ဟဒီးဆ်တော်များစာရင်း

သာသနာဟူသည် “ကောင်းကျိုးလိုလားခြင်းဖြစ်သည်”
عربي الإنجليزية الأوردية
“ငါသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေစွာဖြင့် နေထိုင်ကြရန်နှင့်(အုပ်ချုပ်သူများ၏ အမိန့်ကို ) နာခံလိုက်နာကြရန် ဆုံးမညွှန်ကြားပါသည်။ ထိုအုပ်ချုပ်သူသည် ဟဗရှီကျွန်တစ်ဦးဖြစ်စေကာမူ (နာခံလိုက်နာကြလော့)။ ငါကိုယ်တော် ၏နောက်တွင် သင်တို့သည် အလွန်များပြားလှစွာသော ကွဲလွဲမှုဒွိဟများကို တွေ့မြင်ကြရလိမ့်မည်။ သို့ဖြစ်ရာ သင်တို့သည် ငါကိုယ်တော်၏ စွန္နသ်လမ်းစဉ်နှင့် ခုလဖာအိရာရှီဒီးန်(ဖြောင့်မတ်မှန်ကန်သော ခေါင်းဆောင်ခလီဖဟ်ကြီးများ)၏ စွန္နသ် ( စံနမူနာ )လမ်းစဉ်ကို ခိုင်မြဲစွာ ကိုင်စွဲထားကြလော့
عربي الإنجليزية الأوردية
ကျွန်ုပ်တို့သည် ခက်ခဲသည့်အခါတွင်ဖြစ်စေ၊ လွယ်ကူသည့်အခါတွင်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ ကျွန်ုပ်တို့ထက်ပိုပြီးဦးစားပေးခံရသည်ဖြစ်စေ
عربي الإنجليزية الأوردية
အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ ကောင်းသောလုပ်ရပ်များကို) လက်ခံပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်အား) ငြင်းပယ်ပါက ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ယင်းမကောင်းသောလုပ်ရပ်များကို ကျေနပ်နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် (အပြစ်ထိုက်မည်)ဖြစ်သည်။
عربي الإنجليزية الأوردية
ကျေးကျွန်တစ်ဦး နာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ခရီးထွက်သည့်အခါတွင် ၎င်းသူ မိမိ၏ဒေသ၌ ကျန်းမာသန်စွမ်းစဉ် ကျင့်ဆောင်ခဲ့သည့်အတိုင်း အကျိုးကုသိုလ်ရေးမှတ်ခြင်းခံရမည်။
عربي الإنجليزية الأوردية
အသင်တို့သည် အာယသ်တော်တစ်ခုမျှပင်ဖြစ်စေ ငါကိုယ်တော်ထံမှ ကြားသိခဲ့ရသည်တို့ကို ပို့ချကြပါ။ အစ္စရာအီလ်မျိုးနွယ်ထံမှ ကြားသိရသည်တို့ကိုလည်း ဆင့်ပြန်ပြောကြလေကုန် (ထိုသို့ပြောကြားခြင်းသည်) အပြစ်တစ်စုံတစ်ရာမရှိပေ။ ထို့ပြင် အကြင်သူသည် ငါကိုယ်တော့်အပေါ် သိလျက်နှင့်တမင်လိမ်လည်ပြောဆိုခဲ့လျှင် သူသည် မိမိနေထိုင်ရမည့်နေရာအား ငရဲမီးတွင် သတ်မှတ်လိုက်ပါ။
عربي الإنجليزية الأوردية
သာသနာဟူသည် “ကောင်းကျိုးလိုလားခြင်းဖြစ်သည်”
عربي الإنجليزية الأوردية
အို အလ္လာဟ်အရှင်မြတ် အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် ခက်ခဲအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း ခက်ခဲစေတော်မူပါ။ အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် လွယ်ကူအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း လွယ်ကူစေတော်မူပါ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် လူတစ်ဦးအား အုပ်စုတစ်စုကို ခေါင်းဆောင်ရန် ခန့်အပ်ထားရာ ထိုသူသည် ၎င်းတို့ကို လိမ်လည်လှည့်စားကာ ကွယ်လွန်ချိန်ဆိုက်ရောက်သဖြင့် ကွယ်လွန်သွားလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ဂျန္နသ်သုခဘုံကို ဟရာမ်ပြုတော်မူမည် ဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို (မိမိခေါင်းဆောင်၏) အမိန့်နာခံမှုကို စွန့်လွှတ်ကာ မွတ်စ်လင်မ်တို့၏ ဂျမာအသ်မှ ခွဲထွက်ပြီး သေဆုံးခဲ့ပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၏သေခြင်းမျိုးဖြင့် သေဆုံးခြင်းဖြစ်သည်။
عربي الإنجليزية الأوردية
