အမျိုးအစား:

عَنْ أَبِي يَعْلَى شَدَّادِ بْنِ أَوْسٍ رَضِيَ اللَّهُ عَنْهُ عَنْ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ اللهَ كَتَبَ الْإِحْسَانَ عَلَى كُلِّ شَيْءٍ، فَإِذَا قَتَلْتُمْ فَأَحْسِنُوا القِتْلَةَ، وَإِذَا ذَبَحْتُمْ فَأَحْسِنُوا الذِّبْحَةَ، وَلْيُحِدَّ أَحَدُكُمْ شَفْرَتَهُ، وَلْيُرِحْ ذَبِيحَتَهُ».

[صحيح] - [رواه مسلم] - [الأربعون النووية: 17]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဘူယအ်လာ ရှဒ်ဒါးဒ် ဗင်န် အောဝ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
" အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန်သတ်မှတ်ပြဌာန်းထားသည်။ ထို့ကြောင့် သင်တို့သည် သတ်သည့်အခါ ကောင်းမွန်စွာဖြင့်သတ်ပါ။ သင်တို့(ဇဗဟ်)လှီးဖြတ်သည့်အခါ ကောင်းမွန်စွာဖြင့်လှီးဖြတ်ပါ။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မိမိ၏ဓါးသွားကို ထက်မြအောင်ပြုလုပ်ပါ။ ၎င်း၏ သားကောင်အား နာကျင်မှုသက်သာအောင်ပြုလုပ်ပါ"

[صحيح] - [رواه مسلم] - [الأربعون النووية - 17]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန်ကျွန်တော်တို့အပေါ်၌ ‘ဝါဂျိဗ်’တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသည်။ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် ခဝပ်ကိုးကွယ်ခြင်း၊ ကောင်းမှုပြုခြင်း၊ အဖန်ဆင်းခံများ၏ ဒုက္ခကို တားဆီးပေးခြင်းစသည်တို့ကိုဆောင်ရွက်ရာ၌ အလ္လာဟ်အရှင်မြတ်သည် မိမိကိုမြင်တွေ့နေတော်မူသည်ဟူသည့် အသိအမြဲရှိနေခြင်းဖြစ်သည်။ ထိုသို့ ကောင်းမွန်စွာကျင့်မူခြင်း၌ သတ်သည့်အခါ ကောင်းမွန်စွာဖြင့်သတ်ခြင်း၊ ကောင်းမွန်စွာ(ဇဗဟ်)လှီးဖြတ်ခြင်းတို့လည်းပါဝင်သည်။
‘ကိဆွာဆ်ွ’ လူသတ်မှု ကျူးလွန်သည့်အတွက် ဥပဒေအရ သေဒဏ်စီရင်ခြင်းကို အ‌ကောင်အထည်ရာ၌ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် စီရင်ခံရသူအား လွယ်ကူ၊ ညင်သာပြီး အမြန်ဆုံး‌သေဆုံးနိုင်မည့်နည်းလမ်းကို ရွေးချယ်ခြင်းဖြစ်သည်။
‘ဇဗဟ်’လှီးဖြတ်သည့်အခါ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် လှီးဖြတ်မည့်ဓားကို ထက်အောင်သွေးခြင်းဖြင့် သားကောင်အပါ် ညင်သာမှုရှိခြင်းဖြစ်သည်။ လှီးဖြတ်မည့် တိရစ္ဆာန်၏ရှေ့တွင် ဓားမသွေးရပါ။ တိရစ္ဆာန်တစ်ကောင်၏ရှေ့တွင် အခြားတိရစ္ဆာန်တစ်ကောင်ကို မလှီးဖြတ်ရပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အဖန်ဆင်းခံများအပေါ်တွင်ရှိသော အလ္လာဟ်အရှင်မြတ်၏ ကရုဏာနှင့် သနားကြင်နာမှုကို ဖေါ်ပြထားသည်။
  2. သတ်ခြင်းနှင့် ‘ဇဗဟ်’လှီးဖြတ်ခြင်းတွင် ကောင်းမွန်စွာကျင့်မူခြင်းဟူသည် တရားတော်က သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ခြင်းကို ဆိုလိုသည်။
  3. ရှရီအဟ် တရားလမ်းစဥ်သည် ပြီးပြည့်စုံပြီး ကောင်းခြင်းအားလုံးပါရှိသည်။ တိရစ္ဆာန်များကို ကရုဏာထားခြင်း၊ ကြင်နာခြင်းသည်လည်း ထိုအနက်မှပင် ဖြစ်သည်။
  4. သေဒဏ်စီရင်ပြီးနောက်‘မုဆ်လဟ်’ (ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်ခြင်း၊ မျက်လုံးကို ဖောက်ထုတ်ခြင်းစသည့် ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်များ)ကို တားမြစ်ထားသည်။
  5. တိရစ္ဆာန်များအပေါ် ညှဉ်းပန်းနှိပ်စက်မှုဖြစ်စေသည့် လုပ်ရပ်တိုင်းကို တားမြစ်ထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
အမျိုးအစားများ
ထပ်၍