عن أبي هريرة رضي الله عنه قال: سمعت النبي صلى الله عليه وسلم يقول:
«مَنْ حَجَّ لِلهِ فَلَمْ يَرْفُثْ وَلَمْ يَفْسُقْ رَجَعَ كَيَوْمِ وَلَدَتْهُ أُمُّهُ».

[صحيح] - [متفق عليه] - [صحيح البخاري: 1521]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
“မည်သူမဆို ဟဂ်ျပြုရာတွင် ကာမဂုဏ်နှင့်သက်ဆိုင်သည့် ညစ်ညမ်းသောစကားကိုလည်း မပြောဆို၊ အပြစ်ကျူးလွန်ခြင်းလည်း မရှိခဲ့သော် ၎င်းသည် သူ၏မိခင်က သူ့အား မွေးဖွားခဲ့သည့်နေ့ကအတိုင်း(အပြစ်ကင်းစင်သူအဖြစ်) ပြန်ရောက်လာမည်။”

[صحيح] - [متفق عليه] - [صحيح البخاري - 1521]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ဟဂ်ျပြုရာတွင် ကာမဂုဏ်ကျူးလွန်ခြင်း၊ ကာမဂုဏ်ကိုဖြစ်စေသော နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်း၊ ညစ်ညမ်းသောစကားပြောဆိုခြင်းတို့ကို မပြုလုပ်ခဲ့လျှင်၊ ထို့အတူ အိဟ်ရာမ်ပြုစဉ် တားမြစ်ထားသည့်အချက်များကို ဖောက်ဖျက်ခြင်း၊ အပြစ်အကုသိုလ်ကျူးလွန်ခြင်း မရှိခဲ့ပါက ကလေးတစ်ဦး‌မွေးဖွားလာသည့်အခါ အပြစ်ကင်းစင်သကဲ့သို့ အပြစ်များမှကင်းစင်ကာ ဟဂ်ျမှပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အပြစ်ကျူးလွန်ခြင်းကို အခြေနေတိုင်းတွင် တားမြစ်ထားသော်လည်း ဟဂ်ျတွင်လေးနက်စွာ တားမြစ်ရခြင်းမှာ ဟဂ်ျကျင့်စဉ်များကို ပို၍အလေးထားသောကြောင့် ဖြစ်သည်။
  2. လူသားတိုင်းသည် အပြစ်အကုသိုလ်များမှ ကင်းစင်စွာ မွေးဖွားလာသည်။ ထို့ကြောင့် လူသားသည် အခြားသူ၏အပြစ်ကို ထမ်းရွက်ထားသည်ဟူ၍ မရှိပေ။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)