عَنْ صُهَيْبٍ رَضيَ اللهُ عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
"كَانَ مَلِكٌ فِيمَنْ كَانَ قَبْلَكُمْ، وَكَانَ لَهُ سَاحِرٌ، فَلَمَّا كَبِرَ، قَالَ لِلْمَلِكِ: إِنِّي قَدْ كَبِرْتُ، فَابْعَثْ إِلَيَّ غُلَامًا أُعَلِّمْهُ السِّحْرَ، فَبَعَثَ إِلَيْهِ غُلَامًا يُعَلِّمُهُ، فَكَانَ فِي طَرِيقِهِ إِذَا سَلَكَ رَاهِبٌ فَقَعَدَ إِلَيْهِ وَسَمِعَ كَلَامَهُ، فَأَعْجَبَهُ، فَكَانَ إِذَا أَتَى السَّاحِرَ مَرَّ بِالرَّاهِبِ وَقَعَدَ إِلَيْهِ، فَإِذَا أَتَى السَّاحِرَ ضَرَبَهُ، فَشَكَا ذَلِكَ إِلَى الرَّاهِبِ، فَقَالَ: إِذَا خَشِيتَ السَّاحِرَ، فَقُلْ: حَبَسَنِي أَهْلِي، وَإِذَا خَشِيتَ أَهْلَكَ فَقُلْ: حَبَسَنِي السَّاحِرُ، فَبَيْنَمَا هُوَ كَذَلِكَ إِذْ أَتَى عَلَى دَابَّةٍ عَظِيمَةٍ قَدْ حَبَسَتِ النَّاسَ، فَقَالَ: الْيَوْمَ أَعْلَمُ آلسَّاحِرُ أَفْضَلُ أَمِ الرَّاهِبُ أَفْضَلُ؟ فَأَخَذَ حَجَرًا، فَقَالَ: اللهُمَّ إِنْ كَانَ أَمْرُ الرَّاهِبِ أَحَبَّ إِلَيْكَ مِنْ أَمْرِ السَّاحِرِ فَاقْتُلْ هَذِهِ الدَّابَّةَ، حَتَّى يَمْضِيَ النَّاسُ، فَرَمَاهَا فَقَتَلَهَا، وَمَضَى النَّاسُ، فَأَتَى الرَّاهِبَ فَأَخْبَرَهُ، فَقَالَ لَهُ الرَّاهِبُ: أَيْ بُنَيَّ أَنْتَ الْيَوْمَ أَفْضَلُ مِنِّي، قَدْ بَلَغَ مِنْ أَمْرِكَ مَا أَرَى، وَإِنَّكَ سَتُبْتَلَى، فَإِنِ ابْتُلِيتَ فَلَا تَدُلَّ عَلَيَّ، وَكَانَ الْغُلَامُ يُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ، وَيُدَاوِي النَّاسَ مِنْ سَائِرِ الْأَدْوَاءِ، فَسَمِعَ جَلِيسٌ لِلْمَلِكِ كَانَ قَدْ عَمِيَ، فَأَتَاهُ بِهَدَايَا كَثِيرَةٍ، فَقَالَ: مَا هَاهُنَا لَكَ أَجْمَعُ، إِنْ أَنْتَ شَفَيْتَنِي، فَقَالَ: إِنِّي لَا أَشْفِي أَحَدًا إِنَّمَا يَشْفِي اللهُ، فَإِنْ أَنْتَ آمَنْتَ بِاللهِ دَعَوْتُ اللهَ فَشَفَاكَ، فَآمَنَ بِاللهِ فَشَفَاهُ اللهُ، فَأَتَى الْمَلِكَ فَجَلَسَ إِلَيْهِ كَمَا كَانَ يَجْلِسُ، فَقَالَ لَهُ الْمَلِكُ: مَنْ رَدَّ عَلَيْكَ بَصَرَكَ؟ قَالَ: رَبِّي، قَالَ: وَلَكَ رَبٌّ غَيْرِي؟ قَالَ: رَبِّي وَرَبُّكَ اللهُ، فَأَخَذَهُ فَلَمْ يَزَلْ يُعَذِّبُهُ حَتَّى دَلَّ عَلَى الْغُلَامِ، فَجِيءَ بِالْغُلَامِ، فَقَالَ لَهُ الْمَلِكُ: أَيْ بُنَيَّ قَدْ بَلَغَ مِنْ سِحْرِكَ مَا تُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ، وَتَفْعَلُ وَتَفْعَلُ، فَقَالَ: إِنِّي لَا أَشْفِي أَحَدًا، إِنَّمَا يَشْفِي اللهُ، فَأَخَذَهُ فَلَمْ يَزَلْ يُعَذِّبُهُ حَتَّى دَلَّ عَلَى الرَّاهِبِ، فَجِيءَ بِالرَّاهِبِ، فَقِيلَ لَهُ: ارْجِعْ عَنْ دِينِكَ، فَأَبَى، فَدَعَا بِالْمِئْشَارِ، فَوَضَعَ الْمِئْشَارَ فِي مَفْرِقِ رَأْسِهِ، فَشَقَّهُ حَتَّى وَقَعَ شِقَّاهُ، ثُمَّ جِيءَ بِجَلِيسِ الْمَلِكِ فَقِيلَ لَهُ: ارْجِعْ عَنْ دِينِكَ، فَأَبَى فَوَضَعَ الْمِئْشَارَ فِي مَفْرِقِ رَأْسِهِ، فَشَقَّهُ بِهِ حَتَّى وَقَعَ شِقَّاهُ، ثُمَّ جِيءَ بِالْغُلَامِ فَقِيلَ لَهُ ارْجِعْ عَنْ دِينِكَ، فَأَبَى فَدَفَعَهُ إِلَى نَفَرٍ مِنْ أَصْحَابِهِ، فَقَالَ: اذْهَبُوا بِهِ إِلَى جَبَلِ كَذَا وَكَذَا، فَاصْعَدُوا بِهِ الْجَبَلَ، فَإِذَا بَلَغْتُمْ ذُرْوَتَهُ، فَإِنْ رَجَعَ عَنْ دِينِهِ، وَإِلَّا فَاطْرَحُوهُ، فَذَهَبُوا بِهِ فَصَعِدُوا بِهِ الْجَبَلَ، فَقَالَ: اللهُمَّ اكْفِنِيهِمْ بِمَا شِئْتَ، فَرَجَفَ بِهِمِ الْجَبَلُ فَسَقَطُوا، وَجَاءَ يَمْشِي إِلَى الْمَلِكِ، فَقَالَ لَهُ الْمَلِكُ: مَا فَعَلَ أَصْحَابُكَ؟ قَالَ: كَفَانِيهِمُ اللهُ، فَدَفَعَهُ إِلَى نَفَرٍ مِنْ أَصْحَابِهِ، فَقَالَ: اذْهَبُوا بِهِ فَاحْمِلُوهُ فِي قُرْقُورٍ، فَتَوَسَّطُوا بِهِ الْبَحْرَ، فَإِنْ رَجَعَ عَنْ دِينِهِ وَإِلَّا فَاقْذِفُوهُ، فَذَهَبُوا بِهِ، فَقَالَ: اللهُمَّ اكْفِنِيهِمْ بِمَا شِئْتَ، فَانْكَفَأَتْ بِهِمِ السَّفِينَةُ فَغَرِقُوا، وَجَاءَ يَمْشِي إِلَى الْمَلِكِ، فَقَالَ لَهُ الْمَلِكُ: مَا فَعَلَ أَصْحَابُكَ؟ قَالَ: كَفَانِيهِمُ اللهُ، فَقَالَ لِلْمَلِكِ: إِنَّكَ لَسْتَ بِقَاتِلِي حَتَّى تَفْعَلَ مَا آمُرُكَ بِهِ، قَالَ: وَمَا هُوَ؟ قَالَ: تَجْمَعُ النَّاسَ فِي صَعِيدٍ وَاحِدٍ، وَتَصْلُبُنِي عَلَى جِذْعٍ، ثُمَّ خُذْ سَهْمًا مِنْ كِنَانَتِي، ثُمَّ ضَعِ السَّهْمَ فِي كَبِدِ الْقَوْسِ، ثُمَّ قُلْ: بِاسْمِ اللهِ رَبِّ الْغُلَامِ، ثُمَّ ارْمِنِي، فَإِنَّكَ إِذَا فَعَلْتَ ذَلِكَ قَتَلْتَنِي، فَجَمَعَ النَّاسَ فِي صَعِيدٍ وَاحِدٍ، وَصَلَبَهُ عَلَى جِذْعٍ، ثُمَّ أَخَذَ سَهْمًا مِنْ كِنَانَتِهِ، ثُمَّ وَضَعَ السَّهْمَ فِي كَبْدِ الْقَوْسِ، ثُمَّ قَالَ: بِاسْمِ اللهِ، رَبِّ الْغُلَامِ، ثُمَّ رَمَاهُ فَوَقَعَ السَّهْمُ فِي صُدْغِهِ، فَوَضَعَ يَدَهُ فِي صُدْغِهِ فِي مَوْضِعِ السَّهْمِ فَمَاتَ، فَقَالَ النَّاسُ: آمَنَّا بِرَبِّ الْغُلَامِ، آمَنَّا بِرَبِّ الْغُلَامِ، آمَنَّا بِرَبِّ الْغُلَامِ، فَأُتِيَ الْمَلِكُ فَقِيلَ لَهُ: أَرَأَيْتَ مَا كُنْتَ تَحْذَرُ؟ قَدْ وَاللهِ نَزَلَ بِكَ حَذَرُكَ، قَدْ آمَنَ النَّاسُ، فَأَمَرَ بِالْأُخْدُودِ فِي أَفْوَاهِ السِّكَكِ، فَخُدَّتْ وَأَضْرَمَ النِّيرَانَ، وَقَالَ: مَنْ لَمْ يَرْجِعْ عَنْ دِينِهِ فَأَحْمُوهُ فِيهَا، أَوْ قِيلَ لَهُ: اقْتَحِمْ، فَفَعَلُوا حَتَّى جَاءَتِ امْرَأَةٌ وَمَعَهَا صَبِيٌّ لَهَا فَتَقَاعَسَتْ أَنْ تَقَعَ فِيهَا، فَقَالَ لَهَا الْغُلَامُ: يَا أُمَّهْ اصْبِرِي فَإِنَّكِ عَلَى الْحَقِّ".
[صحيح] - [رواه مسلم] - [صحيح مسلم: 3005]
المزيــد ...
စုဟိုင်ဘ် (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သင်တို့ မတိုင်မီ ခေတ်ကာလ၌ ဘုရင်တစ်ပါးရှိခဲ့ပြီး၊ ထိုဘုရင့်ထံတွင် စာဟိရ်( ဂျာဒူမှော်အတတ်ပညာတတ်ကျွမ်းသူ )တစ်ဦးရှိခဲ့သည်။ ထိုမှော်ဆရာသည် အသက်ကြီးလာသောအခါ ဘုရင်အား ‘ကျွန်တော်မျိုးသည် အသက်ကြီးရင့်လာပါပြီ။ သို့ဖြစ်ပါ၍ ဂျာဒူမှော်အတတ်ပညာကို ကျွန်တော်မျိုး သင်ပေးနိုင်ရန် လူငယ်တစ်ဦးကို ကျွန်တော်မျိုးထံ စေလွှတ်တော်မူပါ’ ဟု တင်ပြလေသည်။သို့ရှိရာ ဘုရင်သည် မှော်ပညာသင်ကြားရန် လူငယ်တစ်ဦးကို စေလွှတ်လိုက်လေသည်။ ထိုလူငယ်သွားသော လမ်းတွင် နစွရာနီဘုန်းတော်ကြီး (ရာဟိဘ်) တစ်ပါးရှိ၏။ လူငယ်သည် ထိုဘုန်းတော်ကြီးထံ ထိုင်ကာ သူ၏စကားကို နားထောင်မိ၏။ ထိုစကားများက သူ့အား အလွန်နှစ်သက်စေခဲ့သည်။ ထို့နောက်မှစ၍ မှော်ဆရာထံသို့သွားတိုင်း ဘုန်းတော်ကြီးထံ ခေတ္တဝင်ရောက်၍ ထိုင်လေ့ရှိလာသည်။ ဤသို့ဖြင့် မှော်ဆရာထံ(နောက်ကျမှရောက်သောကြောင့် မှော်ဆရာက သူ့အား ရိုက်နှက်လေ့ရှိသည်။ ထိုအခါ လူငယ်သည် ဤဒုက္ခကို ဘုန်းတော်ကြီးထံ ညည်းငြူတိုင်တန်းရာ ဘုန်းတော်ကြီးက “ အကယ်၍ အသင်သည် မှော်ဆရာကို ကြောက်ရသည့်အခါတွင် ‘မိသားစုက ချုပ်နှောင်ထားသဖြင့်(နှောင့်နှေးကြန့်ကြာစေပါသည်’ )ဟု ပြောလိုက်ပါ။ အကယ်၍ မိသားစုကို ကြောက်ရသည့်အခါတွင် ‘မှော်ဆရာက ချုပ်နှောင်ထားသဖြင့် ( နှောင့်နှေးကြန့်ကြာစေပါသည်’) ဟု ပြောလိုက်ပါ” ဟု အကြံပေးလေသည်။
ဤသို့ရှိနေစဉ် တစ်နေ့တွင် လူအုပ်ကြီးကို ခြောက်လှန့်ပိတ်ဆို့ထားသော ကြီးမားသည့် သတ္တဝါကြီးတစ်ကောင်နှင့် လူငယ်တို့ဆုံမိလေသည်။ ထိုအခါ လူငယ်က ဤသို့ဆို၏- “ယနေ့ပင် မှော်ဆရာနှင့် ဘုန်းတော်ကြီး မည်သူက ပိုမိုမြင့်မြတ်သည်ကို ကျွန်ုပ် သိရတော့မည်”။ ထို့နောက် သူသည် ကျောက်တုံးတစ်တုံးကို ကောက်ယူကာ “အို-အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဤဘုန်းတော်ကြီး၏ ရပ်တည်ချက်မှာ မှော်ဆရာ၏ ရပ်တည်ချက်ထက် အရှင်မြတ်ထံတွင် ပိုနှစ်သက်မြတ်နိုးဖွယ်ဖြစ်လျှင် လူအများသွားလာနိုင်ရန် အတွက် ဤသတ္တဝါကို အရှင်မြတ် သတ်ပစ်တော်မူပါ' ဟုဆုတောင်းကာ ကျောက်တုံးကို ပစ်လိုက်သည်။ ကျောက်တုံးသည် သတ္တဝါကို ထိမှန်ကာ သေစေလိုက်၏။ လူများလည်း ဆက်လက်သွားလာနိုင်ကြလေသည်။
လူငယ်သည် ဘုန်းတော်ကြီးထံသို့သွားကာ ဖြစ်စဉ်ကို ပြောပြလေသည်။ ထိုအခါ ဘုန်းတော်ကြီးက “ချစ်သား၊ ယနေ့ သင်သည် ကျွန်ုပ်ထက် သာလွန်မြင့်မြတ်သွားပြီ။ သင်၏အဆင့်အတန်းသည် ကျွန်ုပ်မြင်ရသည်ထက် ကျော်လွန်နေပြီ။ သင်သည် စမ်းသပ်ခြင်းကို ခံရတော့မည်။ အကယ်၍ စမ်းသပ်ခံရပါက ကျွန်ုပ်အကြောင်း မည်သူ့ကိုမျှ မဖော်ပြလေနှင့်” ဟု ပြောဆိုလိုက်လေသည်။
ထို့နောက် ထိုလူငယ်သည် မွေးရာပါမျက်စိကန်းသူများနှင့် အနာကြီးရောဂါသည်များကို ကျန်းမာစေနိုင်သည့် စွမ်းရည်ကို ရရှိလာကာ အခြားသော ရောဂါဝေဒနာများကိုလည်း ကုသနိုင်စွမ်းရှိလာလေသည်။ ဘုရင်၏ အပါးတွင် ထိုင်လေ့ရှိသော မျက်စိကန်းနေသူတစ်ဦးသည် ဤသတင်းကို ကြားသိရ၍ လက်ဆောင်ပဏ္ဏာများစွာယူဆောင်ကာ လူငယ်ထံသို့ရောက်လာပြီး “အကယ်၍ သင်သည် ကျွန်ုပ်အား သက်သာပျောက်
ကင်းအောင်ပြုလုပ်ပေးပါက ဤလက်ဆောင်အားလုံးသည် သင့်အတွက်ဖြစ်ပါစေ” ဟု ပြောဆိုလေသည်။ ထိုအခါ
လူငယ်က “ကျွန်ုပ်သည် မည်သူ့ကိုမျှသက်သာ ပျောက်ကင်းအောင်မပြုနိုင်ပါ။ သက်သာ ပျောက်ကင်း
စေသောသူမှာ အလ္လာဟ်အရှင်မြတ်သာလျှင်ဖြစ်ပါသည်။ အကယ်၍ အသင်သည် အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါက အရှင်မြတ်က သင့်အား သက်သာ ပျောက်
ကင်းမှုပေးတော်မူရန် ကျွန်ုပ်ဆုတောင်းပေးမည် ' ဟု ပြောဆိုလေသည်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်လိုက်ရာ ကာ အရှင်မြတ်က သူ့အား သက်သာ ပျောက်ကင်း
စေတော်မူလိုက်လေသည်။
ထိုသူသည် ဘုရင်ထံသို့ ယခင်ကဲ့သို့ပင် ဝင်ရောက်ခစား ထိုင်နေလေသည်။ ဘုရင်က “မည်သူက သင့်မျက်စိအမြင်ကို ပြန်လည်ပေးသနည်း” ဟု မေးမြန်းရာ သူက “ကျွန်ုပ်၏အရှင်သခင်က ပေးတော်မူပါသည်” ဟု ဖြေကြားလေသည်။ ဘုရင်က “ကျွန်ုပ်မှတစ်ပါး သင့်အတွက် အခြားအရှင်ရှိသေးသလော” ဟု မေးရာ သူက “ကျွန်ုပ်၏
အရှင်နှင့် သင့်ရဲ့အရှင်မှာ အလ္လာဟ်အရှင်မြတ်ပင်ဖြစ်ပါသည်” ဟု ဖြေလေသည်။
