عَنْ وَائِلٍ الْحَضْرَمِيِّ قَالَ: سَأَلَ سَلَمَةُ بْنُ يَزِيدَ الْجُعْفِيُّ رضي الله عنه رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ:
يَا نَبِيَّ اللهِ، أَرَأَيْتَ إِنْ قَامَتْ عَلَيْنَا أُمَرَاءُ يَسْأَلُونَا حَقَّهُمْ وَيَمْنَعُونَا حَقَّنَا، فَمَا تَأْمُرُنَا؟ فَأَعْرَضَ عَنْهُ، ثُمَّ سَأَلَهُ، فَأَعْرَضَ عَنْهُ، ثُمَّ سَأَلَهُ فِي الثَّانِيَةِ أَوْ فِي الثَّالِثَةِ، فَجَذَبَهُ الْأَشْعَثُ بْنُ قَيْسٍ، وَقَالَ: «اسْمَعُوا وَأَطِيعُوا، فَإِنَّمَا عَلَيْهِمْ مَا حُمِّلُوا، وَعَلَيْكُمْ مَا حُمِّلْتُمْ».
المزيد
ဝါအိလ် အလ်ဟဿ်ွရမီ ကဆင့်ပြန်ခဲ့သည်။ စလမဟ် ဗင်န် ယဇီးဒ် ( ရဿွိယလ္လာဟု အန်ဟု ) သည် တမန်တော်မြတ်
( ဆွလ္လ
လ္လာဟု အလိုင်ဟိဋစလ္လမ် ) အား ဤသို့လျှောက်ထား မေးမြန်းခဲ့သည်။
အို- လ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်၊ အကယ်၍ ကျွန်ုပ်တို့အပေါ်၌ သူတို့၏ အခွင့်အရေးကိုတော့ တောင်းဆိုပြီး ကျွန်ုပ်တို့၏ အခွင့်အရေးကိုမူ ကျွန်ုပ်တို့အား မပေးသော အုပ်ချုပ်သူများ စိုးမိုးလာခဲ့လျှင်၊ ထိုကိစ္စနှင့်ပတ်သက်၍ ကိုယ်တော်သည် ကျွန်ုပ်တို့အား မည်သို့အမိန့်ပေးတော်မူမည်နည်း။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုသူထံမှ မျက်နှာလွှဲတော်မူခဲ့သည်။ ထို့နောက် ထိုသူက ထပ်မံမေးမြန်းပြန်ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထပ်မံမျက်နှာလွှဲတော်မူခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် (သို့မဟုတ်) တတိယအကြိမ်တွင် ထိုသူက ထပ်မံမေးမြန်းပြန်ရာ အရှ်အတ်စ် ဗင်န် ကိုင်စ်က ထိုသူကို ဆွဲယူ(တားမြစ်)ခဲ့သည်။ (ထိုအခါ) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သင်တို့သည် (အုပ်ချုပ်သူတို့၏ စကားကို) နားထောင်ကြလော့၊ ၎င်းတို့၏ အမိန့်ကို လိုက်နာကြလော့။ ဧကန်စင်စစ် ၎င်းတို့အပေါ်၌ ၎င်းတို့အားတာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိပြီး၊ သင်တို့အပေါ်၌လည်း သင်တို့အား တာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိကြသည်”ဟု မိန့်ကြားတော်မူခဲ့သည်။