عَنْ أَبِي حَمْزَةَ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ -خَادِمِ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ- عَنْ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لاَ يُؤْمِنُ أَحَدُكُمْ، حَتَّى يُحِبَّ لِأَخِيهِ مَا يُحِبُّ لِنَفْسِهِ»
[صحيح] - [متفق عليه] - [الأربعون النووية: 13]
المزيــد ...
တမန်တော်မြတ်၏ ခါဒင်မ်ဖြစ်သူ အဘူဟမ်ဇဟ် အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မိမိအတွက်နှစ်သက်သည့်အရာကို မိမိညီနောင်မွတ်စ်လင်မ်အတွက် မနှစ်သက်သမျှကာလပတ်လုံး အသင်တို့အနက်မည်သူတစ်ဦးတစ်ယောက်မျှ စစ်မှန်သည့် မုအ်မင်န်မဖြစ်နိုင်ပေ။
[صحيح] - [متفق عليه] - [الأربعون النووية - 13]
နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ရှင်းလင်းစွာမိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် မိမိအတွက် နှစ်သက်လိုလားသော ကောင်းမှုများ၊ သာသနာရေးနှင့် လောကီရေးတွင်ရှိသောကောင်းကျိုးအားလုံးကို မိမိ၏ညီနောင်အတွက်နှစ်သက်လိုလားခြင်း မရှိသရွေ့မိမိ၏အီမာန်သက်ဝင်ယုံကြည်မှုပြည့်ဝမည်မဟုတ်ပေ။ မိမိအတွက်မိမိမနှစ်သက်သောအရာများကို မိမိ၏ညီ နောင်အတွက်လည်း နှစ်သက်ခြင်းမျိုးမရှိရ။ အကယ်၍ မိမိ၏မွတ်စ်လင်မ်ညီနောင်တွင်ဘာသာရေးဆိုင်ရာ ချို့ယွင်းချက်တစ်စုံတစ်ရာကို တွေ့မြင်ပါက သူ့အားပြုပြင်ပေးရန် ကြိုးစားအားထုတ်ရမည်။ အကယ်၍သူ့ထံတွင်ကောင်းခြင်းတစ်စုံတစ်ရာကို တွေ့မြင်ရပါက ထောက်ပံ့ကူညီပေးရမည်။ သူ့၏ဘာ သာရေး၊ လောကီရေးနှစ်ပတ်သက်၍ ကောင်းခြင်းကိုသာ ရှေးရှုပြီးပြောဆိုဆက်ဆံရမည်။