عَنْ ‌أَبِي قَتَادَةَ السَّلَمِيِّ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا دَخَلَ أَحَدُكُمُ الْمَسْجِدَ فَلْيَرْكَعْ رَكْعَتَيْنِ قَبْلَ أَنْ يَجْلِسَ».

[صحيح] - [متفق عليه] - [صحيح البخاري: 444]
المزيــد ...

အဗူကသာဒဟ် အတ်စ်စလမီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သောအခါ မထိုင်မီအလျင် ဆွလာသ်နှစ်ရကအသ် ဆောက်တည်ပါ။

[صحيح] - [متفق عليه] - [صحيح البخاري - 444]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်သူမဆို မည်သည့်အချိန်၌ဖြစ်စေ၊ မည်သည့်ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ဗလီဝတ်ကျောင်းတော်သို ဝင်ရောက်ပါက မထိုင်မီအလျင် (သဟိယ္ယသုလ် မတ်စ်ဂျိဒ်) ဗလီဝတ်ကျောင်းတော်အား နှုတ်ခွန်းဆက်သည့် ဆွလာသ်နှစ်ရကအသ်အား ဆောက်တည်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မထိုင်မီအလျင် သဟိယ္ယသုလ်မတ်စ်ဂျိဒ် ဆွလာသ် နှစ်ရကအသ်ဆောက်တည်ခြင်း မွစ်သဟဗ်ဖြစ်ကြောင်း ဖေါ်ပြထားသည်။
  2. ဤအမိန့်သည် ဗလီတွင်ထိုင်ရန် ရည်ရွယ်သူအတွက်သာဖြစ်ပြီး ဗလီသို့ဝင်လာပြီးနောက် မထိုင်ဘဲပြန်ထွက်သွားသူသည် ဤအမိန့်တွင်မပါဝင်ပေ။
  3. လူတို့ဂျမာအသ်ဖြင့် ဆွလာသ်ဆောက်တည်နေချိန် ဗလီသို့ဝင်လာသူသည် ၎င်းတို့နှင့်အတူ ဆွလာသ်တွင်ပါဝင်လိုက်ပါက သဟိယ္ယသုလ်မတ်စ်ဂျိဒ် ဆွလာသ်ဆောက်တည်ရန် မလိုတော့ပါ။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (58)
ထပ်၍