عَنْ أَبِي حُمَيْدٍ السَّاعِدِيِّ رَضيَ اللهُ عنه قَالَ:
اسْتَعْمَلَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَجُلًا عَلَى صَدَقَاتِ بَنِي سُلَيْمٍ، يُدْعَى ابْنَ اللُّتْبِيَّةِ، فَلَمَّا جَاءَ حَاسَبَهُ، قَالَ: هَذَا مَالُكُمْ وَهَذَا هَدِيَّةٌ. فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «فَهَلَّا جَلَسْتَ فِي بَيْتِ أَبِيكَ وَأُمِّكَ، حَتَّى تَأْتِيَكَ هَدِيَّتُكَ إِنْ كُنْتَ صَادِقًا» ثُمَّ خَطَبَنَا، فَحَمِدَ اللَّهَ وَأَثْنَى عَلَيْهِ، ثُمَّ قَالَ: «أَمَّا بَعْدُ، فَإِنِّي أَسْتَعْمِلُ الرَّجُلَ مِنْكُمْ عَلَى العَمَلِ مِمَّا وَلَّانِي اللَّهُ، فَيَأْتِي فَيَقُولُ: هَذَا مَالُكُمْ وَهَذَا هَدِيَّةٌ أُهْدِيَتْ لِي، أَفَلاَ جَلَسَ فِي بَيْتِ أَبِيهِ وَأُمِّهِ حَتَّى تَأْتِيَهُ هَدِيَّتُهُ، وَاللَّهِ لاَ يَأْخُذُ أَحَدٌ مِنْكُمْ شَيْئًا بِغَيْرِ حَقِّهِ إِلَّا لَقِيَ اللَّهَ يَحْمِلُهُ يَوْمَ القِيَامَةِ، فَلَأَعْرِفَنَّ أَحَدًا مِنْكُمْ لَقِيَ اللَّهَ يَحْمِلُ بَعِيرًا لَهُ رُغَاءٌ، أَوْ بَقَرَةً لَهَا خُوَارٌ، أَوْ شَاةً تَيْعَرُ» ثُمَّ رَفَعَ يَدَهُ حَتَّى رُئِيَ بَيَاضُ إِبْطِهِ، يَقُولُ: «اللَّهُمَّ هَلْ بَلَّغْتُ» بَصْرَ عَيْنِي وَسَمْعَ أُذُنِي.

[صحيح] - [متفق عليه] - [صحيح البخاري: 6979]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဘူဟုမိုင်ဒ် အတ်စ်စာအီဒီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် စူလိုင်မ်မျိုးနွယ်ရဲ့ ဇကားသ်များကို ကောက်ခံရန် အိဗ်နုလ်လုသ်ဗီယဟ် ဟုခေါ်သော လူတစ်ဦးအား ခန့်အပ်တာဝန်ပေးခဲ့သည်။ သူပြန်‌ရောက်လာသောအခါ ကိုယ်တော်က သူ့အား စာရင်းအင်းစစ်ဆေးတော်မူခဲ့၏။ ထိုအခါ ၎င်းက ဤသို့ပြောသည် - “ဤသည်မှာ အသင်(တမန်တော်တို့) ၏ဥစ္စာပစ္စည်းများ (ဇကာသ်) ဖြစ်၍ ဤသည်ကား (ကျွန်တော်မျိုးအား ပေးအပ်သော) လက်ဆောင်ဖြစ်ပါသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က - “"အကယ်၍ သင်သည် မှန်ကန်သူဖြစ်လျှင် သင့်အား သီးသန့်ပေးအပ်သော လက်ဆောင်များ ရောက်လာသည့်တိုင် သင်၏မိဘများ အိမ်၌ပင် ထိုင်နေခဲ့သင့်သည် မဟုတ်လော" ဟု မိန့်ကြားခဲ့သည်။ ထို့နောက် ကျွန်ုပ်တို့အား မိန့်ခွန်းပြောကြားတော်မူရာ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီးနောက် ဤသို့မိန့်ကြားတော်မူသည်- “အမှန်စင်စစ်၊ ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးဦးအား အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော်အား ပေးအပ်တော်မူသော တာဝန်တစ်ရပ်ကို ထမ်းဆောင်ရန် ခန့်အပ်သည့်အခါ ထိုသူသည် ပြန်လာပြီး ‘ဤသည်ကား အသင်တို့၏ ဥစ္စာပစ္စည်းဖြစ်၍ ဤသည်ကား ကျွန်ုပ်အား လက်ဆောင်အဖြစ် ပေးအပ်ခြင်းခံရသော ပစ္စည်းဖြစ်ပါသည်’ ဟု ပြောဆိုတတ်ကြသည်။ သို့ဖြစ်လျှင် သူသည် သူ့ထံ(သီးသန့်ပေးအပ်သော ) လက်ဆောင် ရောက်လာသည့်တိုင် သူ၏မိဘများ အိမ်၌ပင် ထိုင်နေခဲ့သင့်သည် မဟုတ်လော။ အလ္လာဟ်အရှင်မြတ်အား ကစမ်ကျိန်ဆို၍ ပြောမည်၊ အသင်တို့အနက်မှ မည်သူမဆို မိမိ၏အခွင့်အရေးမဟုတ်သည်ကို ယူငင်လျှင် ကိယာမသ်(ရှင်ပြန်ထမည့်နေ့) တွင် ထိုယူခဲ့သည့် ဥစ္စာပစ္စည်းကို သယ်ဆောင်လျက် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရလိမ့်မည်။ သို့ဖြစ်ရာ အသင်တို့အနက် တစ်ဦးဦးသည် အော်မြည်နေသော ကုလားအုတ်၊ ညည်းတွားနေသော နွား သို့မဟုတ် မြည်တွန်သံပြုသော သိုးကို သယ်ဆောင်လျက် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံလျှင် မုချ ငါကိုယ်တော် (၎င်းအား) သိ‌ပေလိမ့်မည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် မိမိ၏ဖြူ‌ဖွေးနေတော်မူသည့် ချိုင်းကို ထင်ရှားစွာမြင်တွေ့ရသည်အထိ လက်ကို မြှောက်တင်လျှက် - “အိုအလ္လာဟ်အရှင်မြတ်၊ (အရှင်မြတ် ကျွန်တော်မျိုးအား အပ်နှင်းတော်မူသော တာဝန်များကို) ကျွန်တော်မျိုး ပို့ချခဲ့ပြီးဖြစ်ပါသည် ဟု မိန့်ကြားတော်မူခဲ့သည်။ (အဘူဟုမိုင်ဒ် အတ်စ်စာအီဒီ (ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ ဤအကြောင်းအရာကို) ကျွန်တော်မျိုး မိမိ၏မျက်စိဖြင့်မြင်၍ နားဖြင့်ကြားခဲ့ခြင်း ဖြစ်ပါသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6979]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် စူလိုင်မ်မျိုးနွယ်ရဲ့ ဇကာသ်များကို ကောက်ခံရန် အိဗ်နုလ်လုသ်ဗီယဟ် ဟုခေါ်သော လူတစ်ဦးအား ခန့်အပ်တာဝန်ပေးခဲ့သည်။ သူသည် မဒီနာသို့ ပြန်‌ရောက်လာသောအခါ ကိုယ်တော်က သူကောက်ခံခဲ့သော အရာများနှင့် သူသုံးစွဲခဲ့သော အရာများကို စာရင်းအင်းစစ်ဆေးတော်မူခဲ့၏။ ထိုအခါ အိဗ်နုလ်လုသ်ဗီယဟ်က ဤသို့ပြောသည် - ထိုအခါ အိဗ်နုလ်လုသ်ဗီယဟ်က ဤသို့ ပြောဆိုခဲ့သည်- "ဤသည်ကား ကျွန်‌တော်မျိုးကောက်ခံခဲ့သော ဇကာသ်ပစ္စည်းများ ဖြစ်ပြီး၊ ဤသည်ကား ကျွန်တော်မျိုးအား လက်ဆောင်အဖြစ် ပေးအပ်ခြင်းခံရသော