عَنْ مُعَاوِيَةَ الْقُشَيْرِيِّ رضي الله عنه قَالَ:
قُلْتُ: يَا رَسُولَ اللَّهِ، مَا حَقُّ زَوْجَةِ أَحَدِنَا عَلَيْهِ؟، قَالَ: «أَنْ تُطْعِمَهَا إِذَا طَعِمْتَ، وَتَكْسُوَهَا إِذَا اكْتَسَيْتَ، أَوِ اكْتَسَبْتَ، وَلَا تَضْرِبِ الْوَجْهَ، وَلَا تُقَبِّحْ، وَلَا تَهْجُرْ إِلَّا فِي الْبَيْتِ»

[حسن] - [رواه أبو داود وابن ماجه وأحمد] - [سنن أبي داود: 2142]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မုအာဝိယဟ် ကုရှိုင်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြသည်မှာ -
ကျွန်ုပ်က‌ လျှောက်ထားမေးမြန်းခဲ့သည်မှာ - အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးဦးအပေါ်၌ ၎င်း၏ဇနီးမိန်းမနှင့် ပတ်သတ်၍ မည်သည့်ဝတ္တရားရှိပါသနည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်-"အသင် စားသောက်သည့်အခါ သူမကိုလည်း ကျွေးမွေးရမည်။ အသင် ဝတ်ဆင်သည့်အခါ သို့မဟုတ် အသင်သည် ဝင်ငွေရလာသည့်အခါ သူမကိုလည်း ဝတ်ဆင်ပေးရမည် မျက်နှာကို ရိုက်နှက်ခြင်း မပြုရ။ ရင့်သီးကြမ်းတမ်းခြင်း မပြုရ။ အိမ်တွင်း၌သာ (အပြစ်အနာအဆာ ပြုပြင်ရန်) ခွဲခွာ၍နေထိုင်ခြင်း ပြုရမည်။"

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [رواه أبو داود وابن ماجه وأحمد] - [سنن أبي داود - 2142]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ခင်ပွန်းအပေါ်၌ ရှိသော ဇနီးမိန်းမ၏ အခွင့်အရေးနှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့ရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အချက်အလက်များကို ဖော်ပြခဲ့ပြီး ၎င်းတို့ထဲမှအချို့မှာ-
၁။ သူမအတွက်မပါဘဲ မိမိအတွက်သာ အစားအစာကို သီးသန့်မပြုလုပ်ရ။ အသင်စားသောက်သည့်အခါတိုင်း သူမကိုလည်း ကျွေးမွေးရမည်။
၂။ သူမအတွက်မပါဘဲ မိမိအတွက်သာ အဝတ်အ ထည်များကို သီးသန့်မပြုလုပ်ရ။ အသင်ဝတ်ဆင်‌သောအခါ၊ ဝင်ငွေရှိသောအခါ၊ တတ်စွမ်းနိုင်သောအခါ သူမကိုလည်း ဝတ်စားဆင်ယင်ပေးရမည်။
၃။ အကြောင်း တရားနှင့် လိုအပ် ချက်မရှိဘဲ ရိုက်နှက်ခြင်း မပြုရ။ အကယ်၍ ဆုံးမခြင်း သို့မဟုတ် ဖရဿ်ွတာဝန်အချို့ကို စွန့်လွှတ်သည့်အတွက် ရိုက်နှက်ရန် လိုအပ်ပါက၊ မပြင်းထန်သော ရိုက်နှက်ခြင်းသာ ဖြစ်ရမည်။ မျက်နှာကို ရိုက်နှက်ခြင်း မပြုရ၊ အဘယ်ကြောင့်ဆိုသော် မျက်နှာသည် အရေးပါဆုံးနှင့် အထင်ရှားဆုံးသော အစိတ် အပိုင်းဖြစ်ပြီး၊ မြင့်မြတ်သော အစိတ်အပိုင်းများနှင့် နုနယ်သော အစိတ်အပိုင်းများပါဝင်သော ကြောင့်ဖြစ်သည်။
၄။ ဆဲဆိုကြိမ်းမောင်းခြင်း မပြုရ။ "အလ္လာဟ်အရှင်မြတ် အသင်မ၏မျက်နှာကို အကျည်းတန်စေတော်မူပါစေ" စသည်ဖြင့် မပြောရ။ မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်၏အချို့သောအစိတ်အပိုင်းများကို အကျည်းတန်စေရန် ဆန္ဒပြုသော မည်သည့်စကားမျိုးကိုမျှ မပြောရ။ အဘယ်ကြောင့်ဆိုသော် လူသား၏ခန္ဓာကိုယ်နှင့် မျက်နှာကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းတော်မူပြီး ကောင်းမွန်လှပသော ပုံပန်းသဏ္ဌာန်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ အကယ်၍ ဖန်ဆင်းထားသည့်ပုံကို ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းသည် ဖန်ဆင်းရှင်အား ပြစ်တင်ရှုတ်ချခြင်းပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ကို ကာကွယ်စောင်မတော်မူပါစေ။ယင်းသည် ဖန်ဆင်းရှင် (အလ္လာဟ်အရှင်မြတ်) ထံသို့ ပြန်ရောက်သွားမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့် တောင်းခံပါ၏။
၅။သူမနှင့်ခွဲခွာရန် မဖြစ်မနေလိုအပ်ပါက အိပ်ရာခွဲခြင်းသာ ပြုလုပ်ရမည်။ သူမကိုစွန့်ခွာပြီး အခြားအိမ်သို့ မသွားရ၊ သူမကိုလည်း အခြားအိမ်သို့ မပို့ရ။ အဘယ် ကြောင့်ဆိုသော် လင်နှင့်မယားကြား ဤကဲ့သို့သော ဆက်ဆံရေးပြတ်တောက်မှုမျိုး ဖြစ်တတ်သောကြောင့်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွဟာဗဟ်သာဝကကြီးများသည် အခြားသူများအပေါ် မိမိတို့၏တာဝန်ဝတ္တရားများနှင့် မိမိတို့အပေါ် အခြားသူများ၏တာဝန်ဝတ္တရားများကို သိရှိရန် ကြိုးပမ်းအားထုတ်ကြသည်။
  2. ဇနီးအတွက် ခင်ပွန်း၏တာဝန်မှာ စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် နေထိုင်ရာနေရာ ထောက်ပံ့ပေးရန် ဖြစ်သည်။
  3. စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ နှစ်မျိုးစလုံးဖြင့် ရင့်သီးကြမ်းတမ်းခြင်းကို တားမြစ်ထားသည်။
  4. တားမြစ်ထားသော ရင့်သီးကြမ်းတမ်းမှုတစ်ခုမှာ သင်သည် "ယုတ်ညံ့သောမျိုးနွယ် သို့မဟုတ် ယုတ်ညံ့သောမိသားစုမှ ဆင်းသက်လာသူဖြစ်သည်" စသည်ဖြင့် ပြောဆိုခြင်း ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ထပ်၍ (44)
ထပ်၍