عَنِ ابْنِ عُمَرَ رَضيَ اللهُ عنهما قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِذَا جَمَعَ اللهُ الْأَوَّلِينَ وَالْآخِرِينَ يَوْمَ الْقِيَامَةِ يُرْفَعُ لِكُلِّ غَادِرٍ لِوَاءٌ، فَقِيلَ: هَذِهِ غَدْرَةُ فُلَانِ بْنِ فُلَانٍ».
[صحيح] - [متفق عليه] - [صحيح مسلم: 1735]
المزيــد ...
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“အလ္လာဟ်အရှင်မြတ်သည် ရှေးဦးလူသားများနှင့်နောက်ဆုံးလူသားများအားလုံးကို ကိယာမသ်နေ့တွင် စုရုံးတော်မူသောအခါ၊ သစ္စာဖောက်သူတိုင်းအတွက် အလံတစ်ခုကို စိုက်ထူထားခြင်းခံရမည်။ ထို့နောက် ‘ဤသည် မည်သူမည်ဝါ၏သား မည်သူမည်ဝါ၏ သစ္စာဖောက်မှုဖြစ်သည်’ဟု ကြွေးကြော်ခြင်းခံရမည်။”
[صحيح] - [متفق عليه] - [صحيح مسلم - 1735]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- အလ္လာဟ်အရှင်မြတ် သည် ရှေးဦးလူသားများနှင့်နောက်ဆုံးလူသားများအားလုံးကို စစ်ဆေးမေး မြန်းရန်အတွက် ကိယာမသ်နေ့တွင် စုရုံးတော်မူသည့်အခါ၊ အလ္လာဟ်အရှင်မြတ်နှင့်ဖြစ်စေ၊ လူသားများနှင့်ဖြစ်စေ ကတိပြုထားသော ပဋိညာဉ်ကို သစ္စာမစောင့်သော (သစ္စာ ဖောက်)သူတိုင်းအတွက် ထိုသူ၏သစ္စာဖောက်မှုကို အရှက်ရစေရန် အမှတ်အသားတစ်ခုကို စိုက်ထူတော်မူမည်။ ထိုနေ့တွင် ၎င်းသည် ဤသို့ ကြွေးကြော်ခြင်းခံရမည်- ဤသည် မည်သူမည်ဝါ၏သား မည်သူမည်ဝါ၏ သစ္စာဖောက်မှုဖြစ်သည်။ (ဤသို့ပြုလုပ်ရခြင်းမှာ) ဟရှရ်ကွင်းပြင်၌ စုရုံးနေသောလူသားများထံတွင် ထိုသူ၏ ဆိုးညစ်သောလုပ်ရပ်ကို ထင်ရှားစေရန် အတွက်ဖြစ်သည်။