ပစ္စည်းများ ဖြစ်ပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က သူ့အား ဤသို့ မိန့်ကြားခဲ့သည်- သင်သည် သင်၏မိဘများအိမ်၌ နေခဲ့လျှင် သင့်ထံသို့ လက်ဆောင်တစ်စုံတစ်ရာ ရောက်ရှိလာမည်လော ဆိုသည်ကို စောင့်ကြည့်နေခဲ့သင့်သည်။ အကယ်၍ သင်သည် မှန်ကန်သူဖြစ်ခဲ့လျှင် (သင့်ထံ လက်ဆောင် ရောက်လာမည်မဟုတ်)။ အမှန်စင်စစ် သင်လုပ်ဆောင်ခဲ့သော တာဝန်များကြောင့်သာ ဤလက်ဆောင်ကို သင်ရရှိခြင်းဖြစ်သည်။ အကယ်၍ သင်သည် သင်၏ အိမ်၌သာ နေထိုင်ခဲ့မည်ဆိုလျှင် သင့်ထံသို့ မည်သည့်လက်ဆောင်မျှ ရောက်ရှိလာမည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းဥစ္စာပစ္စည်းများကို လက်ဆောင်ပုံစံအားဖြင့် သင့်ထံရောက်ရှိလာသည်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့ကို သင်၏ဥစ္စာအဖြစ် မှတ်ယူခွင့်မရှိပေ။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် အမျက်ဒေါသထွက်တော်မူလျက် တရားဟောပြောရန်အလို့ငှာ မင်မ်ဗရ်‌ပေါ်သို့ တက်ရောက်တော်မူပြီး အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုကာ မိန့်ကြားတော်မူသည်မှာ- အမှန်စင်စစ် ငါကိုယ်တော်သည် သင်တို့အနက်မှ အမျိုးသားတစ်ဦးအား အလ္လာဟ်အရှင်မြတ်က ငါကိုယ်‌တော်အား အုပ်ချုပ်စီမံခွင့်ပေးထားသော ဇကာသ်များနှင့် စစ်သုံ့ပန်ပစ္စည်းများကို ကောက်ခံသူအရာရှိအဖြစ် ခန့်အပ်တော်မူခဲ့၏။ ထိုသူသည် မိမိ၏တာဝန်ထမ်းဆောင်မှုမှ ပြန်လာပြီး ဤသို့ပြောဆိုလေသည်- ဤပစ္စည်းများသည် သင်တို့အတွက် (ကောက်ခံထားသော ဇကာသ်)ဖြစ်၍ ဤပစ္စည်းများကား ကျွန်ုပ်ထံသို့ လက်ဆောင်အဖြစ် ပေးပို့ခြင်းခံရသော ပစ္စည်းများဖြစ်ပါသည်။ သို့ဖြစ်လျှင် သူသည် သူ့ထံ(သီးသန့်ပေးအပ်သော ) လက်ဆောင်ပစ္စည်းများ ရောက်လာသည့်တိုင် သူ၏မိဘများ အိမ်၌ပင် ထိုင်နေခဲ့သင့်သည် မဟုတ်လော။ အလ္လာဟ်အရှင်မြတ်အား ကစမ်ကျိန်ဆို၍ ပြောမည်၊ မည်သူမဆို မတရားသော နည်းလမ်းဖြင့် တစ်စုံတစ်ရာကို ရယူခဲ့သော် ကိယာမသ်နေ့တွင် ယင်းပစ္စည်းကို မိမိ၏လည်ပင်းတွင် ထမ်းလျက် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရလိမ့်မည်ဖြစ်သည်။ အကယ်၍ သူ(မတရားသဖြင့်)ယူခဲ့သောအရာသည် ကုလားအုပ်ဖြစ်ခဲ့လျှင် ယင်းကုလားအုပ်သည် (ကုလားအုပ်များ အော်သံပေးသလို) အော်မြည်သံဖြင့် ၊ နွားမဖြစ်ခဲ့လျှင် (နွားများ‌ အော်သံပေးသလို) အော်မြည်‌သံဖြင့်၊ သိုးမဖြစ်ခဲ့လျှင် (သိုးများ အော်သံပေးသလို) အော်မြည်သံဖြင့် ( မတရား ယူငင်သိမ်းပိုက်ခံရကြောင်း