عَنْ رَافِعِ بْنِ خَدِيجٍ رَضيَ اللهُ عنهُ قَالَ:
كُنَّا مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِذِي الحُلَيْفَةِ، فَأَصَابَ النَّاسَ جُوعٌ، فَأَصَابُوا إِبِلًا وَغَنَمًا، قَالَ: وَكَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي أُخْرَيَاتِ القَوْمِ، فَعَجِلُوا، وَذَبَحُوا، وَنَصَبُوا القُدُورَ، فَأَمَرَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِالقُدُورِ، فَأُكْفِئَتْ، ثُمَّ قَسَمَ، فَعَدَلَ عَشَرَةً مِنَ الغَنَمِ بِبَعِيرٍ فَنَدَّ مِنْهَا بَعِيرٌ، فَطَلَبُوهُ، فَأَعْيَاهُمْ وَكَانَ فِي القَوْمِ خَيْلٌ يَسِيرَةٌ، فَأَهْوَى رَجُلٌ مِنْهُمْ بِسَهْمٍ، فَحَبَسَهُ اللَّهُ، ثُمَّ قَالَ: «إِنَّ لِهَذِهِ البَهَائِمِ أَوَابِدَ كَأَوَابِدِ الوَحْشِ، فَمَا غَلَبَكُمْ مِنْهَا فَاصْنَعُوا بِهِ هَكَذَا»، فَقَالَ أي رافع: إِنَّا نَرْجُو -أَوْ نَخَافُ- العَدُوَّ غَدًا، وَلَيْسَتْ مَعَنَا مُدًى، أَفَنَذْبَحُ بِالقَصَبِ؟ قَالَ: «مَا أَنْهَرَ الدَّمَ، وَذُكِرَ اسْمُ اللَّهِ عَلَيْهِ فَكُلُوهُ، لَيْسَ السِّنَّ وَالظُّفُرَ، وَسَأُحَدِّثُكُمْ عَنْ ذَلِكَ: أَمَّا السِّنُّ فَعَظْمٌ، وَأَمَّا الظُّفُرُ فَمُدَى الحَبَشَةِ».
[صحيح] - [متفق عليه] - [صحيح البخاري: 2488]
المزيــد ...
ရာဖိအ် ဗင်န် ခုဒိုင်ဂျ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဇုဟ်ဟုလိုင်ဖဟ်အရပ်တွင် ရှိနေခဲ့ကြသည်။ ထိုအချိန် လူတို့သည် ဆာလောင်မွတ်သိပ်လာကျလေသည်။ သူတို့သည် ကုလားအုတ်နှင့် သိုး၊ဆိတ်အချို့ကို (သုံ့ပန်းပစ္စည်းများအဖြစ် မုရှ်ရိက်တို့ထံမှ) ရရှိခဲ့ကြသည်။ (ရာဖိအ် က) ဆိုသည်- တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့၏နောက်တန်းအုပ်စုထဲတွင် ရှိနေခဲ့၏။ ထိုအခါ (ရှေ့ကလူများက သုံ့ပန်းပစ္စည်းများကို မခွဲဝေခင်အလျင် ထိုသားကောင်များကို) အလျင်စလိုဇဗဟ်ပြုလုပ်သတ်ဖြတ်ခဲ့ကြသည်။ အိုးများကိုလည်း (မီးဖိုပေါ်) တည်ခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က အိုးများကို မှောက်ပစ်ရန် အမိန့်ပေးတော်မူသဖြင့် မှောက်ပစ်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော်သည် (သုံ့ပန်းပစ္စည်းများကို) ခွဲဝေပေးတော်မူပြီး