عَنْ أَبٍي سَعِيدٍ الخُدْرِيَّ رَضِيَ اللَّهُ عَنْهُ:
أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ جَلَسَ ذَاتَ يَوْمٍ عَلَى المِنْبَرِ وَجَلَسْنَا حَوْلَهُ، فَقَالَ: «إِنِّي مِمَّا أَخَافُ عَلَيْكُمْ مِنْ بَعْدِي، مَا يُفْتَحُ عَلَيْكُمْ مِنْ زَهْرَةِ الدُّنْيَا وَزِينَتِهَا» فَقَالَ رَجُلٌ: يَا رَسُولَ اللَّهِ، أَوَيَأْتِي الخَيْرُ بِالشَّرِّ؟ فَسَكَتَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقِيلَ لَهُ: مَا شَأْنُكَ؟ تُكَلِّمُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ وَلاَ يُكَلِّمُكَ؟ فَرَأَيْنَا أَنَّهُ يُنْزَلُ عَلَيْهِ؟ قَالَ: فَمَسَحَ عَنْهُ الرُّحَضَاءَ، فَقَالَ: «أَيْنَ السَّائِلُ؟» وَكَأَنَّهُ حَمِدَهُ، فَقَالَ: «إِنَّهُ لاَ يَأْتِي الخَيْرُ بِالشَّرِّ، وَإِنَّ مِمَّا يُنْبِتُ الرَّبِيعُ يَقْتُلُ أَوْ يُلِمُّ، إِلَّا آكِلَةَ الخَضْرَاءِ، أَكَلَتْ حَتَّى إِذَا امْتَدَّتْ خَاصِرَتَاهَا اسْتَقْبَلَتْ عَيْنَ الشَّمْسِ، فَثَلَطَتْ وَبَالَتْ، وَرَتَعَتْ، وَإِنَّ هَذَا المَالَ خَضِرَةٌ حُلْوَةٌ، فَنِعْمَ صَاحِبُ المُسْلِمِ مَا أَعْطَى مِنْهُ المِسْكِينَ وَاليَتِيمَ وَابْنَ السَّبِيلِ - أَوْ كَمَا قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ - وَإِنَّهُ مَنْ يَأْخُذُهُ بِغَيْرِ حَقِّهِ، كَالَّذِي يَأْكُلُ وَلاَ يَشْبَعُ، وَيَكُونُ شَهِيدًا عَلَيْهِ يَوْمَ القِيَامَةِ».
[صحيح] - [متفق عليه] - [صحيح البخاري: 1465]
المزيــد ...
အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။
တစ်ရက်သော
အခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မင်န်ဗရ်ပေါ်တွင် ထိုင်တော်မူပြီး ကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏ပတ်ပတ်လည်တွင် ထိုင်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော်မြတ်က မိန့်တော်မူသည်- " ငါကိုယ်တော်မရှိသည့် နောက်တွင် သင်တို့အတွက် ငါကိုယ်တော်စိုးရိမ်တော်မူသည့် အရာများထဲမှတစ်ခုမှာ လောကီ၏စည်းစိမ်အလှအပတွေဟာ သင်တို့အတွက် ဖွင့်ချပေးခြင်းခံရမည်ကို ဖြစ်သည်။" ထိုအခါ လူတစ်ဦးက လျှောက်ထားသည်- "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကောင်းမှုသည် မကောင်းမှုကို ယူဆောင်လာနိုင်ပါသလား" ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တိတ်ဆိတ်စွာ နေတော်မူခဲ့သည်။ ထို့ကြောင့် (လူတို့က) ထိုလူ့အား ပြောဆိုကြသည်- " အသင် ဘာဖြစ်နေတာလဲ၊ အသင်က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို စကားပြောနေပေမယ့် ကိုယ်
