عَن عَبْدِ الرَّحْمَنِ بْنِ أَبِي لَيْلَى أَنَّهُمْ كَانُوا عِنْدَ حُذَيْفَةَ، فَاسْتَسْقَى فَسَقَاهُ مَجُوسِيٌّ، فَلَمَّا وَضَعَ القَدَحَ فِي يَدِهِ رَمَاهُ بِهِ، وَقَالَ: لَوْلاَ أَنِّي نَهَيْتُهُ غَيْرَ مَرَّةٍ وَلاَ مَرَّتَيْنِ -كَأَنَّهُ يَقُولُ: لَمْ أَفْعَلْ هَذَا-، وَلَكِنِّي سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«لاَ تَلْبَسُوا الحَرِيرَ وَلاَ الدِّيبَاجَ، وَلاَ تَشْرَبُوا فِي آنِيَةِ الذَّهَبِ وَالفِضَّةِ، وَلاَ تَأْكُلُوا فِي صِحَافِهَا، فَإِنَّهَا لَهُمْ فِي الدُّنْيَا وَلَنَا فِي الآخِرَةِ».

[صحيح] - [متفق عليه] - [صحيح البخاري: 5426]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ရ်ရဟ်မာန်ဗင်န် အဗီလိုင်လာက ဆင့်ပြန်ခဲ့သည်။ ၎င်းတို့သည် ဟုဇိုင်ဖဟ်(ရဿွိရလ္လာဟုအန်ဟု)ထံတွင် ရှိနေကြသည်။ ၎င်းက ရေသောက်ရန်‌တောင်းသဖြင့် မဂျူစီတစ်ဦးက သူ့အား ရေယူလာပေးသည်။ ထိုသူက ရေခွက်ကို သူ၏လက်ထဲသို့ ပေးလိုက်သည့်အခါ ဟုဇိုင်ဖဟ်က ခွက်ကို ထိုသူ့ဘက်သို့ ပစ်ချလိုက်ပြီး ပြောကြားသည်မှာ- အကယ်၍ ကျွန်ုပ်သည် သူ့အား တစ်ကြိမ် နှစ်ကြိမ်မက တားမြစ်ခဲ့ပြီးဖြစ်သည်။ (ထိုသို့မတားမြစ်ခဲ့ပါက ကျွန်ုပ် ဤကဲ့သို့ ပြုလုပ်မည်မဟုတ်ပါဟု ပြောကြားလိုက်ခြင်းဖြစ်သည်။) သို့သော် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
အသင်တို့သည် ပိုးထည်၊ ချိတ်ပိုးထည်ကို မဝတ်ဆင်ကြနှင့်။ ရွှေခွက်များ၊ ငွေခွက်များဖြင့် မသောက်သုံးကြနှင့်။ ၎င်းတို့နှင့်ပြုလုပ်ထားသည့် ပန်းကန်များဖြင့် မစားကြနှင့်။ ထိုအရာများသည် လောက၌ ၎င်း(မယုံကြည်သူ)တို့ အတွက်ဖြစ်ပြီး နောင်တမလွန်၌ ကျွန်ုပ်တို့အတွက်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5426]

ရှင်းလင်းချက်

တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အမျိုးသားများအား ပိုးထည်အမျိုးအစားအမျိုးမျိုးကို ဝတ်ဆင်ခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထို့ပြင် အမျိုးသား၊ အမျိုးသမီးများအား ရွှေ၊ငွေဖြင့် ပြုလုပ်ထားသည့် အိုးခွက်များဖြင့် စားသောက်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ ထိုအရာများသည် ကိယာမသ်နေ့၌ မိုအ်မင်န်များအတွက် ဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဒွန္နယာလောက၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်ကို နာခံကာ ထိုအရာများကို ရှောင်ကြဉ်ခဲ့ကြသည်။ ကာဖိရ် သွေဖည်ငြင်းပယ်သူများအတွက် နောင်တမလွန်တွင် ဘာမျှရရှိကြမည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်ခဲ့ကြပြီး ထိုအရာများကို သုံးစွဲကာ လောက၌ပင် သူတို့ပြုလုပ်ခဲ့သည့် ကောင်းမှုများ၏ အစားကို စောလျင်စွာရယူခဲ့ကြပြီးဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အမျိုးသားများအတွက် ပိုးထည်နှင့် ချိတ်ပိုးထည်ဝတ်ဆင်ခြင်းကို တားမြစ်ထားပြီး ဝတ်ဆင်သူတိုင်းကို ပြင်းထန်စွာ သတိပေးခြိမ်းခြောက်ထားသည်။
  2. အမျိုးသမီးများ ပိုးထည်နှင့် ချိတ်ပိုးထည်ဝတ်ဆင်ခွင့်ရှိသည်။
  3. ရွှေ၊ငွေဖြင့်ပြုလုပ်ထားသည့် ပန်ကန်ပြားများ၊ အိုးခွက်များဖြင့် စားသောက်ခြင်းကို အမျိုးသား၊ အမျိုးသမီးအားလုံးအတွက် တားမြစ်ထားသည်။
  4. ဟုဇိုင်ဖဟ် (ရဿွိရလ္လာဟုအန်ဟု)သည် ငြင်းဆန်ရာတွင် ပြင်းထန်ရခြင်းမှာ ၎င်းအနေဖြင့် ရွှေခွက်၊ ငွေခွက်များ မသုံးစွဲရန် ထိုသူ့အား တစ်ကြိမ်မက တားမြစ်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ထိုသူသည် သုံးစွဲခြင်းကို မရပ်တန့်ခဲ့ပေ။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
ထပ်၍