عن أنس بن مالك رضي الله عنه عن النبي صلى الله عليه وسلم قال:
«يَسِّرُوا وَلَا تُعَسِّرُوا، وَبَشِّرُوا وَلَا تُنَفِّرُوا».
[صحيح] - [متفق عليه] - [صحيح البخاري: 69]
المزيــد ...
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှ) ဝေးကွာအောင် မလုပ်ကြနှင့်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 69]
လောကီရေး သာသနာရေး ကိစ္စတိုင်းအား လူတို့အပေါ် လွယ်ကူသက်သာစေရန်နှင့် ခက်ခဲအောင်မပြုလုပ်ကြရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ သို့သော် ဤကိစ္စကို အလ္လာဟ်အရှင်မြတ် ခွင့်ပြုထားသော တရားတော်ဘောင်အတွင်းမှသာ ဆောင်ရွက်ရမည်။
လူတို့အား ကောင်းမြတ်သည့် သတင်းကောင်းများကိုပေးရန်နှင့် ကောင်းမှုများမှ ဝေးကွာအောင် မပြုလုပ်ရန် တိုက်တွန်းထားသည်။