တော်ကအသင့်အား စကားပြောတော်မမူဘူး (ပြန်လည်ဖြေကြားတော်မမူဘူး။) ထိုအချိန်တွင်ပင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ် ဝဟီဗျာဒိတ်တော် ကျရောက်နေသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် (နဖူးမှ) ချွေးများကို သုတ်တော်မူပြီးနောက် မိန့်တော်မူသည်- "မေးမြန်းသူသည် မည်သည့်နေရာတွင်ရှိသနည်း။ ကိုယ်တော်သည် မေးမြန်းသူအား ချီးကျူးခဲ့ဟန်တူသည်။ ထို့နောက် မိန့်တော်မူသည်- "ကောင်းမှုသည် မကောင်းမှုကို မယူဆောင်လာနိုင်ပေ။ သို့သော် နွေဦးရာသီတွင် ပေါက်ရောက်သော မြက်ပင် (ကဲ့သို့သော လောကီစည်းစိမ်) သည် (အလွန်အကျွံစားသော တရိစ္ဆာန်ကို) အသက်ဆုံးရှုံးစေသည် သို့မဟုတ် အသက်ဆုံးရှုံးလုနီးနီး ဖြစ်စေတတ်သည်။ သို့ရာတွင် စိမ်းလန်းသောမြက်ပင်များကို စားသော တိရစ္ဆာန်သည် ဝမ်းဗိုက်ပြည့်အောင်စားပြီးသောအခါ နေရောင်ဘက်သို့ မျက်နာမူလိုက်သည် (နေပူစာ လှုံလိုက်သည်။) ထို့နောက် ကျင်ကြီးကျင်ငယ် စွန့်လိုက်ပြီး၊ ပြန်လည်စားသည်။ (ထိုသို့သော တိရစ္ဆာန်ကိုမူ မသေစေနိုင်ပေ။) ဧကန်စင်စစ် ဤဥစ္စာဓနသည် စိမ်းလန်းစိုပြေပြီး ချိုမြိန်သောအရာ ဖြစ်သည်။
မိမိ၏ဥစ္စာဓနများထဲမှ ဆင်းရဲသား၊ မိဘမဲ့ ကလေးနှင့် ခရီးသွားတို့အား ပေးကမ်းသူသည် အလွန်ကောင်းမွန်သည့် မွတ်စ်လင်မ်ဖြစ်သည်။ (သို့မဟုတ်) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည့်အတိုင်းပင် ဖြစ်သည်။ သို့ရာတွင် ယင်းဥစ္စာဓနများကို မတရားသော နည်းလမ်းဖြင့် ရှာဖွေရယူထားသူသည် စားသောက်သော်လည်း ဗိုက်မပြည့်သည့်သူနှင့် တူပေသည်။ ထို့နောက် ယင်းဥစ္စာဓနများသည် ကိယာမတ်နေ့တွင် ၎င်းနှင့်ဆန့်ကျင်၍ သက်သေထွက်ဆိုသူဖြစ်လိမ့်မည်။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1465]
တစ်ရက်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မင်န်ဗရ်ပေါ်ထိုင်ကာ မိမိ၏ တပည့်သာဝကများအား တရားဟောကြားလျက် ဤသို့ မိန့်ကြားတော်မူသည်-
ငါကိုယ်တော်မရှိသည့် နောက်တွင် သင်တို့အတွက် ငါကိုယ်တော်စိုးရိမ်တော်မူသည့် အရာများထဲမှတစ်ခုမှာ မြေကမ္ဘာ၏ ကောင်းချီးမင်္ဂလာများ၊ လောကီ၏စည်းစိမ်အလှအပအဆင်တန်ဆာ၊ စိတ်လိုဖွယ် သာယာမှုများ၊ ထို့ပြင် အဝတ်အထည်၊ စိုက်ပျိုးရေး ကောက်ပဲသီးနှံနှင့် အခြားသော အရာများ အပါအဝင် အမျိုးစုံသော ပစ္စည်းဥစ္စာများသင်တို့အတွက် ဖွင့်ချပေးခြင်းခံရမည်ကို ဖြစ်သည်။ ထိုအရာများသည် တည်တံ့မှု နည်း
ပါးသော်လည်း လူတို့သည် ၎င်း၏ လှပမှုကို ဂုဏ်ယူဝင့်ကြွားလေ့ရှိကြသည်။"
ထိုအခါ လူတစ်ဦးက လျှောက်ထားမေးမြန်းသည်မှာ- "လောကီ၏ စည်းစိမ်အလှအပတန်ဆာမှာ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ချီးမြှင့်သည့် နိအ်မသ်ကျေးဇူးတော်ပင် မဟုတ်ပါသလော။ ဤကျေးဇူးတော်သည် ဘေးဒုက္ခ၊ အပြစ်ဒဏ်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပါသလော။
ထိုအခါ လူများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) သည် တိတ်ဆိတ်ငြိမ်သက်စွာ နေတော်မူသည်ကို တွေ့ရသဖြင့် မေးသူအား ပြစ်တင် ပြောဆိုကြသည်။ ထိုလူသည် တမန်တော်မြတ်အား အမျက်ဒေါသထွက်အောင် ပြုလုပ်ခဲ့သည်ဟု ယူဆခဲ့ကြသည်။
