عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ كَانَتْ لَهُ امْرَأَتَانِ فَمَالَ إِلَى إِحْدَاهُمَا، جَاءَ يَوْمَ الْقِيَامَةِ وَشِقُّهُ مَائِلٌ».

[صحيح] - [رواه أبو داود والترمذي والنسائي وابن ماجه وأحمد] - [سنن أبي داود: 2133]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အကြင်သူ၌ ဇနီးနှစ်ဦးရှိပြီး ၎င်းသည် (သူ၏ မျှတမှုသည်) တစ်ဦးတည်းဘက်သို့ ယိမ်းညွှတ်သွားပါက ကိယာမသ်နေ့တွင် ကိုယ်ခန္ဓာတစ်ခြမ်း စောင်းနေသောအခြေအနေဖြင့် ရောက်ရှိလာလိမ့်မည်။"

[صحيح] - [رواه أبو داود والترمذي والنسائي وابن ماجه وأحمد] - [سنن أبي داود - 2133]

ရှင်းလင်းချက်

နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားခဲ့သည်မှာ - မည်သူမဆို တစ်ဦးထက်ပိုသော ဇနီးများရှိပြီး ၎င်းတို့အကြား ငွေကြေးသုံးစွဲမှု၊ နေအိမ်၊ အဝတ်အစားနှင့် ညအတူနေထိုင်ခြင်းစသည့် လက်တွေ့ကျသော ကိစ္စရပ်များတွင် ဖြစ်နိုင်သမျှတရားမျှတမှုကို မဆောင်ရွက်ပါက ကိယာမသ်နေ့တွင် ၎င်း၏ကိုယ်ခန္ဓာတစ်ခြမ်းမှာ စောင်းနေမည်ဖြစ်ပြီး၊ ဤသည်မှာ လောကီဘဝ၌ (ဇနီးများကြား ဆက်ဆံရာတွင်) မညီမျှမှုပြုခဲ့သည့် အတွက် အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ ဇနီးနှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပို ရှိပါက ၎င်းတို့ကြား မျှတမှုဖြင့် (အခွင့်အရေးများ) ခွဲဝေပေးရန် လင်ယောက်ျားအပေါ် တာဝန်ရှိသည်။ အခြားဇနီးများကို စွန့်လွှတ်ပြီး တစ်ဦးတည်းဘက်သို့ ယိမ်းညွှတ်ခြင်းသည် ဟရာမ်ဖြစ်သည်။ ထိုသို့သော ယိမ်းညွှတ်မှုသည် ၎င်းတတ်စွမ်းနိုင်သော ကိစ္စရပ်များဖြစ်သည့် ငွေကြေးသုံးစွဲမှု၊ ညအတူ‌ကုန်ဆုံးမှု၊ ကောင်းမွန်စွာ ဆက်ဆံခြင်း စသည်တို့တွင် ဖြစ်သည်။
  2. ၂။ လူတစ်ဦး လုပ်နိုင်စွမ်းရှိသည့် ရက်စဉ်အလှည့်ကျနေထိုင်ခြင်း စသည့်ကိစ္စရပ်များတွင် (ဇနီးများကြား) တန်းတူညီမျှစွာ ပြုလုပ်ရန် အရေးကြီးသည်။ ချစ်ခြင်းမေတ္တာနှင့် နှလုံးသား၏ ယိမ်းညွှတ်မှုကဲ့သို့သော အရာများသည် လူသား၏ ထိန်းချုပ်နိုင်စွမ်းအတွင်း မရှိသောကြောင့် ဤဟဒီးဆ်တွင် (ဖော်ပြထားသောပြစ်ဒဏ်တွင်) မပါဝင်ပါ။ ဤသည်ပင်လျှင် အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်တွင်လာရှိသည့် - "ထို့ပြင် အကယ်၍ အသင်တို့သည် (မည်မျှပင် တရားမျှတရန်) ဆန္ဒထားကြလျှင်လည်း အသင်တို့သည် ဇနီးမိန်းမများ၏ ကြားတွင် (ဘက်ပေါင်းစုံမှ) တရားမျှတအောင်မူ လုံးဝ ပြုနိုင်ကြမည်မဟုတ်ပေ။" (ဆူရာဟ်နိဆာအ် ၄:၁၂၉) ဟူသော အာယသ်တော်၏ အလိုသဘော ဖြစ်သည်။
  3. ၃။ အကျိုးဆက်သည် ပြုမူခဲ့သည့်အရာ၏ အမျိုးအစားနှင့်အညီ ဖြစ်ပေါ်လာသည် - လောကီဘဝတွင် ဇနီးတစ်ဦးထံ ယိမ်းညွှတ်ခဲ့သူသည် ကိယာမသ်နေ့တွင် ၎င်း၏ကိုယ်ခန္ဓာမှာ တစ်ခြမ်းစောင်းနေသောအခြေအနေဖြင့် ရောက်ရှိလာလိမ့်မည်။
  4. ၄။ ဟူကူကွလ်အိဗာဒ် (လူသားတို့ကြား ရှိသည့် ဝတ္တရားများ) ကို အလွန်ကြီးကျယ်မြင့်မြတ်ကြောင်း ဖော်ပြထားပြီး ၎င်းတို့ကို (ပျက်ကွက်ခြင်းသည်) ခွင့်လွှတ်ခြင်းခံရမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤဝတ္တရားများသည် အလွန်တွန့်တိုစေးနှဲမှုနှင့် ချို့တဲ့စွာ ပေးဆပ်ခြင်းပေါ်တွင် အခြေခံသောကြောင့်ဖြစ်သည်။
  5. ၅။ လင်ယောက်ျားအနေဖြင့် မိမိဇနီးများကြား မျှတမှု မပြုနိုင်မည်ကို စိုးရိမ်ပါက ဇနီးတစ်ဦးတည်းဖြင့်ရောင့်ရဲခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ အကြောင်းမှာ သာသနာ့ကိစ္စရပ်တွင် ပျက်ကွက်မှု မဖြစ်စေရန်အတွက် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည် - "ထို့နောက် အကယ်၍ အသင်တို့သည် (မိန်းမ တစ်ဦးထက်ပို၍ ထိမ်းမြားရာ၌) တရားမမျှတနိုင်မည်ကို စိုးရိမ်ရလျှင် (ဇနီးမိန်းမ) တစ်ဦးတည်းနှင့်သာ (နေရမည်)။" (ဆူရာဟ်နိဆာအ် ၄:၃)
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإندونيسية ထပ်၍ (45)
ထပ်၍