عَنْ أَنَسٍ رَضيَ اللهُ عنهُ قَالَ:
ضَحَّى النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِكَبْشَيْنِ أَمْلَحَيْنِ أَقْرَنَيْنِ، ذَبَحَهُمَا بِيَدِهِ، وَسَمَّى وَكَبَّرَ، وَوَضَعَ رِجْلَهُ عَلَى صِفَاحِهِمَا.

[صحيح] - [متفق عليه] - [صحيح البخاري: 5565]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဖြူနှင့် အနက်ရောင်ရောနေသော ဦးချိုရှိသော သိုးထီးနှစ်ကောင်ကို ကုရ်ဗာနီပြုခဲ့သည်။ ထိုသိုးနှစ်ကောင်လုံးကို မိမိ၏လက်တော်ဖြင့် ကိုယ်တိုင် ဇဗဟ်လုပ်ခဲ့ပြီး "ဗိစ်မိလ္လာဟ်၊ အလ္လာဟုအက္ကဘရ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏) ဟု ရွတ်ဆိုကာ မိမိ၏ခြေတော်ကို သိုးနှစ်ကောင်၏ ညာဘက်လည်ကုတ်ပေါ် တွင် တင်ထားတော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5565]

ရှင်းလင်းချက်

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ပြောကြားခဲ့သည်မှာ - တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အီဒုလ်အဿ်ွဟာ(ကုရ်ဗာနီ) နေ့တွင် အဖြူနှင့် အနက်ရောင်ရောနေသော ဦးချိုရှိသောသိုးထီးနှစ်ကောင်ကို ကုရ်ဗာနီပြုခဲ့ပြီး "ဗိစ်မိလ္လာဟ်၊ အလ္လာဟုအက္ကဘရ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏) ဟု ရွတ်ဆိုကာ မိမိ၏ခြေတော်ကို သိုးနှစ်ကောင်၏ ညာဘက်လည်ကုတ်‌ပေါ်တွင် တင်ထားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကုရ်ဗာနီပြုလုပ်ခြင်းသည် တရားတော်လာအမိန့်ပညတ်ချက်ဖြစ်၍ ယင်းအပေါ် မွတ်စ်လင်မ်အားလုံးသဘောထားတူညီကြသည်။
  2. ကုရ်ဗာနီသားကောင်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကုရ်ဗာနီပြုခဲ့သော သား ကောင်အမျိုးအစားထဲမှ ဖြစ်ခြင်းသည် ပိုမိုကောင်းမွန်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော သတ္တဝါသည် အသွင်အပြင်အားဖြင့် လှပ၍၊ အဆီအနှစ်ပြည့်ဝပြီး၊ အသားမှာ အရသာပို၍ကောင်းမွန်သောကြောင့်ဖြစ်သည်။
  3. အိမာမ်နဝဝီက မိန့်ဆိုသည်မှာ - ဤဟဒီးဆ်တော်တွင် မိမိ၏ကုရ်ဗာနီသားကောင်ကို ကိုယ်တိုင်ဇဗဟ်လုပ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပြီး၊ အခြားသူအား မိမိကိုယ်စားဇဗဟ်ပြုလုပ်ရန် တာဝန်မပေးသင့်ကြောင်းနှင့် ခိုင်လုံသည့်အ‌ကြောင်းတစ်စုံတစ်ရာရှိမှသာလျှင် အခြားသူအား မိမိကိုယ်စားဇ‌‌ဗဟ်ပြုလုပ်ရန် တာဝန်ပေးသင့်ကြောင်း ပါရှိသည်။ သို့သော် ထိုသို့သောအခြေအနေတွင်လည်း မိမိကိုယ်တိုင် ရှိနေသင့်သည်။ အကယ်၍ အခြားမွတ်စ်လင်မ်တစ်ဦးအား ကိုယ်စားဇဗဟ်လုပ်ခိုင်းခြင်းသည်လည်း အငြင်းပွားဖွယ်မရှိ ပြုပိုင်ခွင့်ရှိသည်။
  4. အိဗ်နေဟဂျရ်က ဤဟဒီးဆ်တော်မှ ဇဗဟ်လုပ်ချိန် "ဗိစ်မိလ္လာဟ်"နှင့်အတူ "အလ္လာဟုအက္ကဘရ်" ဟုဆိုခြင်းသည် မွတ်စ်သဟဗ်ဖြစ်ကြောင်းနှင့် ကုရ်ဗာနီသားကောင်၏ ညာဘက်လည်ကုတ်ပေါ်တွင် မိမိ၏ခြေကို တင်ထားခြင်းသည် မွတ်စ်သဟဗ်ဖြစ်ကြောင်း သိရှိရသည်ဟု ဆိုသည်။ ပညာရှင်များက သားကောင်ကို ဘယ်ဘက်သို့ စောင်း၍လှဲထားပြီး ညာဘက်ပိုင်းတွင် မိမိ၏ခြေထောက်ကို ထားရမည်ဟု သဘောတူညီခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဇဗဟ်လုပ်သူသည် ညာဘက်လက်ဖြင့် ဓားကိုင်ရန်နှင့် မိမိ၏ ဘယ်ဘက်လက်ဖြင့် သားကောင်၏ ဦးခေါင်းကို ထိန်းချုပ်ထားရန် ပိုမိုလွယ်ကူစေသည်။
  5. ဦးချိုပါသောသားကောင်ကို ကုရ်ဗာနီပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ ဦးချိုမပါသော သားကောင်ကို ကုရ်ဗာနီပြုခြင်းသည်လည်း ပိုင်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (52)
ထပ်၍