عَنْ حُذَيْفَةَ رَضيَ اللهُ عنهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّهَا سَتَكُونُ أُمَرَاءُ يَكْذِبُونَ وَيَظْلِمُونَ، فَمَنْ صَدَّقَهُمْ بِكَذِبِهِمْ وَأَعَانَهُمْ عَلَى ظُلْمِهِمْ فَلَيْسَ مِنَّي، وَلَسْتُ مِنْهُ، وَلَا يَرِدُ عَلَيَّ الْحَوْضَ، وَمَنْ لَمْ يُصَدِّقْهُمْ بِكَذِبِهِمْ وَلَمْ يُعِنْهُمْ عَلَى ظُلْمِهِمْ فَهُوَ مِنِّي، وَأَنَا مِنْهُ، وَسَيَرِدُ عَلَيَّ الْحَوْضَ».

[صحيح] - [رواه أحمد] - [مسند أحمد: 23260]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“ဧကန်စင်စစ်၊ များမကြာမီပင် မုသားပြောဆိုကြမည့်၊ ဖိနှိပ်ညှဉ်းပန်းကြမည့် အုပ်ချုပ်သူခေါင်းဆောင်များ ပေါ်လာလိမ့်မည်။ သို့ဖြစ်ပေရာ၊ မည်သူမဆို သူတို့၏ မုသားပြောဆိုမှုကို ထောက်ခံပြီး သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင် ကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် မသက်ဆိုင်တော့ပေ၊ ငါကိုယ်‌တော် လည်း ထိုသူနှင့် မသက်ဆိုင်တော့ပေ။ ထို့ပြင် ထိုသူသည် (ကိယာမသ်နေ့တွင်) ငါကိုယ်တော် ၏ (ကောင်စရ်) ရေကန်တော်သို့လည်း လာရောက်ခွင့်ရမည် မဟုတ်ပေ။ ထို့ပြင် မည်သူမဆို သူတို့၏ မုသားပြောဆိုမှုကို မထောက်ခံဘဲ၊ သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင်လည်း မကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် သက်ဆိုင်သလို၊ ငါကိုယ်တော်လည်း ထိုသူနှင့်သက်ဆိုင်သည်။ ထို့ပြင် ထိုသူသည် ငါကိုယ်တော် ၏ (ကောင်စရ်) ရေကန်တော်သို့ ဧကန်အမှန် လာရောက်ရမည် ဖြစ်သည်။"

[صحيح] - [رواه أحمد] - [مسند أحمد - 23260]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) က မိမိ၏ နောက်တွင် အုပ်ချုပ်သူခေါင်းဆောင်များ ပေါ်လာမည်ဖြစ်ကြောင်း၊ ထိုသူတို့သည် စကားပြောသောအခါ မုသားပြောကြလိမ့်မည်။ မိမိတို့ ကိုယ်တိုင်မလုပ်ဆောင်သည့်အရာများကို ပြောဆိုကြလိမ့်မည်။ တရားစီရင်ဆုံးဖြတ်ရာတွင်လည်း မတရားသဖြင့် စီရင်ကြမည်။ ထို့ကြောင့် မည်သူမဆို ထိုသူတို့ထံဝင်ရောက်၍ သူတို့၏ မုသားပြောဆိုမှုကို ထောက်ခံအားပေးသည်၊ သို့မဟုတ် သူတို့ကို မတရားလုပ်ရပ် သို့မဟုတ် အပြောအဆိုဖြင့် ကူညီသည်၊ ဥပမာ-သူတို့နှင့် နီးကပ်မှုရရန် သို့မဟုတ် သူတို့ထံမှ တစ်စုံတစ်ရာရရှိရန်မျှော်ကိုး၍ သူတို့အတွက် ဖသ်ဝါဓမ္မသတ်ထုတ်ပြန်ပေးခြင်းတို့ ပြုလုပ်ပါက၊ ငါကိုယ်တော်သည် ထိုသူနှင့် ကင်းရှင်းတော်မူ၏။ ထို့ပြင် ထိုသူသည် ငါကိုယ်တော်နှင့် မသက်ဆိုင်တော့ပေ၊ ငါကိုယ်‌တော်လည်း ထိုသူနှင့် မသက်ဆိုင်တော့ပေ။ ထိုသူသည် ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ကောင်စရ်ရေကန်တော်သို့လည်း လာရောက်ခွင့်ရမည် မဟုတ်ပေ။ ထို့ပြင် မည်သူမဆို ထိုသူတို့ထံ မဝင်ရောက်၊ သူတို့၏ မုသားပြောဆိုမှုကို မထောက်ခံ၊ သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင်လည်း မကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် သက်ဆိုင်သလို၊ ငါကိုယ်တော်လည်း ထိုသူနှင့်သက်ဆိုင်သည်။ ထို့ပြင် ထိုသူသည် ငါကိုယ်တော် ၏ကောင်စရ် ရေကန်တော်သို့ ဧကန်အမှန် လာရောက်ရမည် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဘုရင်များထံ လမ်းညွှန်ရန်၊ ဩဝါဒပေးရန်နှင့် မကောင်းမှုကို ပေါ့လျော့စေရန်အတွက် ဝင်ရောက်ခြင်းသည် လိုအပ်သောအရာဖြစ် သည်။ သို့ရာတွင် ၎င်းတို့အား မတရားမှုတွင် ကူညီရန်နှင့် လိမ်လည်၍ ၎င်းတို့အား ထောက်ခံအတည် ပြုပေးရန် ဝင်ရောက်ခြင်းမှာမူ ပြစ်တင်ရှုံ့ချထိုက်သောအရာဖြစ်သည်။
  2. အမီရ်ခေါင်းဆောင်တစ်ဦးအား ၎င်း၏ မတရားမှု၌ ကူညီသူအတွက် ပြင်းထန်သောသတိ‌ပေးခြိမ်း‌ခြောက်မှုရှိကြောင်း ဖော်ပြထားခြင်း။
  3. ဟဒီးစ်တော်တွင်လာရှိသော ဤသတိ‌ပေးခြိမ်း‌ခြောက်မှုသည် ထိုလုပ်ရပ်သည် ဟရာမ်တားမြစ်ထားပြီး၊ ကြီးလေးသောအပြစ်များထဲမှ တစ်ခုဖြစ်ကြောင်း ညွှန်ပြသည်။
  4. ကောင်းမှုပြုခြင်းနှင့် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ခြင်းအပေါ် အချင်းချင်းကူညီ ရိုင်းပင်းရန်၊ မကောင်းမှုပြုခြင်းနှင့် မတရား ကျူးလွန်မှုတွင် အချင်းချင်းကူညီ ရိုင်းပင်းခြင်းမပြုရန် တိုက်တွန်းထားခြင်း။
  5. ကျွန်ုပ်တို့၏ နဗီတမန်တော်မုဟမ္မဒ် ﷺ အတွက် ကောင်းရ်ရေကန်တော် ရှိကြောင်းနှင့် ကိုယ်တော်၏ အွမ်မသ်တော်များ ထိုရေကန်တော်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း အတည်ပြုထားခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (32)
ထပ်၍