ဟဒီးဆ်တော်များစာရင်း

ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်) အရာသည်လည်း ထင်ရှားသည်။ ထိုနှစ်ခုအကြား၌ သံသယဖြစ်ဖွယ် ကိစ္စရပ်များရှိပြီး ၎င်းတို့ကို များစွာသောလူတို့မသိကြပေ။ ထို့ကြောင့် မည်သူမဆို သံသယဖြစ်ဖွယ် ကိစ္စရပ်များကို ရှောင်ကြဉ်မည်ဆိုပါက မိမိ၏သာသနာနှင့် သိက္ခာကို ထိန်းသိမ်းလိုက်ခြင်းပင်ဖြစ်သည်။ အကြင်သူသည် သံသယဖြစ်ဖွယ် ကိစ္စရပ်များတွင် ကျရောက်သွားပါက ထိုသူသည် ဟရာမ် သို့ကျရောက်သွားမည်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းနှင့် အခြားသူကို ထိခိုက်နစ်နာအောင်ပြုခြင်းတို့ မပြုလုပ်ရ။
عربي အင်္ဂလိပ် ပြင်သစ်
ငါကိုယ်တော် အသင်တို့အား တားမြစ်ထားသောအရာများကို ရှောင်ကြဉ်ကြပါ၊ ထို့နောက် ငါကိုယ်တော် အသင်တို့အား အမိန့်ပေးထားသောအရာများကို အသင်တို့ စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသောသူများအား ပျက်ဆီးစေခဲ့သည့် အကြောင်းအရင်းမှာ မလိုအပ်ဘဲ အမေးမြန်းထူခြင်းနှင့် ၎င်းတို့၏ တမန်တော်များအား သွေဖည်ဆန့်ကျင်ကြခြင်းတို့ကြောင့်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိသတ်မှတ်ထားသည့် (ဖရ်ဿွ်) တာဝန်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသကဲ့သို့ မိမိလျော့ပေါ့ပေးထားသည့် ခံစားခွင့်ကို ကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။
عربي အင်္ဂလိပ် ပြင်သစ်
အကယ်၍ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဝမ်းဗိုက်ထဲ၌ တစ်စုံတစ်ရာခံစားရပြီး လေလည်လိုက်ခြင်းရှိ၊ မရှိသံသယဖြစ်ပါက အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။
عربي အင်္ဂလိပ် ပြင်သစ်