عَنْ أَبِي حُمَيْدٍ السَّاعِدِيِّ رَضيَ اللهُ عنه قَالَ:
اسْتَعْمَلَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَجُلًا عَلَى صَدَقَاتِ بَنِي سُلَيْمٍ، يُدْعَى ابْنَ اللُّتْبِيَّةِ، فَلَمَّا جَاءَ حَاسَبَهُ، قَالَ: هَذَا مَالُكُمْ وَهَذَا هَدِيَّةٌ. فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «فَهَلَّا جَلَسْتَ فِي بَيْتِ أَبِيكَ وَأُمِّكَ، حَتَّى تَأْتِيَكَ هَدِيَّتُكَ إِنْ كُنْتَ صَادِقًا» ثُمَّ خَطَبَنَا، فَحَمِدَ اللَّهَ وَأَثْنَى عَلَيْهِ، ثُمَّ قَالَ: «أَمَّا بَعْدُ، فَإِنِّي أَسْتَعْمِلُ الرَّجُلَ مِنْكُمْ عَلَى العَمَلِ مِمَّا وَلَّانِي اللَّهُ، فَيَأْتِي فَيَقُولُ: هَذَا مَالُكُمْ وَهَذَا هَدِيَّةٌ أُهْدِيَتْ لِي، أَفَلاَ جَلَسَ فِي بَيْتِ أَبِيهِ وَأُمِّهِ حَتَّى تَأْتِيَهُ هَدِيَّتُهُ، وَاللَّهِ لاَ يَأْخُذُ أَحَدٌ مِنْكُمْ شَيْئًا بِغَيْرِ حَقِّهِ إِلَّا لَقِيَ اللَّهَ يَحْمِلُهُ يَوْمَ القِيَامَةِ، فَلَأَعْرِفَنَّ أَحَدًا مِنْكُمْ لَقِيَ اللَّهَ يَحْمِلُ بَعِيرًا لَهُ رُغَاءٌ، أَوْ بَقَرَةً لَهَا خُوَارٌ، أَوْ شَاةً تَيْعَرُ» ثُمَّ رَفَعَ يَدَهُ حَتَّى رُئِيَ بَيَاضُ إِبْطِهِ، يَقُولُ: «اللَّهُمَّ هَلْ بَلَّغْتُ» بَصْرَ عَيْنِي وَسَمْعَ أُذُنِي.
المزيد
အဘူဟုမိုင်ဒ် အတ်စ်စာအီဒီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် စူလိုင်မ်မျိုးနွယ်ရဲ့ ဇကားသ်များကို ကောက်ခံရန် အိဗ်နုလ်လုသ်ဗီယဟ် ဟုခေါ်သော လူတစ်ဦးအား ခန့်အပ်တာဝန်ပေးခဲ့သည်။ သူပြန်ရောက်လာသောအခါ ကိုယ်တော်က သူ့အား စာရင်းအင်းစစ်ဆေးတော်မူခဲ့၏။ ထိုအခါ ၎င်းက ဤသို့ပြောသည် - “ဤသည်မှာ အသင်(တမန်တော်တို့) ၏ဥစ္စာပစ္စည်းများ (ဇကာသ်) ဖြစ်၍ ဤသည်ကား (ကျွန်တော်မျိုးအား ပေးအပ်သော) လက်ဆောင်ဖြစ်ပါသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က - “"အကယ်၍ သင်သည် မှန်ကန်သူဖြစ်လျှင် သင့်အား သီးသန့်ပေးအပ်သော လက်ဆောင်များ ရောက်လာသည့်တိုင် သင်၏မိဘများ အိမ်၌ပင် ထိုင်နေခဲ့သင့်သည် မဟုတ်လော" ဟု မိန့်ကြားခဲ့သည်။ ထို့နောက် ကျွန်ုပ်တို့အား မိန့်ခွန်းပြောကြားတော်မူရာ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီးနောက် ဤသို့မိန့်ကြားတော်မူသည်- “အမှန်စင်စစ်၊ ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးဦးအား အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော်အား ပေးအပ်တော်မူသော တာဝန်တစ်ရပ်ကို ထမ်းဆောင်ရန် ခန့်အပ်သည့်အခါ ထိုသူသည် ပြန်လာပြီး ‘ဤသည်ကား အသင်တို့၏
ဥစ္စာပစ္စည်းဖြစ်၍ ဤသည်ကား ကျွန်ုပ်အား လက်ဆောင်အဖြစ် ပေးအပ်ခြင်းခံရသော ပစ္စည်းဖြစ်ပါသည်’ ဟု ပြောဆိုတတ်ကြသည်။ သို့ဖြစ်လျှင် သူသည် သူ့ထံ(သီးသန့်ပေးအပ်သော ) လက်ဆောင် ရောက်လာသည့်တိုင် သူ၏မိဘများ အိမ်၌ပင် ထိုင်နေခဲ့သင့်သည် မဟုတ်လော။ အလ္လာဟ်အရှင်မြတ်အား ကစမ်ကျိန်ဆို၍
ပြောမည်၊ အသင်တို့အနက်မှ မည်သူမဆို မိမိ၏အခွင့်အရေးမဟုတ်သည်ကို ယူငင်လျှင် ကိယာမသ်(ရှင်ပြန်ထမည့်နေ့) တွင် ထိုယူခဲ့သည့် ဥစ္စာပစ္စည်းကို သယ်ဆောင်လျက် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရလိမ့်မည်။ သို့ဖြစ်ရာ အသင်တို့အနက် တစ်ဦးဦးသည် အော်မြည်နေသော ကုလားအုတ်၊ ညည်းတွားနေသော နွား သို့မဟုတ် မြည်တွန်သံပြုသော သိုးကို သယ်ဆောင်လျက် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံလျှင် မုချ ငါကိုယ်တော် (၎င်းအား) သိပေလိမ့်မည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် မိမိ၏ဖြူဖွေးနေတော်မူသည့် ချိုင်းကို ထင်ရှားစွာမြင်တွေ့ရသည်အထိ လက်ကို မြှောက်တင်လျှက် - “အိုအလ္လာဟ်အရှင်မြတ်၊ (အရှင်မြတ် ကျွန်တော်မျိုးအား အပ်နှင်းတော်မူသော တာဝန်များကို) ကျွန်တော်မျိုး ပို့ချခဲ့ပြီးဖြစ်ပါသည် ဟု မိန့်ကြားတော်မူခဲ့သည်။ (အဘူဟုမိုင်ဒ် အတ်စ်စာအီဒီ (ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ ဤအကြောင်းအရာကို) ကျွန်တော်မျိုး မိမိ၏မျက်စိဖြင့်မြင်၍ နားဖြင့်ကြားခဲ့ခြင်း ဖြစ်ပါသည်။