عَنْ عَبْدِ اللَّهِ بنِ عُمرَ رَضِيَ اللَّهُ عَنْهُما أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«كُلُّكُمْ رَاعٍ فَمَسْئُولٌ عَنْ رَعِيَّتِهِ، فَالأَمِيرُ الَّذِي عَلَى النَّاسِ رَاعٍ وَهُوَ مَسْئُولٌ عَنْهُمْ، وَالرَّجُلُ رَاعٍ عَلَى أَهْلِ بَيْتِهِ وَهُوَ مَسْئُولٌ عَنْهُمْ، وَالمَرْأَةُ رَاعِيَةٌ عَلَى بَيْتِ بَعْلِهَا وَوَلَدِهِ وَهِيَ مَسْئُولَةٌ عَنْهُمْ، وَالعَبْدُ رَاعٍ عَلَى مَالِ سَيِّدِهِ وَهُوَ مَسْئُولٌ عَنْهُ، أَلاَ فَكُلُّكُمْ رَاعٍ وَكُلُّكُمْ مَسْئُولٌ عَنْ رَعِيَّتِهِ».
المزيد
အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး၊ မိမိ၏ လက်အောက် ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံကြရမည် ဖြစ်သည်။ လူတို့အား အုပ်ချုပ်သည့် ခေါင်းဆောင်သည် အုပ်ထိန်းသူဖြစ်ပြီး မိမိ၏ လက်အောက်ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံရမည်။ အမျိုးသားသည် မိမိ၏ မိသားစုအပေါ်အုပ်ထိန်းသူဖြစ်ပြီး၊ ၎င်းတို့နှင့်ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ ဇနီးသည် မိမိခင်ပွန်း၏ အိမ်နှင့် သားသမီးများ၏ အုပ်ထိန်းသူဖြစ်ပြီး၊ ၎င်းတို့နှင့် ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ ကျွန်သည် မိမိသခင်၏ ဥစ္စာပစ္စည်းကို အုပ်ထိန်းသူဖြစ်ပြီး၊ ယင်းဥစ္စာပစ္စည်းနှင့် ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ သတိပြုကြလေကုန်၊ သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြသည်။ မိမိ၏လက်အောက် ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံကြရမည် ဖြစ်သည်။