သိုးဆယ်ကောင်ကို ကုလားအုပ်တစ်ကောင်နှင့် ညီမျှသည်ဟု သတ်မှတ်တော်မူသည်။ ထိုကုလားအုတ်များထဲမှ တစ်ကောင်သည် ထွက်ပြေးသွားသဖြင့် လိုက်ရှာကြသော် လည်း ၎င်းတို့သည် ပင်ပန်းမှုသာ အဖတ်တင်ခဲ့ကြပြီး (မဖမ်းမိနိုင်ခဲ့ချေ။) လူတို့၌ မြင်းများမှာလည်း အနည်းငယ်သာရှိ၏။ ထိုအခါ သူတို့ထဲမှ လူတစ်ဦးက ထိုကုလားအုတ်ကို မြားဖြင့် ပစ်လိုက်သော် အလ္လာဟ်အရှင်မြတ်က ထိုကုလားအုတ်ကို ထိန်းချုပ်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က “ဤခြေလေးချောင်းတိရစ္ဆာန်များတွင် တောရိုင်းတိရစ္ဆာန်များကဲ့သို့ အမူအကျင့်မျိုး ရှိကြ၏။ သို့ဖြစ်၍ ထိုတိရစ္ဆာန်များထဲမှ သင်တို့ကို လွှမ်းမိုးသော(ထိန်းချုပ်မရသော) တိရစ္ဆာန်ကို ဤနည်းအတိုင်း ပြုလုပ်ကြလော့”ဟု မိန့်တော်မူသည်။ ထိုအခါ (ရာဖိအ်) က လျှောက်ထားခဲ့သည်- ကျွန်တော်မျိုးတို့သည် မနက်ဖြန် ရန်သူနှင့် ရင်ဆိုင်ရန် မျှော်လင့်ရပါသည်။ (သို့မဟုတ် စိုးရိမ်နေရပါသည်။) ကျွန်တော်မျိုးတို့တွင် ဓားများလည်းမရှိပါ။ ထို့ကြောင့် ကျွန်တော်မျိုးတို့သည် သားကောင်ကို ဝါးဖြင့် ဇဗဟ်ပြုလုပ်လို့ ရပါမည်လော။ ထိုအခါ တမန်တော်မြတ်က “သွေးကို ယိုစီးစေပြီး အလ္လာဟ်အရှင်၏ နာမတော်ကို ရွတ်ဆိုတသခြင်းခံရလျှင် ထိုသတ္တဝါကို အသင်တို့ စားကြလော့။ သို့သော် သွားနှင့် လက်သည်းခြေသည်းတို့ဖြင့် ဇဗဟ်မပြုလုပ်ရ။ ထိုအကြောင်းနှင့်ပတ်သတ်ပြီး အသင်တို့အား ငါကိုယ်တော်ပြောပြမည်- သွားသည် အရိုးဖြစ်၏။ လက်သည်းများမှာ ဟဗ်ရှီလူမျိုးတို့၏ ဓားများဖြစ်သည်”။
[صحيح] - [متفق عليه] - [صحيح البخاري - 2488]
ရာဖိအ် ဗင်န် ခုဒိုင်ဂျ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်– သူတို့သည် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဇုဟ်ဟုလိုင်ဖဟ်အရပ်တွင် ရှိနေခဲ့ကြသည်။ ထိုအချိန် လူတို့သည် ဆာလောင်မွတ်သိပ်လာကျလေသည်။ သူတို့သည် ကုလားအုတ်နှင့် သိုး၊ဆိတ်အချို့ကို သုံ့ပန်းပစ္စည်းများအဖြစ် မုရှ်ရိက်တို့ထံမှ ရရှိခဲ့ကြသည်။ ထိုအခါ ၎င်းတို့သည် သုံ့ပန်းပစ္စည်းများကို မခွဲဝေခင်အလျင် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ခွင့်မတောင်းဘဲ ထိုသားကောင်များကို အလျင်စလိုဇဗဟ်ပြုလုပ်သတ်ဖြတ်ခဲ့ကြသည်။ အိုးများကိုလည်း (မီးဖိုပေါ်) တည်ခဲ့ကြသည်။ ထိုအချိန်၌ တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့၏နောက်ဆုံတန်းတွင် (၎င်းတို့နှင့်အတူ) သွားနေ၏။ တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ထိုကိစ္စကို သိတော်မူသောအခါအိုးများကို မှောက်ပစ်ရန် အမိန့်ပေးတော်မူသဖြင့် အိုးများကို ဟင်းရည်များပါမကျန် သွန်မှောက်ပစ်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော်သည် သုံ့ပန်းပစ္စည်းများကို ၎င်းတို့ကြားတွင် ခွဲဝေပေးတော်မူပြီး သိုးဆယ်ကောင်ကို ကုလားအုပ်တစ်ကောင်နှင့် ညီမျှသည်ဟု သတ်မှတ်တော်မူသည်။ ထိုကုလားအုတ်များထဲမှ တစ်ကောင်သည် ထွက်ပြေးသွားသဖြင့် လိုက်ရှာကြသော်လည်း မဖမ်းမိနိုင်ခဲ့ချေ။ မြင်းများမှာလည်း အနည်းငယ်သာရှိ၏။ ထိုအခါ သူတို့ထဲမှ လူတစ်ဦးက ထိုကုလားအုတ်ကို မြားဖြင့် ပစ်လိုက်သော် အလ္လာဟ်အရှင်မြတ်က ထိုကုလားအုတ်ကို ၎င်းတို့အဖို့ ထိန်းချုပ်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- ဤခြေလေးချောင်းတိရစ္ဆာန်များတွင် တောရိုင်းတိရစ္ဆာန်များကဲ့သို့ အမူအကျင့်မျိုး ရှိကြ၏။ သို့ဖြစ်၍ ထိုတိရစ္ဆာန်များထဲမှ သင်တို့ကို လွှမ်းမိုးသော၊ သင်တို့ထိန်းချုပ်မရသော တိရစ္ဆာန်ကို ဤနည်းအတိုင်း ပြုလုပ်ကြလော့။ ထိုအခါ (ရာဖိအ်) က လျှောက်ထားခဲ့သည်- ကျွန်တော်မျိုးတို့သည် မနက်ဖြန် ရန်သူနှင့် ရင်ဆိုင်ရန် မျှော် လင့်ရပါသည်။ ကျွန်တော်မျိုးတို့၏ လက်နက်များကို သားကောင်အား ဇဗဟ်ပြုလုပ်သတ် ဖြတ်ခြင်းဖြင့် ထိခိုက်ပျက်စီးစေမည်ကို စိုးရိမ်ပါသည်။ သို့သော် လည်း ဇဗဟ်ပြုသတ်ဖြတ်ရန်အတွက်(ဓားကို) အလွန်လိုအပ်နေပါသည်။ ကျွန်တော်မျိုးတို့တွင် ဓားမရှိပါ။ ထို့ကြောင့် ကျွန်တော်မျိုးတို့သည် သားကောင်ကို အခေါင်း ပေါက်ပါသောဝါးဖြင့် ဇဗဟ်ပြုလုပ်လို့ ရပါမည်လော။ ထိုအခါ တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က သွေးကို များစွာယိုစီးစေပြီး အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို ရွတ်ဆိုတသ၍ သတ်ခြင်းခံရလျှင် ထိုသတ္တဝါကို အသင်တို့ စားကြလော့။ သို့သော် သွားနှင့် လက်သည်း ခြေသည်းတို့ဖြင့် ဇဗဟ်မပြုလုပ်ရ။ ထိုအကြောင်းနှင့်ပတ်သတ်ပြီး အသင်တို့အား ငါကိုယ်တော်ပြောပြမည်- သွားသည် အရိုးဖြစ်၏။ လက်သည်းခြေသည်းများမှာ ကာဖိရ်ဟဗ်ရှီ(ကပ္ပလီ) လူမျိုးများ အသုံးပြုကြသော ဓားများဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့သည်။