သက်သေခံလိမ့်မည်ဖြစ်သည်)။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် မိမိ၏လက်နှစ်ဖက်ကို အလွန်အမင်း မြှောက်လိုက်ရာ ထိုနေရာ၌ ထိုင်နေသော သူများပင် ကိုယ်တော်၏ ဖြူဖွေးနေတော်မူသော ချိုင်းနှစ်ဖက်ကို မြင်တွေ့ကြရသည်။ ထို့နောက် ကိုယ်‌တော်မြတ်က " အရှင်မြတ်၏ အမိန့်တော်ကို ငါကိုယ်တော် အသင်တို့အား ပို့ချခဲ့ပြီးဖြစ်သည်။ အိုအလ္လာဟ်အရှင်မြတ်- အရှင်မြတ် သက်သေထူတော်မူပါ" ဟု မိန့်ကြားတော်မူသည်။ ထို့နောက် အဘူဟုမိုင်ဒ် အတ်စ်စာအီဒီ ( ရဿွိယလ္လာဟုအန်ဟု) က ဤအ ကြောင်းအရာကိုမိမိ၏မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်း၊ မိမိ၏နားဖြင့် ကိုယ်တိုင်ကြားခဲ့ရကြောင်း ပြောပြခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အုပ်ချုပ်သူခေါင်း
  2. ဆောင်သည် မိမိလက်အောက်ငယ်သားများအား သူတို့၏ လုပ်ငန်း
  3. ဆောင်တာများတွင် သူတို့ ထမ်း‌ဆောင်ရမည့်တာဝန်များနှင့် သူတို့ ရှောင်ကျဉ်ရမည့် တားမြစ်ချက်များကို ရှင်းလင်းတင်ပြခြင်း။
  4. လူတို့၏ဥစ္စာပစ္စည်းကို မတရားယူသူအတွက် ခြိမ်းခြောက်မှု (ပြစ်ဒဏ်)ကိုဖော်ပြထားသည်။
  5. မတရားကျူးလွန်သူတိုင်းသည် ကိယာမသ်နေ့တွင် မိမိကျူးလွန်ခဲ့သည့်မတရားမှုကို တစ်ပါတည်းယူ ဆောင်လာရမည် ဖြစ်သည်။
  6. နိုင်ငံ့လုပ်ငန်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးသည် သူ့အားအပ်နှင်းထားသည့်တာဝန်ကို ထမ်းဆောင်ရမည်။ သူ၏လုပ်ငန်းနှင့်ဆက်စပ်ပြီး လက်ဆောင်များယူခွင့်မရှိ။ အကယ်၍ ယူမိပါက ထိုလက်ဆောင်ကို (ဘိုင်သွလ်မာလ်) အစ္စလာမ့်ဘဏ္ဍာတော်ထဲသို့ ထည့်ရမည်။ ထိုလက်ဆောင်ကို မိမိအတွက် ယူပိုင်ခွင့်မရှိ။ အဘယ်ကြောင့်ဆိုသော် ထိုလက်ဆောင်သည် မကောင်းမှုနှင့် အလွဲသုံးစားလုပ်မှုကို ဖြစ်စေသောလမ်းကြောင်းဖြစ်သောကြောင့် ဖြစ်သည်။
  7. အိဗ်နု ဗသ်သွာလ်က ဤသို့ဆိုသည်-
  8. ဤဟဒီးဆ်တော်က အုပ်ချုပ်သူ(သို့မဟုတ် အစိုးရဝန်ထမ်း) အား ပေးအပ်သောလက်ဆောင်သည် အကြောင်းသုံးချက်ကြောင့်ဖြစ်နိုင်ကြောင်း ညွှန်ပြထားသည်- ၎င်းလုပ်ခဲ့သည့် ကောင်းမှုအတွက် ကျေးဇူးတင်ရန် သို့မဟုတ် ၎င်းနှင့် ရင်းနှီးခင်မင်စေရန် သို့မဟုတ် ၎င်း၏ တရားဝင်အခွင့်အရေးများမှ ၎င်းအား ယိမ်းယိုင်စေရန် မျှော်လင့်ချက်ဖြင့် ဖြစ်နိုင်ကြောင်း ညွှန်ပြသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) က ၎င်းအတွက် လက်ဆောင်များသည် အခြားမွတ်စ်လင်မ်များအတွက် လက်ဆောင်များကဲ့သို့ပင် ဖြစ်ပြီး ဤကိစ္စတွင် ၎င်းတွင် အခြားသူများထက် ပိုမိုထူးကဲ
