عَنْ أَبِي رُقَيَّةَ تَمِيمِ بْنِ أَوْسٍ الدَّارِيِّ رَضِيَ اللَّهُ عَنْهُ أَنَّ النَّبِيَّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«الدِّينُ النَّصِيحَةُ» قُلْنَا: لِمَنْ؟ قَالَ: «لِلهِ وَلِكِتَابِهِ وَلِرَسُولِهِ وَلِأَئِمَّةِ الْمُسْلِمِينَ وَعَامَّتِهِمْ».
المزيد
အဗူ ရိုကိုင်ယ်ရဟ် သမီမ် ဗင်န် အောင်စ် အဒ္ဒါရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သာသနာဟူသည် “ကောင်းကျိုးလိုလားခြင်းဖြစ်သည်” ကျွန်တော်တို့က မည်သူ့အတွက်ပါနည်းဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က “အလ္လာဟ်အရှင်မြတ်အတွက်၊ အရှင်မြတ်၏ ကျမ်းဂန်အတွက်၊ အရှင်မြတ်၏ ရစူလ်တမန်တော်အတွက်၊ မွတ်စ်လင်မ်ခေါင်းဆောင်များအတွက်နှင့် အများမွတ်စ်လင်မ်တို့အတွက်ဖြစ်သည်”ဟု ဖြေကြားတော်မူခဲ့သည်