عَنِ ابْنِ عَبَّاسٍ رضي الله عنهما قَالَ:
قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ لِامْرَأَةٍ مِنَ الْأَنْصَارِ سَمَّاهَا ابْنُ عَبَّاسٍ فَنَسِيتُ اسْمَهَا: «مَا مَنَعَكِ أَنْ تَحُجِّي مَعَنَا؟» قَالَتْ: لَمْ يَكُنْ لَنَا إِلَّا نَاضِحَانِ فَحَجَّ أَبُو وَلَدِهَا وَابْنُهَا عَلَى نَاضِحٍ وَتَرَكَ لَنَا نَاضِحًا نَنْضِحُ عَلَيْهِ، قَالَ: «فَإِذَا جَاءَ رَمَضَانُ فَاعْتَمِرِي، فَإِنَّ عُمْرَةً فِيهِ تَعْدِلُ حَجَّةً».
[صحيح] - [متفق عليه] - [صحيح مسلم: 1256]
المزيــد ...
အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီအမျိုးသမီးတစ်ဦးအား မိန့်ကြားတော်မူခဲ့သည်။ အိဗ်နုအဗ္ဗာစ်သည် သူမ၏နာမည်ကို ပြောပြခဲ့သော်လည်း ကျွန်တော် သူမနာမည်ကို မေ့သွားခဲ့သည်။ ကျွန်ုပ်တို့နှင့်အတူ ဟဂ်ျပြုရန် အသင်မကို အဘယ်အရာက တားဆီးခဲ့ပါသနည်း။ သူမကလျှောက်ထားသည်မှာ ကျွန်မတို့တွင် ကုလားအုတ်နှစ်ကောင်သာရှိပါသည်။ သူမသား၏ ဖခင်နှင့် သူမသားသည် ကုလားအုတ်တစ်ကောင်ဖြင့် ဟဂ်ျပြုလုပ်ခဲ့သည်။ ရေသယ်ရန်အတွက် ကုလားအုတ်တစ်ကောင်ကို ကျွန်မတို့အတွက် ချန်ထားခဲ့ပါသည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ရမဿွာန်လ ရောက်သည့်အခါ သင်မအွမ္မရဟ် ပြုလုပ်ပါ။ ဧကန်အမှန်ပင် ထိုလ၌ အွမ္မရဟ်ပြုလုပ်ခြင်းသည် ဟဂ်ျပြုလုပ်ခြင်းနှင့် ညီမျှသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1256]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟဂ်ျဂျသုလ်ဝဒအ်မှ ပြန်လာသည့်အခါ ဟဂ်ျမပြုလုပ်ခဲ့သည့် အန်ဆွာရီအမျိုးသမီးတစ်ဦးအား ကျွန်ုပ်တို့နှင့်အတူ ဟဂ်ျပြုရန် အသင်မကို အဘယ်အရာက တားဆီးခဲ့ပါသနည်းဟု မေးမြန်းတော်မူခဲ့သည်။
သူမက အကြောင်းပြချက်တင်ပြသည်မှာ သူမတို့တွင် ကုလားအုတ်နှစ်ကောင်သာရှိသည်။ သူမ၏ခင်ပွန်းနှင့် သားမှာ ကုလားအုတ်တစ်ကောင်ဖြင့် ဟဂ်ျပြုလုပ်ခဲ့ပြီး ကျန်တစ်ကောင်အား ရေတွင်းမှ ရေသယ်ရန်အတွက် ထားခဲ့သည်။
ထို့ကြောင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမအား ရမဿွာန်လတွင် အွမ္မရဟ် ပြုလုပ်ခြင်း၏ အကျိုးကုသိုလ်သည် ဟဂ်ျပြုလုပ်ခြင်း၏ အကျိုးကုသိုလ်နှင့် ညီမျှကြောင်း မိန့်ကြားတော်မူခဲ့သည်။