عن أبي هريرة رضي الله عنه مرفوعاً: «أكمل المؤمنين إيمانا أحسنهم خلقا، وخياركم خياركم لنسائهم».
[حسن] - [رواه أبو داود والترمذي والدارمي وأحمد]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ မိမိဇနီးမယားအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ - သိရ်မိဇီကျမ်း။

ရှင်းလင်းချက်

မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အဆင့်အတန်း အမြင့်မားဆုံးသူမှာကိုယ်ကျင့်တရားအကောင်းဆုံး သူပင်ဖြစ်ပြီး၊ လူတို့အနက် ကောင်းမွန်စွာဆက်ဆံရန် အထိုက်တန်ဆုံးသူမှာ ဇနီးမယားပင်ဖြစ်သည်။ သို့သာမက မိမိ၏ဇနီးမယားနှင့် ကောင်းမွန်စွာဆက်ဆံသူသာလျှင် လူတို့အနက် အကောင်းဆုံးကိုယ်ကျင့်တရားရှိသူဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အီမာန် သက်ဝင်ယုံကြည်မှုနှင့် အကျင့်စာရိတ္တကောင်းမွန်ခြင်းတို့ကြား ပတ်သက်ဆက်နွယ်မှုရှိ၏။
  2. အစ္စလာမ် သာသနာတော်၌ ကောင်းမြတ်သည့် ကိုယ်ကျင့်တရား၏ မြင့်မြတ်မှုကို တင်ပြထားသည်။
  3. အီမာန်သည် အဆင့်အတန်းအားဖြင့် ကွဲပြားမှုရှိသည်။ အီမာန်သည် အတိုး၊အလျော့ရှိပြီး တသတ်မှတ်တည်း မဟုတ်ပေ။
ထပ်၍