သို့သော် နောက်ပိုင်းတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ်၌ ဝဟီအမိန့်တော် ကျရောက်နေခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားလာသည်။ ထို့နောက် ကိုယ်တော်သည် မိမိ၏နဖူးမှ ချွေးများကို သုတ်တော်မူကာ မိန့်ကြားတော်မူသည်- "မေးသူ အဘယ်မှာနည်း။
ထိုသူက"ကျွန်တော်မျိုးပါ" ဟု ဖြေကြားလေသည်။
ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုပြီးနောက် ဤသို့ မိန့်ကြားတော်မူသည်-
"စစ်မှန်သောကောင်းမှုသည် ကောင်းမှုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မဖြစ်စေပါ။ သို့ရာတွင် ဤလောကီစည်းစိမ်သည် စမ်းသပ်မှု၊ ပြိုင်ဆိုင်မှုနှင့် တမလွန်အတွက် စိတ်စွဲမြဲစွာ အာရုံစူးစိုက်မှု မရှိခြင်းသို့ ဦးတည်စေသောကြောင့် ကောင်းမှုသတ်သတ် မဟုတ်ပေ။"
ထို့နောက် ထိုအကြောင်းကို ဥပမာတစ်ခုဖြင့် ရှင်းလင်းတော်မူသည်-
"နွေဦးရာသီ၏ ပေါက်ပင်များနှင့် စိမ်းလန်းစိုပြည်သောမြက်ပင်များမှာ ကောက်ပဲသီးနှံတစ်မျိုးဖြစ်ပြီး တိရစ္ဆာန်များအား နှစ်သက်စေကာ အလွန်အကျွံစားသုံးမိသောကြောင့် အစာအိမ်ပွကာ အသက်ဆုံးရှုံးစေသည် သို့မဟုတ် သေလုမျောပါးဖြစ်စေသည်အထိ ဖြစ်တတ်သည်။ သို့ရာတွင် စိမ်းလန်းသောမြက်ပင်များကို စားသောတိရစ္ဆာန်သည် ဝမ်းဗိုက်ပြည့်အောင်စားပြီးသောအခါ နေရောင်ဘက်သို့ မျက်နာမူလိုက်သည် (နေပူစာ လှုံလိုက်သည်။) ထို့နောက် ဝမ်းဗိုက်အတွင်းမှ အညစ်အကြေးများကို ပျော့ပြောင်းစွာ သို့မဟုတ်ချည့်နဲ့စွာ စွန့်ထုတ်ပစ်လိုက်သည်။ ထို့နောက် အစာအိမ်အတွင်းရှိ အစာများကို ပြန်ထုတ်၍ ဝါးပြီး မျိုချကာ ပြန်လည်စားသုံးပြန်သည်။ (ထိုသို့သော တိရစ္ဆာန်ကိုမူ မသေစေနိုင်ပေ။)
ဧကန်စင်စစ် ဤဥစ္စာဓနသည် စိမ်းလန်းစိုပြေပြီး ချိုမြိန်သော အသီးအနှံနှင့် တူညီသည်။ ၎င်း၏ ပေါများလွန်းမှုကြောင့် သေစေနိုင်သည် (သို့မဟုတ်) သေလုမျောပါးဖြစ်စေနိုင်သည်။ သို့ရာတွင် လိုအပ်ချက်နှင့် လုံလောက်မှုရှိစေရန် ဟလာလ်နည်းလမ်းဖြင့် အနည်းငယ်သာ ကန့်သတ်ရယူပါက ဘေးအန္တရာယ် မရှိပေ။ မိမိ၏
ဥစ္စာဓနများထဲမှ ဆင်းရဲသား၊ မိဘမဲ့ ကလေးနှင့် ခရီးသွားတို့အား ပေးကမ်းသူသည် အလွန်ကောင်းမွန်သည့် မွတ်စ်လင်မ်ဖြစ်သည်။ မည်သူမဆို ထိုဥစ္စာပစ္စည်းကို မှန်ကန်သောနည်းလမ်းအတိုင်း ရှာဖွေရယူပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ထိုဥစ္စာပစ္စည်းတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာကို ချီးမြှင့်ပေးသနားတော်မူမည်။ သို့ရာတွင် ယင်းဥစ္စာပစ္စည်းများကို မတရားသော နည်းလမ်းဖြင့် ရှာဖွေရယူထားသူသည် စားသောက်သော်လည်း ဗိုက်မပြည့်သည့်သူနှင့် တူပေသည်။ထို့နောက် ယင်းဥစ္စာပစ္စည်းများသည် ကိယာမတ်နေ့တွင် ၎င်းနှင့်ဆန့်ကျင်၍ သက်သေထွက်ဆိုသူဖြစ်လိမ့်မည်။