عن أبي حُميد أو عن أبي أُسيد قال: قال رسول الله صلى الله عليه وسلم: "إذا دخل أحدكم المسجد فليقل: اللهم افتح لي أبواب رحمتك، وإذا خرج فليقل: اللهم إني أسألك من فضلك".
[صحيح] - [رواه مسلم]
المزيــد ...

အဗူဟုမိုင်ဒ် သို့မဟုတ် အဗူအုဆိုင်းဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ "c2">“အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗ ရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအားဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ "c2">“အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ်ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဤဟဒီးစ်တော်တွင် တမန်တော်မြတ် (ဆွလ္လလ္လာအလိုင်းဟိဝစလ္လမ်)သည် ဗလီဝတ်ကျောင်းတော်သို့ဝင်ရောက်လိုသူအတွက် ရွတ်ဆိုရမည့်ဒုအာကို မိမိ၏အွမ္မသ်သားများအား လမ်းညွှန်ပေးတော်မူခဲ့သည်။ ယင်းဒုအာသည် ဗလီတစ်လုံးအတွက်သာ သီးသန့်သတ်မှတ်ထားခြင်း မဟုတ်ဘဲ ဗလီအားလုံးနှင့်သက်ဆိုင်သည့် ဒုအာဖြစ်သည်။ ၎င်းဒုအာမှာ "c2">“အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” ဟူ၍ဖြစ်သည်။ ဤဒုအာသည် မိမိအတွက် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်ရရှိမည့် အကြောင်းခံများနှင့် ကောင်းမှုတိုင်းကို ဆောင်ရွက်နိုင်သည့် စွမ်းအားကိုလည်းကောင်း၊ မိမိအား အရှင်မြတ်က ကရုဏာပြုရန်နှင့် အရှင်မြတ်ထံတော်တွင် မိမိ၏အဆင့်အတန်းအား မြှင့်တင်ပေးရန်လည်းကောင်း တောင်းခံခြင်းဖြစ်သည်။အကယ်၍ ဗလီဝတ်ကျောင်းတော်မှ ထွက်ရန်ရည်ရွယ်သောအခါ "c2">“အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်”ကို ရွတ်ဆိုရမည်။ ဤဒုအာသည် အရှင်မြတ်၏ကျေးဇူးတော်နှင့် ဟလာလ်ရိုဇီကို ဆတက်ထမ်းပိုးချီးမြှင့်တော်မူရန် အလ္လာဟ်အရှင်မြတ်ထံတော်မှတောင်းခံခြင်းဖြစ်သည်။ ဗလီသို့ဝင်သည့်အခါ ရဟ်မသ် ကရုဏာအားသီးသန့်တင်ပြထားပြီး ပြန်ထွက်သည့်အခါကျေးဇူးတော်ကို သီးသန့်တင်ပြထားခြင်း၏ လျှို့ဝှက်ချက်မှာ ဗလီသို့ဝင်ရောက်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိစေမည့် ကောင်းမှုများကိုလည်းကောင်း၊ အရှင်မြတ်ချီးမြှင့်တော်မူမည့် အကျိုးကုသိုလ်နှင့် ဂျန္နသ်သုခဘုံရရှိစေမည့် ခဝပ်ကိုးကွယ်မှုများကိုလည်းကောင်း ဆောင်ရွက်မည့်သူ ဖြစ်သောကြောင့် ရဟ်မသ်ကရုဏာဟူသည့် စကားလုံးမှာ ပို၍သင့်လျော်သည်။ ဗလီမှထွက်သောအခါ ပထဝီမြေပြင်၌ အရှင်မြတ်၏ကျေးဇူးတော်ဖြစ်သည့် စားနပ်ရိက္ခာကိုရှာဖွေရန်ကြိုးစားအားထုတ်ကြသည့်အတွက် ကျေးဇူးတော်ဟူသည့် စကားလုံးမှာပို၍ သင့်လျော်ပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူထားသည်မှာ- (အသင်တို့သည် ပထဝီမြေဝယ် အနှံ့အပြား သွားလာကြလျက် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်တည်းဟူသော ရိက္ခာကို ရှာဖွေဆည်းပူးကြလေကုန်။) (ကုရ်အာန် ၆၂: ၁၀)

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဗလီအဝင်၊အထွက်တွင် ဒုအာတောင်းခံရန် ဖော်ပြထားသည်။
  2. ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်ခြင်း၌ ရဟ်မသ် ကရုဏာတော်ကို သီးသန့်
  3. ဖော်ပြထားသည့်အကြောင်းအရင်းမှာ ဗလီဝတ်ကျောင်းတော်သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ခွင့်လွှတ်ချမ်းသာခွင့်ပေးသည့်နေရာဖြစ်သည်။ ထို့အပြင် ဗလီဝတ်ကျောင်းတော်မှ ထွက်သည့်အခါ ကျေးဇူးတော်ကို သီးသန့်
  4. ဖော်ပြထားသည့်အကြောင်းအရင်းမှာ ဗလီဝတ်ကျောင်းတော်၏ပြင်ပသည် စားနပ်ရိက္ခာရှာဖွေရာနေရာဖြစ်သည်။ သို့ဖြစ်၍ လူတိုင်းအား မိမိအခြေအနေဖြင့် သင့်လျော်သည့်အတိုင်း မိမိအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်တွင် ဒုအာဆုမွန်တောင်းဆိုရန် ပြဌာန်းထားခြင်းဖြစ်သည်။
ထပ်၍