عن جَابِرِ بْنِ عَبْدِ اللَّهِ رَضِيَ اللَّهُ عَنْهُمَا، قَالَ:
كَانَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يُعَلِّمُنَا الِاسْتِخَارَةَ فِي الْأُمُورِ كَمَا يُعَلِّمُنَا السُّورَةَ مِنَ الْقُرْآنِ، يَقُولُ: «إِذَا هَمَّ أَحَدُكُمْ بِالْأَمْرِ فَلْيَرْكَعْ رَكْعَتَيْنِ مِنْ غَيْرِ الْفَرِيضَةِ، ثُمَّ لِيَقُلِ: اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي» قَالَ: «وَيُسَمِّي حَاجَتَه».
[صحيح] - [رواه البخاري] - [صحيح البخاري: 1162]
المزيــد ...
ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ) ဆင့်ပြန်ခဲ့သည်။
"အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းတော်မြတ်ထဲမှ စူရဟ်များကိုသင်ပေးသကဲ့သို့ ကိစ္စရပ်အားလုံးတွင် အစ်သေခါရဟ် (ကောင်းကျိုးကို ရှာဖွေခြင်း) ကို သင်ပေးတော်မူ၏။ ကိုယ်တော်မြတ်က မိန့်ကြားတော်မူသည်- 'သင်တို့အနက်တစ်ဦးဦးသည် ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်ရန် ရည်ရွယ်သောအခါ ဖရဿ်ွမဟုတ်သောဆွလားသ် နှစ်ရကအသ်ကို ဝတ်ပြုပါ။ ထို့နောက် ဤဒုအာကိုရွတ်ဆိုပါ-
«اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي»
'အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ အသိဉာဏ်တော်ကိုအကြောင်းခံ၍ အရှင်မြတ်ထံကောင်းကျိုးကို တောင်းခံပါ၏။ အရှင်မြတ်၏ တန်ခိုးတော်ဖြင့် စွမ်းဆောင်နိုင်စွမ်းကို အရှင်မြတ်ထံ တောင်းခံပါ၏။ အရှင်မြတ်၏ မဟာကျေးဇူးတော်မှ ပေးသနားတော်မူပါရန် အရှင်မြတ်တောင်းခံပါ၏။ အကြောင်းမူကား အရှင်မြတ်သည် စွမ်းဆောင်နိုင်တော်မူပြီး ကျွန်တော်မျိုးမှာမူ စွမ်း ဆောင်နိုင်စွမ်း မရှိပါ။ အရှင်မြတ်သည် သိတော်မူပြီး ကျွန်တော်မျိုးမှာမူ မသိပါ။ အရှင်မြတ်သည် အကွယ်၌ရှိသောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါ၏။ အို- အလ္လာဟ်အရှင်မြတ်၊ အကယ်၍ အရှင်မြတ်သည် ဤကိစ္စသည် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ လောကီဘဝရှင်သန်မှုနှင့် အဆုံးရလဒ်တို့အတွက် ကောင်းကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ကောင်းကျိုးရှိသည်ဟု သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ။ လွယ်ကူစေတော်မူပါ။ ထို့နောက် ၎င်းတွင် ကျွန်တော်မျိုးအတွက် ကောင်းချီးမင်္ဂလာများ ပေးသနားတော်မူပါ။ အကယ်၍ အရှင်မြတ်သည် ဤကိစ္စသည် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ လောကီဘဝရှင်သန်မှု၊ အဆုံးရလဒ်တို့အတွက် ဆိုးကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ဆိုးကျိုးရှိသည်ဟု သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးထံမှ ဖယ်ရှားပေးတော်မူပါ။ ကျွန်တော်မျိုးကိုလည်း ၎င်းကိစ္စမှ ဖယ်ရှားပေးတော်မူပါ။ ကောင်းကျိုးသည် မည်သည့်နေရာတွင်ပင်ရှိသည်ဖြစ်စေ ထိုကောင်းကျိုးကို အရှင်မြတ် ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ။ ထို့နောက် ကျွန်တော်မျိုးအား ထိုကောင်းကျိုးနှင့် ပတ်သတ်ပြီး ကျေနပ်နှစ်သက်သူအဖြစ် ပြုလုပ်ပေးတော်မူပါ။' (أَنَّ هَذَا الْأَمْرَ) ဟူသော နေရာတွင် မိမိလိုအပ်ချက်ကို လျှောက်ထားတင်ပြရမည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 1162]
မွတ်စ်လင်မ်တစ်ဦးသည် ကောင်းကျိုး၊ ဆိုးကျိုးကို မသိရှိရသည့် အရေးကိစ္စတစ်ခုကို ဆောင်ရွက်လိုလျှင် ၎င်းအဖို့ အစ်သေခါရဟ်ဆွလားသ်ဝတ်ပြုခြင်းမှာ မွတ်စ်သဟဗ် ဖြစ်သည်။ အကြောင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ တပည့်စွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟွမ်)တို့အား ကုရ်အာန်ကျမ်းတော်မှ စူရဟ်များကို သင်ကြားပေးသကဲ့သို့ ဤဆွလားသ်ကိုလည်း သင်ကြားပေးတော်မူသည်။ သို့ဖြစ်ရာ ဖရဿ်ွမဟုတ်သောဆွလားသ် နှစ်ရကအသ်ကို ဝတ်ပြုရမည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်ထံ ဤသို့ဒုအာတောင်းရမည်။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်ထံတွင် ကိစ္စနှစ်ခုအနက် အကောင်းဆုံးသောကိစ္စအတွက် လုပ်ဆောင်နိုင်စွမ်းကို တောင်းခံပါ၏။ အရှင်မြတ်၏ အရာခပ်သိမ်းကို ဝန်းရံသိရှိတော်မူသော အကြွင်းမဲ့သိမြင်ခြင်းကို အကြောင်းခံ၍ တောင်းခံပါ၏။ ကျွန်တော်မျိုးသည် အရှင်မြတ်၏ တန်ခိုးတော်ဖြင့် ကျွန်တော်မျိုးအား စွမ်းဆောင်နိုင်စွမ်း ပေးသနားတော်မူပါရန် တောင်းခံပါ၏။ အကြောင်းမူကား အရှင်မြတ်မှတစ်ပါး ကျွန်တော်မျိုးအတွက် မည်သည့်အင်အားမျှ လည်းမရှိ၊ စွမ်းအားလည်းမရှိပါ။ အရှင်မြတ်၏ လွှမ်းမိုးနိုင်သော တန်ခိုးတော်အားဖြင့် တောင်းခံပါ၏။ အရှင်မြတ်အား မည်သည့်အရာကမျှ မတတ်စွမ်းအောင်ပြုလုပ်နိုင်စွမ်း မရှိပါ။ အရှင်မြတ်၏ မဟာကျေးဇူးတော်နှင့် ကျယ်ပြန့်သော ကရုဏာတော်ကိုလည်း တောင်းခံပါသည်။ အရှင်မြတ်၏ ပေးသနားတော်မူခြင်းသည် ကျေးဇူးတော်သက်သက်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ အရှင်မြတ်အပေါ်၌ အခွင့်အရေးဟူ မရှိပါ။ ဧကန်စင်စစ် အရှင်မြတ်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်ပါသည်။ ကျွန်တော်မျိုးမှာမူ အားနည်းသူ၊ မတတ်စွမ်းနိုင်သူ ဖြစ်ပါသည်။ အရှင်မြတ်၏ အကူအညီမပါဘဲ မည်သည့်အရာကိုမျှ မတတ်စွမ်းနိုင်ပါ။ အရှင်မြတ်သည် အကြွင်းမဲ့သိမြင်တော်မူသောအရှင်ဖြစ်ပြီး ထင်ရှားသောအရာများနှင့် လျှို့ဝှက်သောအရာများ၊ ကောင်းကျိုးနှင့် မကောင်းကျိုးများကိုပါ လွမ်းခြုံသိရှိတော်မူပါသည်။ ကျွန်တော်မျိုးမှာမူ အရှင်မြတ်၏ ဖြည့်ဆည်းကူညီတော်မူခြင်းနှင့် တရားလမ်းညွှန်တော်မူခြင်းမပါဘဲ မည်သည့်အရာကိုမျှ မသိနိုင်ပါ။ အရှင်မြတ်သည် ကွယ်ဝှက်သောအရာအားလုံးကို အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်ပါသည်။ အရှင်မြတ်တစ်ပါးတည်းသာလျှင် ပကတိအကြွင်းမဲ့သိမြင်တော်မူခြင်းနှင့် လွှမ်းမိုးနိုင်သောတန်ခိုးတော်ကို ပိုင်ဆိုင်တော်မူပြီး အခြားသူတို့မှာ အရှင်မြတ်၏ သတ်မှတ်တော်မူခြင်းနှင့် ခွင့်ပြုတော်မူခြင်းကြောင့်သာလျှင် ရရှိကြပါသည်။ ထို့နောက် မွတ်စ်လင်မ်သည် မိမိ၏အရှင်မြတ်ထံ ဒုအာဆုတောင်းပြီး မိမိလိုအင်ဆန္ဒကို ဖော်ပြကာ ဤသို့ဆိုရမည်- “အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အရေးကိစ္စအားလုံးကို အရှင်မြတ်ထံ အပ်နှံပါ၏။ အကယ်၍ အရှင်မြတ်၏ အကြွင်းမဲ့သိမြင်တော်မူချက်အရ ဤကိစ္စ (မိမိ၏လိုအပ်ချက်အား ဖော်ပြရမည်- ဥပမာ ဤအိမ်ဝယ်ယူခြင်း၊ ဤကားဝယ်ယူခြင်း၊ ဤအမျိုးသမီးနှင့် ထိမ်းမြားလက်ထပ်ခြင်း) အစရှိသည့်ကိစ္စရပ်များတွင်- အကယ်၍ ဤအရေးကိစ္စသည် ကျွန်တော်မျိုးအတွက် အကာအကွယ်ဖြစ်သည့် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ ကျွန်တော်မျိုး၏ လောကီဘဝရှင်သန်မှုနှင့် ကျွန်တော်မျိုး၏ အဆုံးရလဒ်တို့အတွက် ကောင်းကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ကောင်းကျိုးရှိသည်ဟု သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ၊ အသင့်ပြင်ဆင်ပေးတော်မူပါ၊ ပြီးမြောက် အောင်မြင်စေတော်မူပါ။ လွယ်ကူစေတော်မူပါ။ ထို့နောက် ၎င်းတွင် ကျွန်တော်မျိုးအတွက် ကောင်းချီးမင်္ဂလာများ ပေးသနားတော်မူပါ။ ကောင်းချီးမင်္ဂလာများကို များပြားစေတော်မူပါ။ အိုအလ္လာဟ်အရှင်မြတ် - အကယ်၍ ကျွန်တော်မျိုး အစ်သေခါရဟ်ပြုလုပ်ခဲ့သော ဤကိစ္စသည် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ လောကီဘဝရှင်သန်မှု၊ အဆုံးရလဒ်တို့အတွက် ဆိုးကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ဆိုးကျိုးရှိသည်ဟု အရှင်မြတ် သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးထံမှ ဖယ်ရှားပေးတော်မူပါ။ ကျွန်တော်မျိုးကိုလည်း ၎င်းကိစ္စမှ ဖယ်ရှားပေးတော်မူပါ။ ကောင်းကျိုးသည် မည်သည့်နေရာတွင်ပင်ရှိသည်ဖြစ်စေ ထိုကောင်းကျိုးကို အရှင်မြတ် ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ။ ထို့နောက် ကျွန်တော်မျိုးနှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အရှင်မြတ်၏ သတ်မှတ်ပြဌာန်းတော်မူချက်အားလုံးကိုကျေနပ်နှစ်သက်သူအဖြစ် ကျွန်တော်မျိုးအား ပြုလုပ်ပေးတော်မူပါ။