عَنْ أُمِّ عَطِيَّةَ رَضِيَ اللَّهُ عَنْهَا قَالَتْ:
نُهِينَا عَنِ اتِّبَاعِ الجَنَائِزِ، وَلَمْ يُعْزَمْ عَلَيْنَا.
[صحيح] - [متفق عليه] - [صحيح البخاري: 1278]
المزيــد ...
အွမ်မု အသွိယဟ် ( ရဿွိယလ္လာဟုအန်ဟာ ) ဆင့်ပြန်ပြောကြားခဲ့သည်။
ကျွန်မတို့ဟာ ဂျနာဇဟ်နောက်ကနေ လိုက်ပါခြင်းမှ တားမြစ်ခြင်းခံရတယ်။ သို့သော် ကျွန်မတို့အပေါ် အတင်းအကျပ် တားမြစ်ခဲ့တာမျိုးတော့ မဟုတ်ပါ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1278]
အွမ်မုအသွိယဟ် အလ်အန်ဆွာရိယဟ် ( ရဿွိယလ္လာဟု အန်ဟာ )ကတင်ပြခဲ့သည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများအား ဂျနာဇဟ်နှင့်အတူ လိုက်ပါခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထိုသို့တားမြစ်ရခြင်းမှာ အမျိုးသမီးများအတွက်လည်းကောင်း၊ အမျိုးသမီးများကြောင့်လည်းကောင်း ဖြစ်ပေါ်လာနိုင်သော ဖိသ်နဟ်များကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ထို့ပြင် သူမတို့၏ သည်းခံနိုင်စွမ်း နည်းပါးခြင်းကြောင့်လည်းဖြစ်သည်။ ထို့နောက် အွမ္မုအသွိယဟ်သခင်မက ဆက်လက်တင်ပြသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အခြားသော တားမြစ်ချက်များတွင် ပြုလုပ်လေ့ရှိသကဲ့သို့ ဤတားမြစ်ချက်ကို တင်းတင်းကျပ်ကျပ် မပြုလုပ်ခဲ့ ပေ။