသူ၏ ပမာမှာ အသက်ရှင်သူကဲ့သို့ဖြစ်၏။ ထိုသူ၏ အပေါ်ယံအသွင်အပြင်သည် အသက်ရှင်သန်မှု၏ အလင်းရောင်ဖြင့် တင့်တယ်လှပ၍၊ အတွင်းစိတ်သည်လည်း အသိပညာ၏ အလင်းရောင်ဖြင့် ထွန်းပြောင်နေပြီး အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်သူဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမရှိသူ၏ ပမာမှာ သေသူကဲ့သို့ဖြစ်၏။ ထိုသူ၏ အပေါ်ယံအသွင်အပြင်သည် အကျိုးမဲ့ဖြစ်၍ အတွင်းစိတ်သည်လည်း မှားယွင်းပျက်စီးနေပြီး မည်သည့်အကျိုးကျေးဇူးကိုမျှ မဖြစ်ထွန်းစေနိုင်ပေ။
ထိုနည်းတူစွာ အိမ်တစ်အိမ်သည်လည်း ထိုအိမ်၌ နေထိုင်သူများက အလ္လာဟ်အရှင်မြတ်အား သတိရတသပါက အသက်ရှင်သော အိမ်ဟု သတ်မှတ်ခံရမည်။ အကယ်၍ သတိရတသမှုမရှိပါက အလ္လာဟ်အရှင်မြတ်၏ သတိရတသမှုမှ ပျောက်ဆုံးနေသော နေထိုင်သူများ ရှိသည့် အိမ်ဖြစ်၍ သေသော အိမ်ဟူ၍ သတ်မှတ်ခံရမည်။ အိမ်အား သက်ရှိ၊ သေသူဟု ခိုင်းနှိုင်းသုံးစွဲထားသော်လည်း အဓိကအားဖြင့် ယင်းအိမ်၌ နေထိုင်သူများကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်အား သတိရတသရန် တိုက်တွန်းနှိုး‌ဆော်ခြင်းနှင့် သတိရတသမှုမှ မေ့လျော့ခြင်းအတွက် သတိပေးထားခြင်း။
  2. ရူဟ်( ဝိညာဉ် )သည် ကိုယ်ခန္ဓာ၏ အသက်သွေးကြောဖြစ်သကဲ့သို့ ဇိကိရ် (အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း) သည် ဝိညာဉ်၏ အသက်သွေးကြောဖြစ်၏။
  3. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ နည်းလမ်းတစ်ခုမှာ အဓိပ္ပာယ်များကို နားလည်လွယ်စေရန် ဥပမာများဖြင့် ပြောဆိုတင်ပြခြင်း ဖြစ်သည်။
  4. အိမာမ်နဝဝီက ဤသို့ဆိုသည်- ဤဟဒီးဆ်တော်၌ အိမ်တွင် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုပြုခြင်းသည် မွတ်စ်သဟဗ် ဖြစ်ကြောင်းနှင့်၊ အိမ်ကို အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းမှ လစ်ဟင်းမနေစေရန် ပြုလုပ်သင့်ကြောင်း သိရှိရသည်။
  5. အိမာမ်နဝဝီက ထပ်၍မိန့်ဆိုသည်မှာ - ဤဟဒီးဆ်တွင် ကောင်းမှုကုသိုလ်ပြုရာတွင် အသက်ရှည်ခြင်းသည် ဂုဏ်ကျေးဇူးတော်တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။ သေဆုံးသူသည် ပိုမိုကောင်းမြတ်သောအရာဆီသို့ ကူးပြောင်းသွားသော်လည်း၊ အသက်ရှင်သူသည် မိမိပြုလုပ်သော နာခံမှုများဖြင့် ထိုကောင်းမှုများနောက်သို့ လိုက်ပါပြီး ထပ်တိုးနိုင်သောကြောင့်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (50)
ထပ်၍