عَنْ صُهَيْبٍ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«عَجَبًا لِأَمْرِ الْمُؤْمِنِ، إِنَّ أَمْرَهُ كُلَّهُ خَيْرٌ، وَلَيْسَ ذَاكَ لِأَحَدٍ إِلَّا لِلْمُؤْمِنِ، إِنْ أَصَابَتْهُ سَرَّاءُ شَكَرَ، فَكَانَ خَيْرًا لَهُ، وَإِنْ أَصَابَتْهُ ضَرَّاءُ صَبَرَ، فَكَانَ خَيْرًا لَهُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2999]
المزيــد ...
စူဟိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မုအ်မင်န်၏ အရေးကိစ္စသည် အံ့ဩစရာပင်ဖြစ်သည်။ သူ့အဖို့ သူ၏အရေးကိစ္စတိုင်းသည် အကောင်းချည်းသာဖြစ်၏။ ဤသည် မုအ်မင်န်မှအပအခြားမည်သူ့အတွက်မှ မဖြစ်နိုင်ပေ။ အကယ်၍ သူသည်ပျော်ရွှင်ဖွယ်ရာကိစ္စဖြင့် ကြုံရသောအခါ အရှင်မြတ်အား ကျေးဇူးတင်သည်။ ဤသည် သူ့အဖို့အကောင်းဖြစ်ပေသည်။ အကယ်၍ သူသည်ပြင်းထန်သောဒုက္ခအခက်ခဲနှင့် ကြုံရပါက သည်းခံလေသည်။ ဤသည်လည်း သူ့အဖို့အကောင်းပင်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2999]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မုအ်မင်န်ယုံကြည်သူ၏ အရေးကိစ္စနှင့် အခြေအနေများကို အားကျဖွယ်အဖြစ် အံ့ဩတော်မူခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ၏အခြေအနေအားလုံးသည် ကောင်းမြတ်သောအရာများသာဖြစ်သောကြောင့်ဖြစ်ပြီး၊ ဤဂုဏ်ပုဒ်သည် မုအ်မင်န်မှတစ်ပါး အခြားမည်သူ့အတွက်မျှ မရှိချေ။ အကယ်၍ သူသည်ပျော်ရွှင်ဖွယ်ရာကိစ္စဖြင့် ကြုံရသောအခါ အရှင်မြတ်အား ကျေးဇူးတင်သည်။ ထို့သို့ ကျေးဇူးတင်ခြင်းကြောင့် သူ့အတွက် အကျိုးဆုလာဘ်ရရှိသည်။ အကယ်၍ သူသည်ပြင်းထန်သောဒုက္ခအခက်ခဲနှင့် ကြုံရပါက သည်းခံပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ အကျိုးဆုလာဘ်ကို မျှော်ကိုးသည်။ ထိုသို့ဖြင့် သည်းခံခြင်းကြောင့် သူ့အတွက် အကျိုးဆုလာဘ် ရရှိပြန်သည်။ သို့ဖြစ်၍ ထိုမုအ်မင်န်သည် အခြေအနေတိုင်းတွင် အကျိုးဆုလာဘ်ရရှိသူသာ ဖြစ်နေပေတော့သည်။