  9. သော အခွင့်အရေး မရှိကြောင်း၊ ၎င်းကို တစ်ဦးတည်း သီးသန့် ပိုင်ဆိုင်ခြင်း မပြုသင့်ကြောင်း ညွှန်ပြခဲ့သည်။
  10. အိမာမ်နဝဝီက ဤသို့ဆိုသည်- ဤဟဒီးဆ်တော်တွင်အုပ်ချုပ်သူများ (သို့မဟုတ် အစိုးရဝန်ထမ်းများ) ရရှိသောလက်ဆောင်များသည် ဟရာမ် (တားမြစ်ထား) ဖြစ်ပြီး အလွဲသုံးစားလုပ်မှု (ဂူလူးလ်) အဖြစ်သတ်မှတ်ကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူသည် သူ့အားအပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာနှင့် ယုံကြည်စိတ်ချရမှုကို သစ္စာဖောက်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဟဒီးဆ်တော်၌ သူ့၏ပြစ်ဒဏ်နှင့် သူ့အားပေးအပ်သောလက်ဆောင်ကို ကိယာမသ်နေ့တွင် သူ့အားသယ်ဆောင်စေမည်ကြောင်းနှင့်ပတ်သက်၍ ဖော်ပြထားသည်။ အလွဲသုံးစားလုပ်သူအတွက်လည်း ထိုပြစ်ဒဏ်အတိုင်းပင် ဟဒီးဆ်တော်၌ ဖော်ပြထားသည်။ ထို့ပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤဟဒီးဆ်တော်၌ပင် အစိုးရဝန်ထမ်းအတွက် လက်ဆောင်ကို တားမြစ်ရသည့် အကြောင်းရင်းကိုပါ ရှင်းလင်းစွာ ဖော်ပြတော်မူခဲ့သည်။ ထိုသို့တားမြစ်ရခြင်းမှာ သူ၏ ရာထူးအာဏာကြောင့်ဖြစ်သည်။ အစိုးရဝန်ထမ်းမဟုတ်သောပုဂ္ဂိုလ်အတွက်မူ လက်ဆောင်ပေးခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
  11. အိဗ်နုလ်မုနီးရ်က ဤသို့ဆိုသည် - “သူ၏မိဘများ အိမ်၌ပင် ထိုင်နေခဲ့သင့်သည် မဟုတ်လော" ဟု မိန့်ကြားချက်မှ ‘ ဤသို့ ကောက်ချက်ချနိုင်သည် - ၎င်းမှာ ဒီ့အရင်ကလည်း အပြန်အလှန် လက်ဆောင်ပေးဖူးသူထံမှ လက်ဆောင်ကို လက်ခံခြင်းသည် ခွင့်ပြုထားပေသည်။ အဗ်နုဟဂျ်ရ်က ဆိုသည်မှာ - ဤခွင့်ပြုချက်သည် ယခင်ကထက် ပိုများသော လက်
  12. ဆောင် မဟုတ်ဘဲ၊ ယခင်အလေ့
  13. အထအတိုင်းသာ ရှိသည့်အခါမှသာ ဖြစ်ကြောင်းကို ဆိုလိုကြောင်း ထင်ရှား ပေါ်လွင်
  14. သည်။
  15. နဗီတမန်တော်၏ ဆုံးမဩဝါဒပေးနည်းမှာ လူခပ်သိမ်း သိရှိအောင် ပြောဆိုခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ ထိခိုက်အောင် ဖော်ထုတ်ပြောဆိုခြင်း မဟုတ်ပါ။
  16. အိဗ်နုဟဂျရ်က ဆိုသည်မှာ - ဤဟဒီးဆ်တွင် အမာနသ်လွဲအပ်ခံရသူအား စစ်ဆေးမေးမြန်းခွင့်ရှိကြောင်း ပါရှိသည်။
  17. အိဗ်နုဟဂျရ်က ဆိုသည်မှာ - ၎င်းတွင်အမှားပြုလုပ်သူအား ပြစ်တင်ကြိမ်းမောင်းခြင်း၏ ခွင့်ပြုချက်လည်း ပါရှိသည်။
  18. ဒုအာတောင်းရာ၌ လက်နှစ်ဖက်ကို မြှောက်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (35)