عن أبي هريرة رضي الله عنه: أن النبي صلى الله عليه وسلم قال: «صلاة في مسجدي هذا خير من ألف صلاة فيما سواه إلا المسجد الحرام».
[صحيح] - [متفق عليه]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၏ ဤဗလီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည် မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှအပ အခြားဗလီဝတ်ကျောင်းတော်များ၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ခဲ့မှာ- ဧကန်အမှန်ပင် ကိုယ်တော်၏ ဗလီဝတ်ကျောင်းတော်တွင် ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည် မက္ကဟ်မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှအပ အခြားဗလီဝတ်ကျောင်းတော်များ၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင် ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်သည်။ အဘယ်ကြောင့်ဆိုသော် မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်တွင် ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည် အခြားဗလီဝတ်ကျောင်းတော်များတွင် ဆွလာသ်အကြိမ်ပေါင်းတစ်သိန်းဆောက်တည်ခြင်းထက် သာပိုမွန်မြတ်ကြောင်း အခြားဟဒီးဆ်သြဝါဒတော်များတွင် လာရှိထားသည်။ ဤဟဒီးဆ်တော်တွင် မတ်စ်ဂျိဒ်ဟရာမ်နှင့် မတ်စ်ဂျိဒ်နဗဝီ၏ ထွတ်မြတ်မှုနှင့် ထိုဗလီဝတ်ကျောင်းတော်နှစ်ခုတွင် ဆွလာသ်ဆောက်တည်ခြင်း၏ အကျိုးကုသိုလ်သည် အခြားဗလီဝတ်ကျောင်းတော်များတွင်ဆောက်တည်ခြင်းထက် ပို၍များပြားကြောင်းဖော်ပြထားသည်။

ဘာသာပြန်: အင်္ဂလိပ်
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. မတ်စ်ဂျိဒ်ဟရာမ်တွင် ဆွလာသ်ဆောက်တည်ခြင်း၏ ထွတ်မြတ်မှုကို ဖော်ပြသည်။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ဗလီတွင် ဆွလာသ်ဆောက်တည်ခြင်းသည် မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှလွဲ၍ အခြားဗလီဝတ်ကျောင်းတော်များ၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင် ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်ကြောင်း ဖော်ပြထားသည်။
  3. မက္ကဟ်မြို့တော်သည် မဒီနာမြို့ထက်ပို၍မွန်မြတ်ခြင်းမှာ မက္ကဟ်မြို့တော်၌ ဆွလာသ်ဆောက်တည်ခြင်းသည် မဒီနာမြို့တွင်ဆွလာသ်ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်ခြင်းကြောင့်ဖြစ်သည်။
ထပ်၍