عن أسامة بن زيد رضي الله عنهما عن النبي صلى الله عليه وسلم قال:
«مَا تَرَكْتُ بَعْدِي فِتْنَةً أَضَرَّ عَلَى الرِّجَالِ مِنَ النِّسَاءِ».

[صحيح] - [متفق عليه] - [صحيح البخاري: 5096]
المزيــد ...

အုစာမဟ်ဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ငါကိုယ်တော်၏နောက်တွင် ငါကိုယ်တော်သည် အမျိုးသားတို့အပေါ် အမျိုးသမီးတို့ထက် ပိုပြီး အန္တရာယ်ကြီးသည့် ဖိသ်နဟ်ကို ချန်မထားခဲ့ပါ။

[صحيح] - [متفق عليه] - [صحيح البخاري - 5096]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိ၏နောက်တွင် အမျိုးသားတို့အပေါ် အမျိုးသမီးများထက် ပို၍အန္တရာယ်ကြီးမားသောစမ်းသပ်မှုကို မချန်ထားခဲ့ကြောင်း မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ အမျိုးသမီးသည် ၎င်း၏မိသားစုဝင်ထဲမှဖြစ်ပါက ရှရီအဟ်အမိန့်ပညတ်ချက် ချိုးဖောက်မှုတွင် သူမ၏နောက်ဆက်တွဲအနေဖြင့် ကျူးလွန်နိုင်သည်။ အကယ်၍ သူစိမ်းအမျိုးသမီးဖြစ်ပါက သူမနှင့်ရောနှောခြင်း၊ နှစ်ကိုယ်တည်းတွေ့ဆုံခြင်းတို့ကြောင့် မကောင်းမှုများဖြစ်ပေါ်လာနိုင်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်တိုင်းသည် အမျိုးသမီး၏ ‘ဖိသ်နဟ်’ ပြသနာမှ သတိထားရှောင်ကြဉ်ရမည်။ ထို့ပြင် ယင်းသို့ ရောက်ရှိစေမည့် လမ်းတိုင်းကို ပိတ်ပင်တားဆီးရမည်။
  2. မုအ်မင်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံကျင့်သုံးပြီး ဖိသ်နာများမှ ကင်းဝေးရန် အရှင်မြတ်ထံ ‌မျှော်လင့်ချက်ထားကာ တောင်းခံရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (63)
ထပ်၍