عَنْ أَبِي مُوسَى رضي الله عنه قَالَ:
سُئِلَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنِ الرَّجُلِ يُقَاتِلُ شَجَاعَةً، وَيُقَاتِلُ حَمِيَّةً، وَيُقَاتِلُ رِيَاءً، أَيُّ ذَلِكَ فِي سَبِيلِ اللهِ؟ فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «مَنْ قَاتَلَ لِتَكُونَ كَلِمَةُ اللهِ هِيَ الْعُلْيَا، فَهُوَ فِي سَبِيلِ اللهِ».
المزيد
အဘူ မူစာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူရသတ္တိကိုပြရန်အတွက် စစ်မက်တိုက်ခိုက်သူ၊ လူမျိုးစွဲကြောင့် စစ်မက်တိုက်ခိုက်သူ၊ ပြစားရန်အတွက် စစ်မက်တိုက်ခိုက်သူတို့အနက် မည်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်သူ ဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်ခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် (တိုက်ခိုက်သူ) ဖြစ်သည်။