عَنْ إِيَاسِ بْنِ عَبْدِ اللَّهِ بْنِ أَبِي ذُبَابٍ رَضيَ اللهُ عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَا تَضْرِبُوا إِمَاءَ اللَّهِ» فَجَاءَ عُمَرُ إِلَى رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: ذَئِرْنَ النِّسَاءُ عَلَى أَزْوَاجِهِنَّ، فَرَخَّصَ فِي ضَرْبِهِنَّ، فَأَطَافَ بِآلِ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ نِسَاءٌ كَثِيرٌ يَشْكُونَ أَزْوَاجَهُنَّ، فَقَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَقَدْ طَافَ بِآلِ مُحَمَّدٍ نِسَاءٌ كَثِيرٌ يَشْكُونَ أَزْوَاجَهُنَّ، لَيْسَ أُولَئِكَ بِخِيَارِكُمْ».
المزيد
အိယားစ် ဗင်န် အဗ်ဒုလ္လာဟ် ဗင်န် အဘူဇုဗာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်;ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်၏ ကျွန်မများ (အမျိုးသမီး)
တို့အား အသင်တို့ရိုက်နှက်ခြင်း မပြုကြနှင့်။ ထို့နောက် အုမရ်(ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ ရောက်လာပြီး " အမျိုးသမီးတို့သည် ၎င်းတို့၏ လင်ယောက်ကျားများအပေါ် အတင့်ရဲ ( ရိုင်းပြ ) လာကြပါသည်" ဟု လျှောက်ထားခဲ့သည်။ ထို့ကြောင့် တမန်တော်မြတ်သည် ထိုအမျိုးသမီးများအား (အလွန်အမင်းမဟုတ်သည့်ပုံစံဖြင့်) ရိုက်နှက်ခွင့် ပြုခဲ့သည်။ ထိုအခါ တမန်တော်မြတ်၏ ဇနီးသည်များထံတွင် အမျိုးသမီးအများအပြား သည် ၎င်းတို့၏ လင်ယောက်ကျားများအကြောင်း တိုင်ကြားလျှောက်ထားရန် ဝိုင်းရံလာခဲ့ကြသည်။ ထိုအခါ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- "မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဇနီးသည်များအနားတွင် အမျိုးသမီးအများအပြားသည် ၎င်းတို့၏ လင်ယောက်ကျားများအကြောင်း တိုင်ကြားလျှောက်ထားရန် ဝိုင်းရံလာခဲ့ကြသည်။ ထိုကဲ့သို့ (ဇနီးများကို ရိုက်နှက်သော) သူတို့သည် အသင်တို့ထဲတွင် အကောင်းဆုံးသူများ မဟုတ်ကြပေ။