عَنْ أَبِي سَعِيدٍ الخُدْرِيِّ رضي الله عنه أَنَّهُ سَمِعَ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«إِذَا رَأَى أَحَدُكُمُ الرُّؤْيَا يُحِبُّهَا فَإِنَّهَا مِنَ اللَّهِ، فَلْيَحْمَدِ اللَّهَ عَلَيْهَا وَلْيُحَدِّثْ بِهَا، وَإِذَا رَأَى غَيْرَ ذَلِكَ مِمَّا يَكْرَهُ، فَإِنَّمَا هِيَ مِنَ الشَّيْطَانِ، فَلْيَسْتَعِذْ مِنْ شَرِّهَا، وَلاَ يَذْكُرْهَا لِأَحَدٍ، فَإِنَّهَا لَنْ تَضُرَّهُ».
[صحيح] - [رواه البخاري] - [صحيح البخاري: 7045]
المزيــد ...
အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။
အသင်တို့အနက် တစ်စုံတစ်ဦးသည် မိမိနှစ်သက်သော အိပ်မက်တစ်ခုမက်မြင်လျှင် ထိုအိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုလော့။ ထို့နောက် အိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မိမိမနှစ်သက်သော အခြားအိပ်မက်ကို မက်လျှင်မူကား ထိုအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏
ဆိုးယုတ်မှုမှ (အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံလော့။ ထိုအိပ်မက်အား မည်သူ့ကိုမျှ မပြောပြရ။ ထိုသို့ပြုလျှင် ယင်းအိပ်မက်သည် သူ့အား ဘယ်သောအခါမျှ အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 7045]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ အိပ်ပျော်နေစဉ် မြင်မက်သော ကောင်းသော၊ ပျော်ရွှင်ဖွယ်အိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းပြုပြီး ထိုအိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မနှစ်မြို့ဖွယ်၊ ဝမ်းနည်းဖွယ် အိပ်မက်ကို မြင်မက်လျှင် ယင်းသည် ရှိုင်တွာန်ဘက်မှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏ ဆိုးယုတ်မှုမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပြီး မည်သူ့ကိုမျှ မပြောပြရ။ ဤသို့ဆောင်ရွက်လိုက်ခြင်းဖြင့် ထိုအိပ်မက်သည် ၎င်းအား မည်သည့်ဘေးအန္တရာယ်မျှ မဖြစ်စေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဤအမှုကိစ္စများကို အိပ်မက်ဆိုး၏ ဆိုးကျိုးများမှ ကာကွယ်ရန် နည်းလမ်းအဖြစ် ပြုလုပ်ပေးထားသောကြောင့်ဖြစ်၏။