عَنْ سَهْلِ بْنِ سَعْدٍ السَّاعِدِيِّ رَضِيَ اللَّهُ عَنْهُ أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«رِبَاطُ يَوْمٍ فِي سَبِيلِ اللَّهِ خَيْرٌ مِنَ الدُّنْيَا وَمَا عَلَيْهَا، وَمَوْضِعُ سَوْطِ أَحَدِكُمْ مِنَ الجَنَّةِ خَيْرٌ مِنَ الدُّنْيَا وَمَا عَلَيْهَا، وَالرَّوْحَةُ يَرُوحُهَا العَبْدُ فِي سَبِيلِ اللَّهِ أَوِ الغَدْوَةُ خَيْرٌ مِنَ الدُّنْيَا وَمَا عَلَيْهَا».
[صحيح] - [متفق عليه] - [صحيح البخاري: 2892]
المزيــد ...
စဟ်လ် ဗင်န် စအ်ဒ် အတ်စ်စာအိဒီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။
“အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျီဟာဒ်) ၌ တစ်ရက်တာ ကင်းစောင့်ခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။ ဂျန္နသ်သုခဘုံ၌ အသင်တို့တစ်ဦးတစ်ယောက်၏ ကြာပွတ်တစ်ချောင်းစာနေရာသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။ လူတစ်ဦးသည် ညနေခင်း သို့မဟုတ် မနက်ခင်းအချိန်တွင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ထွက်ခွာသွားခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။"
[صحيح] - [متفق عليه] - [صحيح البخاري - 2892]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အလ္လာဟ်အရှင်မြတ်နှစ်သက်ရန်အတွက် သီးသန့် ရည်စူး၍ မွတ်စ်လင်မ်များနှင့် ကာဖိရ်များကြား နယ်စပ်ဒေသတွင် မွတ်စ်လင်မ်များကို ကာဖိရ်များထံမှ ကာကွယ်ရန်အတွက် တစ်ရက်တာ တပ်စွဲနေထိုင်ခြင်း (ကင်းစောင့်ခြင်း)သည် ဤလောကနှင့် ၎င်းတွင်ရှိသမျှအရာအားလုံးထက် ပို၍ကောင်းကြောင်း၊ အလ္လာဟ်အရှင်၏ လမ်းတော် (ဂျီဟာဒ်)တွင် အသုံးပြုသည့် ကြာပွတ်တစ်ချောင်းစာ နေရာသည် ဂျန္နသ်သုခဘုံတွင် ဤလောကနှင့် ၎င်းတွင်ရှိသမျှအရာအားလုံးထက် ပို၍ကောင်းကြောင်း၊ ထို့ပြင် မနက်ခင်းအစမှ ဇုဟုရ်စတင်ဝင် ရောက်ချိန်အထိ သို့မဟုတ် နေ့လယ်မှ ညအထိ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ တစ်ကြိမ် ခရီးသွားခြင်း၏ အကျိုးနှင့် ကောင်း မှုသည် ဤလောကနှင့် ၎င်းတွင်ရှိသမျှအရာအားလုံးထက် ပို၍ကောင်း၏။