عَنْ أَبِي قَتَادَةَ السَّلَمِيِّ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا دَخَلَ أَحَدُكُمُ الْمَسْجِدَ فَلْيَرْكَعْ رَكْعَتَيْنِ قَبْلَ أَنْ يَجْلِسَ».
[صحيح] - [متفق عليه] - [صحيح البخاري: 444]
المزيــد ...
အဗူကသာဒဟ် အတ်စ်စလမီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သောအခါ မထိုင်မီအလျင် ဆွလာသ်နှစ်ရကအသ် ဆောက်တည်ပါ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 444]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်သူမဆို မည်သည့်အချိန်၌ဖြစ်စေ၊ မည်သည့်ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ဗလီဝတ်ကျောင်းတော်သို ဝင်ရောက်ပါက မထိုင်မီအလျင် (သဟိယ္ယသုလ် မတ်စ်ဂျိဒ်) ဗလီဝတ်ကျောင်းတော်အား နှုတ်ခွန်းဆက်သည့် ဆွလာသ်နှစ်ရကအသ်အား ဆောက်တည်ရန် တိုက်တွန်းနှိုးဆော်ထားသည်။