عن جَابِرِ بْنِ عَبْدِ اللَّهِ رَضِيَ اللَّهُ عَنْهُمَا، قَالَ:
كَانَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يُعَلِّمُنَا الِاسْتِخَارَةَ فِي الْأُمُورِ كَمَا يُعَلِّمُنَا السُّورَةَ مِنَ الْقُرْآنِ، يَقُولُ: «إِذَا هَمَّ أَحَدُكُمْ بِالْأَمْرِ فَلْيَرْكَعْ رَكْعَتَيْنِ مِنْ غَيْرِ الْفَرِيضَةِ، ثُمَّ لِيَقُلِ: اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي» قَالَ: «وَيُسَمِّي حَاجَتَه».
المزيد
ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ) ဆင့်ပြန်ခဲ့သည်။
"အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းတော်မြတ်ထဲမှ စူရဟ်များကိုသင်ပေးသကဲ့သို့ ကိစ္စရပ်အားလုံးတွင် အစ်သေခါရဟ် (ကောင်းကျိုးကို ရှာဖွေခြင်း) ကို သင်ပေးတော်မူ၏။ ကိုယ်တော်မြတ်က မိန့်ကြားတော်မူသည်- 'သင်တို့အနက်တစ်ဦးဦးသည် ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်ရန် ရည်ရွယ်သောအခါ ဖရဿ်ွမဟုတ်သောဆွလားသ် နှစ်ရကအသ်ကို ဝတ်ပြုပါ။ ထို့နောက် ဤဒုအာကိုရွတ်ဆိုပါ-
«اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي»
'အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ အသိဉာဏ်တော်ကိုအကြောင်းခံ၍ အရှင်မြတ်ထံကောင်းကျိုးကို တောင်းခံပါ၏။ အရှင်မြတ်၏ တန်ခိုးတော်ဖြင့် စွမ်းဆောင်နိုင်စွမ်းကို အရှင်မြတ်ထံ တောင်းခံပါ၏။ အရှင်မြတ်၏ မဟာကျေးဇူးတော်မှ ပေးသနားတော်မူပါရန် အရှင်မြတ်တောင်းခံပါ၏။ အကြောင်းမူကား အရှင်မြတ်သည် စွမ်းဆောင်နိုင်တော်မူပြီး ကျွန်တော်မျိုးမှာမူ စွမ်း ဆောင်နိုင်စွမ်း မရှိပါ။ အရှင်မြတ်သည် သိတော်မူပြီး ကျွန်တော်မျိုးမှာမူ မသိပါ။ အရှင်မြတ်သည် အကွယ်၌ရှိသောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါ၏။ အို- အလ္လာဟ်အရှင်မြတ်၊ အကယ်၍ အရှင်မြတ်သည် ဤကိစ္စသည် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ လောကီဘဝရှင်သန်မှုနှင့် အဆုံးရလဒ်တို့အတွက် ကောင်းကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ကောင်းကျိုးရှိသည်ဟု သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ။ လွယ်ကူစေတော်မူပါ။ ထို့နောက် ၎င်းတွင် ကျွန်တော်မျိုးအတွက် ကောင်းချီးမင်္ဂလာများ ပေးသနားတော်မူပါ။ အကယ်၍ အရှင်မြတ်သည် ဤကိစ္စသည် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ လောကီဘဝရှင်သန်မှု၊ အဆုံးရလဒ်တို့အတွက် ဆိုးကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ဆိုးကျိုးရှိသည်ဟု သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးထံမှ ဖယ်ရှားပေးတော်မူပါ။ ကျွန်တော်မျိုးကိုလည်း ၎င်းကိစ္စမှ ဖယ်ရှားပေးတော်မူပါ။ ကောင်းကျိုးသည် မည်သည့်နေရာတွင်ပင်ရှိသည်ဖြစ်စေ ထိုကောင်းကျိုးကို အရှင်မြတ် ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ။ ထို့နောက် ကျွန်တော်မျိုးအား ထိုကောင်းကျိုးနှင့် ပတ်သတ်ပြီး ကျေနပ်နှစ်သက်သူအဖြစ် ပြုလုပ်ပေးတော်မူပါ။' (أَنَّ هَذَا الْأَمْرَ) ဟူသော နေရာတွင် မိမိလိုအပ်ချက်ကို လျှောက်ထားတင်ပြရမည်။