ဟဒီးဆ်တော်များစာရင်း

မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ မိမိဇနီးမယားအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
အသင်တို့ လိုက်နာဖြည့်ဆည်းရန် အထိုက်တန်ဆုံး စည်းကမ်းချက်မှာ ကိုယ်လက်နှီးနှောခွင့် တရားဝင်စေရန်အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်ပင်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟု အလိုင်းဟိဝစလ္လမ်)က ခွသ်ဗသွလ်ဟာဂျဟ် (တစ်စုံတစ်ရာ ပြောကြားရန် လိုအပ်သည့်အခါ ဟောကြားရသည့် ခွသ်ဗဟ်)ကို ကျွန်တော်တို့အား သင်ကြားပေးခဲ့သည်။ ၎င်းမှာ - ဧကန်အမှန်ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံပါသည်။ အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါသည်။ ကျွန်တော်မျိုးတို့သည် မိမိတို့၏ မကောင်းမှုများမှ အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါသည်။
عربي အင်္ဂလိပ် ပြင်သစ်
အုပ်ထိန်းသူမပါဘဲ နိကာဟ်ထိမ်းမြားမှု အထမြောက်မည်မဟုတ်ပေ။
عربي အင်္ဂလိပ် ပြင်သစ်