အသင်တို့၏ကိစ္စအဝဝသည် ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် တညီတညွတ်တည်းရှိနေသည့်အခါတွင် တစ်ဦးတစ်ယောက်က အသင်တို့၏ စုစည်းညီညွတ်မှုအား ပြိုကွဲစေရန်နှင့် အသင်တို့၏အုပ်စုအား အကွဲကွဲအပြားပြားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာပါက သင်တို့သည် ၎င်းသူအား သတ်ဖြတ်ကြလေကုန်။
عربي الإنجليزية الأوردية
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။
عربي الإنجليزية الأوردية
အကြီးမားဆုံးဂျိဟာဒ်(သက် စွန့်ကြိုးပမ်းအားထုတ်မှု)တစ်ခုမှာ မတရားသော အုပ်စိုးသူဘုရင်ထံ မှန်ကန်တရားမျှတသောစကားကို ပြောဆိုခြင်းဖြစ်သည်။
عربي الإنجليزية الأوردية
မကြာမီ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အသင်တို့မနှစ်မြို့သည့်အရာများ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ သာဝကတော်များက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော် ကျွန်တော်မျိုးတို့အား မည်သို့ အမိန့်ပေးပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့ကျေပွန်ရမည့်ဝတ္တရားများကို ကျေပွန်ကြကုန်။ အသင်တို့ ရရှိမည့်အရာများကို အလ္လာဟ်အရှင်မြတ်ထံတော်၌ တောင်းခံကြကုန်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏တရားတော်ကို ဆုပ်ကိုင်ပြီး အရှင်မြတ်၏သာသနာအပေါ် မြဲမြဲနေသူနှင့် အရှင်မြတ်၏တရားတော်ကို ဆန့်ကျင်ပြီး ပြစ်မှုဒုစရိုက်ထဲ ကျရောက်သွားသူ၏ ပမာသည် သင်္ဘောတစ်စင်းတွင် (စီးနင်းရမည့်နေရာကို) မဲနှိုက်ဆုံးဖြတ်ခဲ့ကြသောလူတစ်စုနှင့် ပမာတူသည်။ အချို့သည် သင်္ဘောအပေါ်ထပ်တွင် နေရာရခဲ့ကြပြီး အချို့သည် သင်္ဘောအောက်ထပ်တွင် နေရာရခဲ့ကြသည်
عربي الإنجليزية الأوردية
ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အို ကျွန်တော့်ဘကြီးတော် ‘လာအိလာဟ အိလ္လလ္လာဟ်’ဟူသည့် ကလိမဟ်တော်ကို ရွတ်ဆိုလိုက်ပါ။ ကျွန်တော်သည် ဘကြီးအတွက် ဤကလိမဟ်တော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အရေးဆိုလျှောက်ထားပေးတော်မူမည်ဟု ပြောကြားခဲ့သည်။
عربي الإنجليزية الأوردية
“ စင်စစ် လူတို့သည် မတရားပြုကျင့်သူကို တွေ့မြင်ကြသော်လည်း သူ့ကို (မတရားမှုမှ) မတားမြစ်ကြပါက အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးအပေါ် ပြစ်ဒဏ်ချမှတ်တော်မူရန် အလွန်နီးကပ်နေပြီဖြစ်သည်။
عربي الإنجليزية الأوردية
(ထိုအခါ) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သင်တို့သည် (အုပ်ချုပ်သူတို့၏ စကားကို) နားထောင်ကြလော့၊ ၎င်းတို့၏ အမိန့်ကို လိုက်နာကြလော့။ ဧကန်စင်စစ် ၎င်းတို့အပေါ်၌ ၎င်းတို့အားတာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိပြီး၊ သင်တို့အပေါ်၌လည်း သင်တို့အား တာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိကြသည်”ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
စင်စစ်သာသနာသည် လွယ်ကူပေသည်။ တစ်ဦးတစ်ယောက်သည် သာသနာအား(လုပ်နိုင်သည်ထက်ပို၍လုပ်ပြီး) ခက်ခဲအောင်ပြုလုပ်ပါက သာသာနာသည် သူ့ကိုလွှမ်းမိုးသွားပေမည်။ (ဆက်လုပ်နိုင်တော့မည်မဟုတ်ပေ။) ထို့ကြောင့် အသင်တို့သည် (ကျင့်ဆောင်ရာ၌လွန်ကျူးမှုနှင့်ပေါ့လျော့မှုမရှိဘဲ) အလယ်အလက်ကို ကျင့်ဆောင်ကြပါ။ အသင်တို့သည် (ခဝပ်မှု၌အပြည်ဝဆုံးကို ပြုကျင့်နိုင်ရန် မတတ်စွမ်းနိုင်ပါက) အနီးစပ်ဆုံးကို ကျင့်ဆောင်ကြပါ။
عربي الإنجليزية الأوردية
သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး၊ မိမိ၏ လက်အောက် ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံကြရမည် ဖြစ်သည်
