عَنِ العَبَّاسِ بْنِ عَبْدِ الْمُطَّلِبِ رَضيَ اللهُ عنهُ قَالَ:
قُلْتُ: يَا رَسُولَ اللهِ، عَلِّمْنِي شَيْئًا أَسْأَلُهُ اللَّهَ عَزَّ وَجَلَّ. قَالَ: «سَلِ اللَّهَ العَافِيَةَ»، فَمَكَثْتُ أَيَّامًا ثُمَّ جِئْتُ فَقُلْتُ: يَا رَسُولَ اللهِ، عَلِّمْنِي شَيْئًا أَسْأَلُهُ اللَّهَ. فَقَالَ لِي: «يَا عَبَّاسُ، يَا عَمَّ رَسُولِ اللهِ، سَلِ اللَّهَ العَافِيَةَ فِي الدُّنْيَا وَالآخِرَةِ».

[صحيح لغيره] - [رواه الترمذي وأحمد] - [سنن الترمذي: 3514]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ္ဗားစ် ဗင်န် အဗ်ဒုလ်မွသ်သွလိဗ် ( ရဿွိယလ္လာဟုအန်ဟု ) ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။
ကျွန်ုပ်က အို- အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အလ္လာဟ်အရှင်မြတ်ထံ ကျွန်တော်မျိုး တောင်းခံနိုင်သည့် အရာတစ်ခုခုကို ကျွန်တော်မျိုးအား သင်ကြားပြသတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "အလ္လာဟ်အရှင်မြတ်ထံ (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာကျန်းမာ၊ချမ်းသာမှုကို တောင်းခံပါ"ဟု မိန့်ကြားခဲ့သည်။ ထို့နောက် ရက်ပေါင်းများစွာ ကြာမြင့်ပြီးနောက် တဖန် ကျွန်ုပ်သည် ပြန်လာကာ အို- အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အလ္လာဟ်အရှင်မြတ်ထံ ကျွန်တော်မျိုး တောင်းခံနိုင်သည့် အရာတစ်ခုခုကို ကျွန်တော်မျိုးအား သင်ကြားပြသတော်မူပါဟု ထပ်မံ လျှောက် ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်အား "အို- အဗ္ဗာစ်၊ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၏ ဦးလေး၊ အလ္လာဟ်အရှင်မြတ်ထံ ဒွန်ယာနှင့် အာခိရသ်နှစ်ဌာနစလုံး၌ (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာကျန်းမာ၊ချမ်းသာမှုကို တောင်းခံပါ"ဟု မိန့်ကြား‌တော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ်လိဂိုင်းရိဟီ အဆင့်ရှိသည်။] - [رواه الترمذي وأحمد] - [سنن الترمذي - 3514]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဦးလေးဖြစ်သူ အဗ္ဗာစ် ဘင်န် အဗ္ဗဒွလ်မွသ်သွလိဗ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ အလ္လာဟ်အရှင်မြတ်ထံ တောင်းခံနိုင်သည့် ဒုအာတစ်ပုဒ်ကို သင်ကြားပေးရန် တောင်းဆိုခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အား အလ္လာဟ်အရှင်မြတ်ထံ ဒီန်သာသနာ၊ လောကီဘဝနှင့် အာခိရသ်နောင်တမလွန်ဘဝတို့တွင် ဘေးဒုက္ခများနှင့် ချို့ယွင်းချက်များမှ လွတ်ကင်းပြီး (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာမှုကိုရရန် တောင်းခံပါ"ဟု မိန့်ကြား‌တော်မူခဲ့သည်။ အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ဆက်လက်ပြောကြားသည်မှာ- ရက်ပေါင်းများစွာ ကြာပြီးနောက် ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပြန်လာကာ အလ္လာဟ်အရှင်မြတ်ထံ တောင်းခံနိုင်သည့် (နောက်ထပ်) ဒုအာတစ်ပုဒ်ကို သင်ကြားပေးရန် တောင်းဆို၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သူ့အားနူးညံ့‌ပျော့ပြောင်းပြီး နှစ်လိုဖွယ်ရာအသံဖြင့် "အို- အဗ္ဗာစ်၊ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ရဲ့ ဦးလေး၊ လောကီဘဝနှင့် အာခိရသ်နောင်တမလွန်ဘဝတို့တွင် အမျိုးမျိုးသော ဘေးအန္တရာယ်များကို ကာကွယ်တားဆီးရန်နှင့် အမျိုးမျိုးသော ကောင်းခြင်းများနှင့် အကျိုး ကျေးဇူးများကို ရရှိရန် အလ္လာဟ်အရှင်မြတ်ထံ (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာမှုကို တောင်းခံပါ"ဟု မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)သည် ဒုတိယအကြိမ် တောင်းဆိုသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က တူညီသော အ ဖြေကိုသာ ထပ်လောင်းမိန့်ကြားခြင်းသည် (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာမှုသည် ဗန္ဒဟ်ကျေးကျွန်တစ်ဦးအနေဖြင့် မိမိ၏အရှင်ထံ တောင်းခံသင့်သော အကောင်းဆုံးအရာ ဖြစ်ကြောင်း ညွှန်ပြနေသည်။
  2. (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာမှုသည် အကျိုးကျေးဇူးနှင့် ၎င်းသည် လောကီလောကုတ္တရာ ကောင်းကျိုးအားလုံး၏ အချုပ်အခြာပင်ဖြစ်ကြောင်း ရှင်းလင်းဖော်ပြခြင်း။
  3. ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟွမ်)တို့၏ အသိပညာနှင့် ကောင်းမှုများကို တိုးပွားစေရန် စိတ်အားထက်သန်မှု။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (51)
ထပ်၍