عن النُّعمان بن بَشير رضي الله عنه قال: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ -وَأَهْوَى النُّعْمَانُ بِإِصْبَعَيْهِ إِلَى أُذُنَيْهِ-:
«إِنَّ الْحَلَالَ بَيِّنٌ وَإِنَّ الْحَرَامَ بَيِّنٌ، وَبَيْنَهُمَا مُشْتَبِهَاتٌ لَا يَعْلَمُهُنَّ كَثِيرٌ مِنَ النَّاسِ، فَمَنِ اتَّقَى الشُّبُهَاتِ اسْتَبْرَأَ لِدِينِهِ وَعِرْضِهِ، وَمَنْ وَقَعَ فِي الشُّبُهَاتِ وَقَعَ فِي الْحَرَامِ، كَالرَّاعِي يَرْعَى حَوْلَ الْحِمَى يُوشِكُ أَنْ يَرْتَعَ فِيهِ، أَلَا وَإِنَّ لِكُلِّ مَلِكٍ حِمًى، أَلَا وَإِنَّ حِمَى اللهِ مَحَارِمُهُ، أَلَا وَإِنَّ فِي الْجَسَدِ مُضْغَةً، إِذَا صَلَحَتْ صَلَحَ الْجَسَدُ كُلُّهُ، وَإِذَا فَسَدَتْ فَسَدَ الْجَسَدُ كُلُّهُ، أَلَا وَهِيَ الْقَلْبُ».
المزيد
နုအ်မာန် ဗင်န်ဗရှီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ (နုအ်မာန်သည် သူ၏ လက်ချောင်းနှစ်ချောင်းဖြင့် မိမိနားနှစ်ဖက်သို့ ညွှန်ပြခဲ့သည်။)
« ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်) အရာသည်လည်း ထင်ရှားသည်။ ထိုနှစ်ခုအကြား၌ သံသယဖြစ်ဖွယ် ကိစ္စရပ်များရှိပြီး ၎င်းတို့ကို များစွာသောလူတို့မသိကြပေ။ ထို့ကြောင့် မည်သူမဆို သံသယဖြစ်ဖွယ် ကိစ္စရပ်များကို ရှောင်ကြဉ်မည်ဆိုပါက မိမိ၏သာသနာနှင့် သိက္ခာကို ထိန်းသိမ်းလိုက်ခြင်းပင်ဖြစ်သည်။ အကြင်သူသည် သံသယဖြစ်ဖွယ် ကိစ္စရပ်များတွင် ကျရောက်သွားပါက ထိုသူသည် ဟရာမ် သို့ကျရောက်သွားမည်ဖြစ်သည်။ (ထိုသူ၏ပမာသည်)၊ တားမြစ်ထားသော စားကျက်အနီးတွင် မိမိသိုး၊ဆိတ်တို့ကို ကျောင်းသည့် (ဆိတ်)ကျောင်းသားကဲ့သို့ဖြစ်ပြီး ၎င်းသည် ထို(တားမြစ်ထားသောစားကျက်)ထဲသို့ ကျရောက်ရန် နီးကပ်သွားပြီဖြစ်သည်။ သတိပြုကြလေကုန်။ အမှန်တကယ် ဘုရင်တိုင်းတွင် (ကိုယ်ပိုင်) သီးသန့်တားမြစ် နယ်နိမိတ် ရှိကြလေသည်။ သတိပြုကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ တားမြစ်နယ်နိမိတ်သည် အရှင်မြတ်တားမြစ်ထားသည့် (ဟရာမ်) အရာများပင်ဖြစ်သည်။ သတိပြုကြလေကုန်။ အမှန်တကယ်ပင် ခန္ဓာကိုယ်တွင် အသားတုံးတစ်တုံးရှိသည်။ ထိုအသားတုံး မှန်ကန်ကောင်းမွန်လျှင် ခန္ဓာကိုယ်တစ်ခုလုံး မှန်ကန်ကောင်းမွန်နေမည်ဖြစ်သည်။ ထိုအသားတုံး ပျက်စီးလျှင် ကိုယ်ခန္ဓာတစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။ သတိပြုကြလေကုန်။ ထိုအရာသည် နှလုံးသားပင်ဖြစ်သည်။»