عربي الإنجليزية الأوردية
အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ဝိညာဥ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ မကြာခင် အသင်တို့ထဲတွင် တရားမျှတစွာအုပ်ချုပ်မည့် မရ်ယမ်၏ သားတော် (အီစာ) ဆင်းသက်လာလိမ့်မည်။ ထိုအချိန်၌ သူသည်လက်ဝါးကပ်တိုင်ကို ချိုးဖျက်မည်။ ဝက်တိရစ္ဆာန်တွေကို သတ်ဖြတ်မည်။ အခွန်အခကို ဖျက်သိမ်းပစ်မည်။ (အလှူ) ငွေလက်ခံမည့်သူ တစ်ဦးမှမရှိတော့သည်အထိ ဥစ္စာပစ္စည်းများ ပေါများကြွယ်ဝလာလိမ့်မည်။
عربي الإنجليزية الأوردية
ကျွန်တော်သည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ် မျိုးနွယ်ဝင်တစ်ဦးလည်း ဖြစ်ပါသည်။
عربي الإنجليزية الأوردية
အို - လူသားအပေါင်းတို့ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် အမိုက်ခေတ်၏ မာန်မာနထောင်လွှားမှုနှင့် ၎င်းခေတ်၏ဘိုးဘေးတို့ဖြင့် ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းတို့အား အသင်တို့ထံမှဖယ်ရှားတော်မူလိုက်လေပြီ။
عربي الإنجليزية الأوردية
“ဧကန်စင်စစ်၊ များမကြာမီပင် မုသားပြောဆိုကြမည့်၊ ဖိနှိပ်ညှဉ်းပန်းကြမည့် အုပ်ချုပ်သူခေါင်းဆောင်များ ပေါ်လာလိမ့်မည်။ သို့ဖြစ်ပေရာ၊ မည်သူမဆို သူတို့၏ မုသားပြောဆိုမှုကို ထောက်ခံပြီး သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင် ကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် မသက်ဆိုင်တော့ပေ၊ ငါကိုယ်‌တော် လည်း ထိုသူနှင့် မသက်ဆိုင်တော့ပေ
عربي الإنجليزية الإندونيسية
သင်တို့ မတိုင်မီ ခေတ်ကာလ၌ ဘုရင်တစ်ပါးရှိခဲ့ပြီး၊ ထိုဘုရင့်ထံတွင် စာဟိရ်( ဂျာဒူ‌မှော်အတတ်ပညာတတ်ကျွမ်းသူ )တစ်ဦးရှိခဲ့သည်
عربي الإنجليزية الأوردية
( အန်စွာရီ ) အမျိုးသားတစ်ဦးရှိခဲ့သည်။ ၎င်းထက်ပို၍ ဗလီနှင့် အဝေးမှာနေတယ့် အခြားသူတစ်ဦးကို ကျွန်ုပ်မသိပါ။ သို့သော် ၎င်းသည် ဆွလာသ်တစ်ကြိမ်မှ ပျက်ကွ က်ခဲ့ခြင်းမရှိပေ
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်အား ကစမ်ကျိန်ဆို၍ ပြောမည်၊ အသင်တို့အနက်မှ မည်သူမဆို မိမိ၏အခွင့်အရေးမဟုတ်သည်ကို ယူငင်လျှင် ကိယာမသ်(ရှင်ပြန်ထမည့်နေ့) တွင် ထိုယူခဲ့သည့် ဥစ္စာပစ္စည်းကို သယ်ဆောင်လျက် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရလိမ့်မည်
عربي الإنجليزية الأوردية
“မီးဖြင့် ပြစ်ဒဏ်ပေးခြင်းသည် မီးကို ဖန်ဆင်းတော်မူသောအရှင် မြတ်အတွက်သာလျှင် သင့်တော်ပေသည်” ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
။ အသင်တို့သည် မိမိတို့စွမ်းဆောင်နိုင်သည့်အရာများကိုသာ ဆောင်ရွက်ကြလော့။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် (သင်တို့အား ဆုလာဘ်ချီးမြှင့်ရာတွင်) ငြီးငွေ့သွားတော်မူခြင်း မရှိပေ။ သို့ရာတွင် သင်တို့ကသာလျှင် (ကောင်းမှုကုသိုလ် ပြုလုပ်ရာတွင်) ငြီးငွေ့သွားကြပေသည်။
عربي الإنجليزية الأوردية
“ဧကန်စင်စစ် ဖိသ်နဟ်စမ်းသပ်မှုများ ပေါ်ပေါက်လိမ့်မည်။ သတိပြုကြလော့။ ထို့နောက် ဖိသ်နဟ်စမ်းသပ်မှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဖိသ်နဟ်စမ်းသပ်မှုဖြစ်‌ပေါ်နေစဉ် အတောအတွင်း၌ ထိုင်နေသူသည် လမ်းလျှောက်သွားလာသူထက် ပိုမိုကောင်းမွန်သည်။ လမ်းလျှောက်သွားလာသူသည် ထိုဖိသ်နဟ်စမ်းသပ်မှုဆီသို့ အပြေးအ လွှားသွားသူထက် ပိုမိုကောင်းမွန်သည်
عربي الإنجليزية الإندونيسية