ဘုရင်သည် ထိုသူအား ဖမ်းဆီးညှင်းပန်းနှိပ်စက်ကာ နောက်ဆုံးတွင် လူငယ်ကို မည်သို့ရှာဖွေရမည်ကို ညွှန်ပြနိုင်အောင် ပြုလုပ်လိုက်သည်။ လူငယ်အား ဘုရင်ထံသို့ ခေါ်ဆောင်လာကြသည်။ ဘုရင်က “ချစ်သား၊ သင်၏မှော်ပညာသည် မွေးရာပါမျက်စိကန်းသူနှင့် အနာကြီးရောဂါသည်များကို ပျောက်ကင်းစေနိုင်သည့် အဆင့်သို့ရောက်နေပြီလော” ဟု မေးမြန်းရာ လူငယ်က “ကျွန်တော်သည် မည်သူ့ကိုမျှ သက်သာ ပျောက်ကင်းစေနိုင်သည်မဟုတ်ပါ။ သက်သာ ပျောက်ကင်းစေသူမှာ အလ္လာဟ်အရှင်မြတ်သာဖြစ်ပါသည်” ဟု ဖြေကြားလေသည်။ ထိုအခါ
ဘုရင်သည် ၎င်းအား ဖမ်းဆီးညှင်းပန်းနှိပ်စက်ပြန်ရာ နောက်ဆုံးတွင် ဘုန်းတော်ကြီးအကြောင်း ဖော်ပြနိုင်အောင် ပြုလုပ်လိုက်သည်။ ဘုန်းတော်ကြီးအား ခေါ်ဆောင်လာကြသည်။ ဘုရင်က “ သင်၏ ( လက်ရှိ ) သာသနာကိုစွန့်လွှတ်ပါ” ဟု ပြောဆိုသော်လည်း ဘုန်းတော်ကြီးက ငြင်းဆန်လိုက်သည်။ ဘုရင်က လွှသွားတစ်ခုကို တောင်းဆိုကာ ဦးခေါင်း၏အလယ်ဗဟိုတွင် ထားစေပြီး ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းစေလိုက်သည်။
ထို့နောက် ဘုရင်၏အနားတွင် ထိုင်လေ့ရှိသူ (ယခင်က မျက်စိကန်းခဲ့သူ) အား ခေါ်ဆောင်လာကာ ၎င်း၏ သာသနာကို စွန့်လွှတ်ရန် ပြောဆိုသော်လည်း ၎င်းကလည်း ငြင်းဆန်လိုက်သဖြင့် ဘုန်းတော်ကြီးအား ပြုလုပ်ခဲ့သည့်နည်းအတိုင်း နှစ်ပိုင်းပိုင်းစေလိုက်ပြန်သည်။
နောက်ဆုံးတွင် လူငယ်အား ခေါ်ဆောင်လာကာ ၎င်း၏သာသနာကို စွန့်လွှတ်ရန် ပြောဆိုသော်လည်း လူငယ်က ငြင်းဆန်လိုက်သည်။ ဘုရင်သည် ၎င်းအား မိမိ၏လူအချို့ထံ လွှဲအပ်ကာ “ဤလူငယ်ကို တောင်တစ်ခုသို့ ခေါ်ဆောင်သွားကြပါ။ တောင်ထိပ်သို့ ရောက်လျှင် အကယ်၍ ၎င်းသည် မိမိသာသနာကိုစွန့်လွှတ်ပြီး (ပြန်လာချင်ရင် )ပြန်ခေါ်လာကြ။ မဟုတ်ရင်တော့ ( တောင်ပေါ်မှ ) သူ့ကို ပစ်ချလိုက်ကြ” ဟု အမိန့်ပေးခဲ့၏။ ထို့နောက်သူတို့သည် ထိုလူငယ်ကို ခေါ်ဆောင်သွားပြီး တောင်ပေါ်သို့ တက်ကြ၏။ ထိုအခါလူငယ်က “အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အလိုရှိတော်မူသော နည်းဖြင့် ဤသူတို့မှ ကျွန်တော်မျိုးကို ကာကွယ်စောင့်ရှောက်ပေးသနားတော်မူပါ” ဟု ဆုတောင်းခဲ့၏။ ထိုအခါတောင်သည် သူတို့နှင့်အတူ ပြင်းစွာလှုပ်ခတ်ခဲ့သဖြင့် သူတို့အားလုံး တောင်ခြေသို့ လိမ့်ကျသေဆုံးခဲ့ကြ၏။ ထိုလူငယ်မှာမူဘုရင်ထံသို့ လမ်းလျှောက်ပြန်လာခဲ့၏။ ဘုရင်က“မင်းရဲ့အဖော်တွေ ဘယ်ရောက်သွားတာလဲ” ဟု မေး၏။ လူငယ်က“အလ္လာဟ်အရှင်မြတ်က ကျွန်တော့်ကို သူတို့မှ ကာကွယ်စောင့်ရှောက်ပေးသနားတော်မူခဲ့၏" ဟု ဖြေကြား၏။
ထို့နောက် ဘုရင်သည် သူ့လက်အောက်ခံ အခြားသူများထံ သူ့ကိုထပ်မံအပ်နှင်းကာ “သူ့ကို လှေတစ်စီးပေါ်သို့ တင်ဆောင်ပြီး ပင်လယ်ပြင်အလယ်ခေါင်သို့ ခေါ်သွားကြ။ အကယ်၍ သူက သူ့ရဲ့သာသနာကို စွန့်လွှတ်ပြီး ( ပြန်လာချင်ရင်) ပြန်ခေါ်လာကြ။ မဟုတ်ရင်တော့ သူ့ကို ပင်လယ်ထဲ ပစ်ချလိုက်ကြ” ဟု မိန့်တော်မူ၏။ ၎င်းတို့သည်ထိုလူငယ်ကို ခေါ်ဆောင်သွားကြ၏။ ထိုအခါလူငယ်က “အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အလိုရှိတော်မူသော နည်းဖြင့် ဤသူတို့မှ ကျွန်တော်မျိုးကို ကာကွယ်စောင့်ရှောက်ပေးသနားတော်မူပါ” ဟု ဆုတောင်းခဲ့၏။ ထိုအခါလှေသည် သူတို့နှင့်အတူ လှည့်ပြီး လှန်ချော်ကာ သူတို့အားလုံး ရေနှစ်သေဆုံးခဲ့ကြ၏။ ထိုလူငယ်မှာမူဘုရင်ထံသို့ လမ်းလျှောက်ပြန်လာခဲ့၏။ ဘုရင်က“မင်းရဲ့အဖော်တွေ ဘယ်ရောက်သွားတာလဲ” ဟု မေး၏။ လူငယ်က“အလ္လာဟ်အရှင်မြတ်က ကျွန်တော့်ကို သူတို့မှ ကာကွယ်စောင့်ရှောက်ပေးသနားတော်မူပါပြီ” ဟု ဖြေကြား၏။
