عَنْ عَائِشَةَ أُمِّ المُؤْمِنِينَ رَضِيَ اللَّهُ عَنْهَا أَنَّهَا قَالَتْ:
يَا رَسُولَ اللَّهِ، نَرَى الجِهَادَ أَفْضَلَ العَمَلِ، أَفَلاَ نُجَاهِدُ؟ قَالَ: «لَا، لَكُنَّ أَفْضَلُ الجِهَادِ: حَجٌّ مَبْرُورٌ».

[صحيح] - [رواه البخاري] - [صحيح البخاري: 1520]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်သည်။ သူမကပြောသည်မှာ
အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဂျီဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု ကျွန်မတို့ သိထားပါသည်။ ထို့ကြောင့် ကျွန်မတို့ ဂျီဟာဒ်မလုပ်ရဘူးလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မလုပ်ရပါ၊ သို့သော် (အသင်မတို့အတွက်) အမွန်မြတ်ဆုံး ဂျိဟာဒ်မှာ အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 1520]

ရှင်းလင်းချက်

ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုခြင်း၊ ရန်သူများနှင့် တိုက်ခိုက်ခြင်းကို အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု သိထားကြသည်။ သို့ဖြစ်၍ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အမျိုးသမီးများ ဂျီဟာဒ်ပြုသင့်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။
ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမတို့ဆောင်ရွက်နိုင်သည့် အကောင်းဆုံးဂျိဟာဒ်မှာ ပြစားခြင်းနှင့် အပြစ်အကုသိုလ်ကင်းကာ ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နသ်တော်နှင့် ကိုက်ညီသည့် အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်ဟု ညွှန်ကြားပြသတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အမျိုးသားများအတွက် ဂျိဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်။
  2. အမျိုးသမီးများအတွက် ဟဂ်ျသည် ဂျိဟာဒ်ထက် ပို၍မွန်မြတ်သည်။ ဟဂ်ျသည် သူမတို့အတွက် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်။
  3. ကျင့်သုံးသူပေါ်မူတည်၍ အမလ်ကောင်းမှုများ၏ မွန်မြတ်မှုသည်လည်း ကွဲပြားသွားသည်။
  4. ဟဂ်ျကို ဂျိဟာဒ်ဟု ခေါ်ဆိုထားသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် စိတ်နှလုံးသား၏ ဂျိဟာဒ်ဖြစ်သည်။ ဟဂ်ျ၌ ဥစ္စာပစ္စည်းနှင့် ခန္ဓာကိုယ် အင်အားတို့ကို သုံးစွဲရသည်။ ဟဂ်ျသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုသကဲ့သို့ပင် ခန္ဓာကိုယ်နှင့် ဥစ္စာပစ္စည်း နှစ်မျိုးစလုံးဖြင့် ပြုလုပ်ရသည့် အိဘာဒသ်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)