ထို့နောက် လူငယ်သည် ဘုရင်အား “ ကျွန်ုပ် အသင့်ကို ညွှန်ကြားသည့်အတိုင်း မပြုလုပ်မချင်း အသင် ကျွန်ုပ်ကို သတ်နိုင်မည် မဟုတ်ပါ” ဟု ပြော၏။ ဘုရင်က“အဘယ်နည်း” ဟု မေး၏။ လူငယ်က“လူအားလုံးကို တစ်နေရာတည်းတွင် စုရုံးစေ၍ အကျွန်ုပ်ကို သစ်ပင်၏ ပင်စည်တစ်ခုပေါ်တွင် ကြိုးဖြင့်ချိတ်ဆွဲထားပါ။ ထို့နောက် အကျွန်ုပ်၏ မြားအိမ်ထဲမှ မြားတစ်စင်းယူပါ။ ထိုမြားတံကို လေးအတွင်း၌ တပ်ဆင်ပါ။ ထို့နောက် “ဤလူငယ်၏ ရဗ်အရှင်သခင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏” ဟု ဆိုကာ ကျွန်ုပ်ကို မြားဖြင့်ပစ်လွှတ်ပါ။ အကယ်၍ အသင် ထိုသို့ပြုလုပ်လျှင် အသင် ကျွန်ုပ်ကို သတ်နိုင်မည် ဖြစ်ပါသည်” ဟု ပြော၏။
ထိုအခါ ဘုရင်သည် လူအားလုံးကို တစ်နေရာတည်းတွင် စုရုံးစေ၍ ထိုလူငယ်ကို သစ်ပင်၏ ပင်စည်တစ်ခုပေါ်တွင် ကြိုးဖြင့်ချိတ်ဆွဲထားစေ၏။ ထို့နောက် သူ၏ မြားအိမ်ထဲမှ မြားတစ်စင်းယူကာ လေးကိုင်း
အတွင်း၌ တပ်ဆင်လိုက်၏။ ထို့နောက် “ ဤလူငယ်၏
ရဗ် အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏” ဟု ဆိုကာ သူ့အား မြားဖြင့် ပစ်လွှတ်လိုက်၏။ မြားသည်လူငယ်၏ နားထင်သို့ ထိမှန်ကာ လူငယ်သည် မြားထိမှန်ရာ နားထင်ကို လက်ဖြင့် ကိုင်တွယ်ကာ သေဆုံးကွယ်လွန်သွားခဲ့၏။
ထိုအခါ လူအုပ်ကြီးက “ကျွန်ုပ်တို့သည် ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင်ယုံကြည်ကြပါပြီ။ ကျွန်ုပ်တို့သည် ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင် ယုံကြည်ကြပါပြီ။ ကျွန်ုပ်တို့သည် ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင် ယုံကြည်ကြပါပြီ” ဟု ကြွေးကြော်ခဲ့ကြ၏။
ထိုသတင်းသည် ဘုရင်ထံသို့ ရောက်ရှိလာပြီး “အရှင်မင်းကြီး စိုးရိမ်ထိတ်လန့်နေခဲ့တဲ့ အရာ နောက်ဆုံးတော့ ဖြစ်လာပါပြီ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မင်းကြီး စိုးရိမ်ခဲ့သည့်အတိုင်း လူတွေ အားလုံးနီးပါး ယုံကြည်သူဖြစ်သွားကြပါပြီ” ဟု လျှောက်တင်ကြ၏။
ထိုအခါ ဘုရင်သည် လမ်းဆုံလမ်းခွတိုင်းတွင် မီးတွင်းကြီးများ တူးစေပြီး မီးများ ထွန်းညှိစေ၏။ ထို့နောက် “မည်သူမဆို မိမိ ( လက်ရှိ ယုံကြည်နေသည့် ) သာသနာကို မစွန့်လွှတ်ပါက ထိုမီးတွင်းကြီးများထဲသို့ သူတို့ကို ပစ်ချလိုက်ကြ” သို့မဟုတ် “မီးထဲသို့ ခုန်ချခိုင်းကြ” ဟု အမိန့်ထုတ်ပြန်၏။ လူများသည်ထိုကဲ့သို့ပင် ပြုလုပ်ကြ၏။ နောက်ဆုံးတွင်မိခင်တစ်ဦးသည် သူမ၏ ကလေးငယ်နှင့်အတူ ရောက်ရှိလာခဲ့၏။ မီးတွင်းထဲသို့ ခုန်ချရန် သူမသည် တွန့်ဆုတ်နေခဲ့၏။ ထိုအခါကလေးငယ်က ဤသို့ ပြောဆိုခဲ့၏။ “အို- ကျွန်ုပ်၏ ချစ်လှစွာ သော မိခင်၊ သည်းခံခိုင်မြဲပါ။ ဧကန်စင်စစ် အသင်မသည် အမှန်တရားပေါ်၌ ရှိနေပါသည်"။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 3005]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ ကျွန်ုပ်တို့မတိုင်မီက လူမျိုးတစ်မျိုးတွင် ဘုရင်တစ်ပါး ရှိခဲ့ဖူးသည်။ ထိုဘုရင်ထံတွင် မှော်အတတ်ပညာရှင် တစ်ဦးရှိခဲ့သည်။ ထို မှော်ဆရာသည် အိုမင်းလာသောအခါ ဘုရင်အား ဤသို့လျှောက်ထားသည်- “ကျွန်ုပ် အိုမင်းလာပါပြီ။ ထို့ကြောင့် လူငယ်တစ်ဦးကို ကျွန်ုပ်ထံသို့ စေလွှတ်ပေးပါ။” ကျွန်ုပ် ထိုလူငယ်အား မှော်ပညာကို သင်ကြားပေးပါမည်။ ထိုအခါဘုရင်သည် မှော်ဆရာထံ မှော်အတတ်ပညာကို သင်ယူစေရန် လူငယ်တစ်ဦးကို စေလွှတ်လိုက်လေသည်။ ထိုလူငယ်သည် မှော် ဆရာထံသွားသော လမ်းတွင် နစ်ွရာနီဘုန်းတော်ကြီး တစ်ပါးနှင့် တွေ့လေ၏။ တစ်ကြိမ်တွင် ထိုဘုန်းတော်ကြီးထံ ထိုင်နေရင်း သူ၏စကားကို ကြားလိုက်ရသဖြင့် နှစ်သက်သဘောကျသွားလေသည်။ ထို့နောက်မှစ၍ သူသည် မှော်ဆရာဆီသို့ သွားတိုင်း ထိုဘုန်းကြီးထံတွင် ထိုင်နေကာ စကားနားထောင်တတ်လာသည်။ မှော်ဆရာက ၎င်းအား နောက်ကျသည့်အတွက် ရိုက်နှက်လေ့ရှိသည်။ ထို့ကြောင့် လူငယ်သည် ထိုအကြောင်းကို နစ်ွရာနီဘုန်းကြီးထံ ညည်းညူတိုင်းတန်လေရာ ဘုန်းကြီးက “သင်သည် မှော်ဆရာကို ကြောက်ရသည့်အခါတွင် ‘ကျွန်ုပ်၏ မိသားစုက ချုပ်နှောင်ထားသဖြင့် နောက်ကျပါသည်’ ဟု ပြောလော့။ ထိုနည်းတူ မိသားစုကို ကြောက်ရလျှင် ‘မှော်ဆရာက ချုပ်နှောင်ထားသဖြင့် နောက်ကျပါသည်’ ဟု ပြောလော့” ဟု အကြံပေးလိုက်လေသည်။ ဤအတိုင်း နေထိုင်လျက်ရှိစဉ် တစ်နေ့တွင် လူငယ်သည် လူတို့အား သွားလာခြင်းမှ ဟန့်တားနေသော ကြီးမားသည့် တိရစ္ဆာန်ကြီးတစ်ကောင်နှင့် ကြုံလေသည်။ ထိုအခါ လူငယ်က “ယနေ့ပင်လျှင် မှော်ဆရာ၏ရပ်တည်ချက်က သာလွန်သည်လော၊ သို့တည်း မဟုတ် နစ်ွရာနီဘုန်းတော်ကြီး ၏ရပ် တည်ချက်က သာလွန်သည်လော ဆိုသည်ကို သိရတော့မည်” ဟု ပြောဆိုခဲ့၏။ ထို့နောက်သူသည် ကျောက်တုံးတစ်တုံးကို ကောက်ယူကာ “အို-အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဘုန်းတော်ကြီး၏ ရပ်တည်ချက်သည် မှော်ဆရာ၏ ရပ်တည်ချက်ထက် အရှင်မြတ်နှစ်သက်တော်မူသည့် အရာဖြစ်လျှင် လူတို့ သွားလာနိုင်ရန်အတွက် ဤတိရစ္ဆာန်ကြီးကို သတ်ပစ်တော်မူပါ” ဟု ဆုတောင်းကာ ထိုကျောက်ခဲဖြင့် ပစ်လိုက်လေသည်။ ကျောက်ခဲသည် ထိုတိရစ္ဆာန်ကြီးကို ထိမှန်ကာ သေစေလိုက်သဖြင့် လူတို့သည် ထိုလမ်းမှ သွားလာနိုင်ကြကုန်၏။ ထို့နောက် လူငယ်သည် ဘုန်းတော်ကြီးထံသို့ သွားရောက်ကာ ဖြစ်စဉ်ကိုပြန်လည်ပြောပြလေသည်။ ထိုအခါ ဘုန်းတော်ကြီးက သူ့အားဤသို့ ပြောဆိုလေ၏။ ထိုအခါ ဘုန်းတော်ကြီးက ၎င်းအားပြောသည်မှာ - “ အို- ချစ်သား... ယနေ့မှစ၍ သင်သည် ကျွန်ုပ်ထက် သာလွန်နေပါပြီ။ သင်၏အရည်အချင်းသည် ကျွန်ုပ်မြင်နေရသည့်အတိုင်း မြင့်မားစွာ ရောက်ရှိလာပါပြီ။ မကြာမီ သင်သည် စမ်းသပ်ခြင်းကို ခံရမည်။ အကယ်၍ စမ်းသပ်ခံရပါက ကျွန်ုပ်အား ဖော်ထုတ်ညွှန်ပြခြင်း မပြုလေနှင့်”။ ထိုလူငယ်သည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်ဖြင့် မျက်စိကန်းသူများ၊ အနာကြီးရောဂါသည်များကို သက်သာပျောက်ကင်းစေနိုင်ကာ အခြားသော ရောဂါများကိုလည်း ကုသနိုင်စွမ်း ရှိလာခဲ့လေသည်။ ထိုသတင်းကို ဘုရင်၏ အနားတွင် အမြဲထိုင်လေ့ရှိသော မျက်စိကန်းနေသူတစ်ဦးက ကြားသိရသဖြင့် လက်ဆောင်ပဏ္ဏာ အများအပြားယူဆောင်ကာ လူငယ်ထံသို့ ရောက်လာပြီး- “အကယ်၍သင်သည် ကျွန်ုပ်အား သက်သာ ပျောက်ကင်းအောင်ပြုလုပ်ပေးပါက ( မျက်စိအမြင်အာရုံကိုပြန်လည်ရရှိရန် ကုသပေးပါက) ဒီမာရှိတယ့် လက်ဆောင်အားလုံးဟာ သင့်အတွက်ဖြစ်တယ်” ဟု ပြောဆိုလေသည်။ လူငယ်က “ကျွန်ုပ်သည် မည်သူ့ကိုမျှသက်သာပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်စွမ်းမရှိပါ။ အလ္လာဟ်အရှင်မြတ်သာလျှင် သက်သာ ပျောက်ကင်းအောင်ပြုလုပ်ပေးနိုင်တော်မူသည်။ အကယ်၍ အသင်သည် အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်လျှင် ကျွန်ုပ်သည် အရှင်မြတ်ထံ ဆုတောင်းပေးမည်၊ ထိုအခါ အရှင်မြတ်က အသင့်အား သက်သာပျောက်ကင်းစေတော်မူမည်” ဟု ပြောလိုက်လေသည်။ ထို့ကြောင့် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်လိုက်ရာ အလ္လာဟ်အရှင်မြတ်က သူ့အား သက်သာပျောက်ကင်းစေတော်မူလိုက်လေသည်။ ထို့နောက် သူသည် ဘုရင်ထံသို့ သွားရောက်ကာ ယခင်ကဲ့သို့ပင် ဘုရင်၏အနားတွင် ထိုင်နေလေသည်။ ဘုရင်က သူ့အား-မည်သူက သင့်မျက်စိအမြင်ကိုပြန်ပေးသနည်း” ဟု မေးလေရာ၊ သူက “ကျွန်ုပ်၏ ရဗ်အရှင်သခင်က ပြန်ပေးတော်မူသည်” ဟု ဖြေလိုက်၏။ ဘုရင်က “ငါ့အပြင် သင့်အတွက် အခြားအရှင်သခင် ရှိသေးသလော” ဟု မေးပြန်ရာ- သူက“ကျွန်ုပ်၏ ဖန်ဆင်းရှင်လည်းဖြစ်၊ အသင်၏ ဖန်ဆင်းရှင်လည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်” ဟု ဖြေလိုက်လေသည်။ ထိုအခါဘုရင်သည် ထိုသူကို ဖမ်းဆီးကာ လူငယ်အကြောင်းကို ဖော်ထုတ်ပြောဆိုသည်အထိ ဆက်တိုက် ညှဉ်းပန်းနှိပ်စက်လေသည်။ ထို့နောက် လူငယ်ကို ခေါ်ဆောင်လာကြ၏။ ဘုရင်က လူငယ်အား- “ချစ်သားသင်၏မှော်အတတ်သည် မျက်စိကန်းသူနှင့် အနာကြီးရောဂါသည်တို့ကို သက်သာပျောက်ကင်းစေနိုင်သည် အဆင့်အထိ ရောက်ရှိလာပြီ။ သင်သည် ဤသို့သော အမှုကိစ္စများကို ပြုလုပ်နိုင်နေပြီ” ဟု ပြောဆိုလေသည်။ ထိုအခါလူငယ်က “ကျွန်ုပ်သည် မည်သူ့ကိုမျှ သက်သာပျောက်ကင်းစေနိုင်ခြင်းမရှိပါ။ အလ္လာဟ်အရှင်မြတ်သာလျှင် သက်သာပျောက်ကင်းစေနိုင်တော်မူသည်” ဟု ဖြေကြားလိုက်လေသည်။ ထို့ကြောင့် ဘုရင်သည် သူ့အား ဖမ်းဆီးကာ နစ်ွရာနီဘုန်းတော်ကြီးအကြောင်းကို ဖော်ထုတ်ပြောဆိုသည်အထိ ဆက်တိုက် ညှဉ်းပန်းနှိပ်စက်ပြန်လေသည်။ ထို့နောက် ဘုန်းတော်ကြီးကို ခေါ်ဆောင်လာကြ၏။ သူ့အား “သင်၏ဒီန်သာသနာကို စွန့်လွှတ်ပါ” ဟု ပြောဆိုကြသော်လည်း သူသည် ငြင်းဆန်လိုက်လေသည်။ ထို့ကြောင့် ဘုရင်သည် လွှသွားတစ်ခုကို ခိုင်းယူကာ သူ၏ဦးခေါင်း အလယ်ဗဟိုတွင် ထားစေ၍ နှစ်ပိုင်းကွဲအောင် ခွဲစေလိုက်လေသည်။ ထိုနည်းတူဘုရင်၏အဆွေတော် (မျက်စိကန်းခဲ့သူ)ကိုလည်း ခေါ်ဆောင်လာကာ “သင်၏ဒီန် သာသနာကို စွန့်လွှတ်ပါ” ဟု ပြောဆိုကြသော်လည်း သူကလည်း ငြင်းဆန်လိုက်သဖြင့် လွှသွားဖြင့် သူ၏ဦးခေါင်း အလယ်ဗဟိုမှ နှစ်ပိုင်းကွဲအောင် ခွဲစေလိုက်ပြန်လေသည်။ ထို့နောက်လူငယ်ကို ခေါ်ဆောင်လာကြ၏။ သူ့အား “သင်၏ဒီန်သာသနာကို စွန့်လွှတ်ပါ” ဟု ပြောဆိုကြသော်လည်း သူသည် ငြင်းဆန်လိုက်လေသည်။ ထို့ကြောင့် ဘုရင်သည် သူ့အား သူ၏လူများ (၃ ယောက်မှ ၁၀ ယောက်အထိရှိသော အဖွဲ့) ထံ အပ်နှင်းလိုက်လေသည်။ ဘုရင်က“သူ့ကို တောင်တစ်ခုခုသို့ခေါ်သွားကြလော့။ ပြီးရင် သူ့ကိုတောင်ပေါ်သို့ ခေါ်ဆောင်သွားကြ။ တောင်ထိပ်သို့ ရောက်လျှင် အကယ်၍ သူသည် သူ၏ဒီန်သာသနာကို စွန့်လွှတ်ပါက ( သူ့ကိုပြန်ခေါ်လာကြ ) မစွန့်လွှတ်ပါက သူ့ကို ပစ်ချကြလော့” ဟု အမိန့်ပေးလိုက်၏။ ထို့ကြောင့် သူတို့သည် လူငယ်ကို ခေါ်ဆောင်သွားကာ တောင်ပေါ်သို့ တက်ကြ၏။ ထိုအခါ လူငယ်က " အို - အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အလိုရှိတော်မူသော နည်းလမ်းဖြင့် ဤသူတို့မှ ကျွန်တော်မျိုးကို ကယ်တင်တော်မူပါ” ဟု ဆုတောင်းလိုက်၏။ ထိုအခါ တောင်သည် ပြင်းထန်စွာ လှုပ်ခါသဖြင့် ထိုလူများ အားလုံး လဲကျသေဆုံးကုန်၏။ လူငယ်မှာမူ ဘုရင်ထံသို့ လမ်းလျှောက်ကာ ပြန်လာလေသည်။ ဘုရင်က သူ့အား“သင့်ကို ခေါ်ဆောင်သွားသော လူများ ဘယ်ရောက်သွားကြသနည်း” ဟု မေးလေရာ- လူငယ်က“အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်မှ သူတို့ကို ဖယ်ရှားတော်မူပြီး ဖြစ်သည်” ဟု ဖြေလိုက်၏။ ထိုအခါ ဘုရင်သည်သူ့အား သူ၏လူများထဲမှ အခြားလူစုတစ်စုထံ အပ်နှင်းပြန်ကာ “သူ့ကို ခေါ်သွားကြလော့။ သူ့ကို လှေငယ်လေးဖြင့် သယ်ဆောင်ကာ မြစ်အလယ်သို့ သွားကြလော့။ အကယ်၍ သူသည် သူ၏ဒီန်သာသနာကို စွန့်လွှတ်ပါက (ပြန်ခေါ်လာကြ။) မစွန့်လွှတ်ပါက သူ့ကို ပင်လယ်ထဲသို့ ပစ်ချကြလော့” ဟု အမိန့်ပေးလိုက်၏။ ထို့ကြောင့် သူတို့သည် လူငယ်ကို ခေါ်ဆောင်သွားကြ၏။ လူငယ်က“အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အလိုရှိတော်မူသော နည်းလမ်းဖြင့် ဤသူတို့မှ ကျွန်တော်မျိုးကိုကယ်တင်တော်မူပါ” ဟု ဆုတောင်းလိုက်၏။ ထိုအခါ လှေသည်မှောက်သွားသဖြင့် ထိုလူများ အားလုံး ရေနစ်၍ သေဆုံးကျကုန်၏။ လူငယ်မှာမူ ဘုရင်ထံသို့ လမ်းလျှောက်ကာ ပြန်လာခဲ့ လေသည်။ ဘုရင်က သူ့အား“သင့်ကို ခေါ်ဆောင်သွားသော လူများ ဘယ်ရောက်သွားကြသနည်း” ဟု မေးပြန်ရာ- လူငယ်က အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်မှ သူတို့ကို ဖယ်ရှားတော်မူပြီး ဖြစ်သည် ဟု ဖြေလိုက်၏။ ထို့ နောက် လူငယ်က ဘုရင်အား အသင်သည် ကျွန်ုပ်အသင့်ကို အမိန့်ပေးစေခိုင်းသည့်အတိုင်းမလုပ်ဆောင်မခြင်း အသင်ကျွန်ုပ်ကို သတ်နိုင်မည် မဟုတ်ပါဟု ပြောလိုက်၏။ ဘုရင်- က“အဘယ်နည်း” ဟု မေးလေရာ- လူငယ်က အသင်သည် လူအားလုံးကို ကျယ်ပြန့်သော ကွင်းပြင်တစ်ခုတွင် စုရုံးစေပါ။ ထို့နောက် ကျွန်ုပ်ကို သစ်ပင်တစ်ပင်၏ပင်စည်ပေါ်တွင် လက်ဝါး ကပ်တိုင် စင်တင်ပါ။ ထို့နောက် ကျွန်ုပ်၏ မြားအိမ်ထဲမှ မြားတစ်စင်းယူပါ။ ထိုမြားကို လေးကိုင်း၌ ထားကာ “ဤလူငယ်၏ ရဗ်အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် အစပြုပါ၏”ဟု ဆိုပြီး ကျွန်ုပ်ကို (မြားဖြင့် )ပစ်ပါ။ အကယ်၍ အသင်သည် ထိုသို့ပြုလုပ်ပါက ကျွန်ုပ်ကို သတ်နိုင်မည် ဖြစ်သည်” ဟု ပြောလိုက်၏။ ထို့ကြောင့် ဘုရင်သည် လူအားလုံးကို တစ်နေရာတည်းတွင် စုရုံးစေကာ လူငယ်ကို သစ်ပင်၏ ပင်စည်ပေါ်တွင် လက်ဝါးကပ်တိုင် စင်တင်စေ၏။ ထို့နောက် လူငယ်၏မြားအိမ်ထဲမှ မြားတစ်စင်းကို ယူစေ၍ လေးကိုင်း၏အလယ်တွင် ထားကာ “ဤလူငယ်၏ ရဗ်အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် အစပြုပါ၏” ဟု ဆိုကာ ပစ်လွှတ်လိုက်၏။ ထိုမြားသည် လူငယ်၏ နားထင်နှင့် မျက်လုံးကြားရှိ နားရွက်အနီးသို့ ဝင်ရောက်သွားလေသည်။ လူငယ်သည် မိမိ၏လက်ဖြင့် မြားထိရောက်ရာနေရာကို ဖိထားလိုက်ကာ သေဆုံးကွယ်လွန်သွားလေသည်။ ထိုအခါလူတို့က “ကျွန်ုပ်တို့ ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင်ယုံကြည်ကြပါပြီ။ ကျွန်ုပ်တို့ ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင်ယုံကြည်ကြပါပြီ။ ကျွန်ုပ်တို့ ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင်ယုံကြည်ကြပါပြီ” ဟု ကြွေးကြော်ကြကုန်၏။ ထိုအခါ( မူးမတ်တို့သည် ) ဘုရင်ထံသို့ လာရောက်ကာ “ အသင် စိုးရိမ်နေခဲ့သည်အရာကို မြင်တွေ့နေရပြီမဟုတ်လော ” ဟု ပြောဆိုကြ၏။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အသင် စိုးရိမ်ကြောက်ရွံ့ခဲ့သည့် အရာပင် အသင့်အပေါ် ကျရောက်လာပြီ ဖြစ်သည်။ ထိုအရာမှာ လူတို့အားလုံး ထိုလူငယ်ကို လိုက်နာကာ သူ၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင်ယုံကြည်ကြခြင်းပင် ဖြစ်သည်”။ ထိုအခါ ဘုရင်သည် လမ်းဆုံလမ်းခွတို့တွင် ကြီးမားကျယ်ပြန့်သော မြေတွင်းကြီးများ တူးစေပြီး ထိုအတွင်းသို့ မီးများထွန်းညှိကာ မီးရှို့စေ၏။ ထို့နောက် “မည်သူမဆို ၎င်း၏ဒီန်သာသနာကို မစွန့်လွှတ်ပါက ထိုမီးတွင်းထဲသို့ ပစ်ချကြလော့” ဟု အမိန့်ပေးလိုက်၏။ ထိုအခါ မူးမတ်တို့သည် ဘုရင်၏အမိန့်အတိုင်း ဆောင်ရွက်ကြ၏။ နောက်ဆုံးတွင် အမျိုးသမီးတစ်ဦးသည် ကလေးငယ်တစ်ဦးနှင့်အတူ ရောက်ရှိလာ၏။ သူမသည် မိမိ၏နေရာ၌ပင် မလုပ်မရပ် ရပ်တန့်ကာ မီးထဲသို့ ဝင်ရန် မဝံ့မရဲ ဖြစ်နေလေသည်။ ထိုအခါ သူမ၏ကလေးငယ်က- “အို-အမေ...သည်းခံပါ။ အမေသည် အမှန်တရားပေါ်၌သာ ရှိနေပါသည်” ဟု ပြောဆိုလိုက်လေသည်။