عَن أَبِي أُمَامَةَ قَالَ: حَدَّثَنِي عَمْرُو بْنُ عَبَسَةَ رضي الله عنه أَنَّهُ سَمِعَ النَّبِيَّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«أَقْرَبُ مَا يَكُونُ الرَّبُّ مِنَ العَبْدِ فِي جَوْفِ اللَّيْلِ الآخِرِ، فَإِنْ اسْتَطَعْتَ أَنْ تَكُونَ مِمَّنْ يَذْكُرُ اللَّهَ فِي تِلْكَ السَّاعَةِ فَكُنْ».

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူအုမာမဟ် ကပြောသည်မှာ အမ်ရုဗ်နုအဗစဟ်(ရဿွိယလ္လာဟုအန်ဟု)က ကျွန်ုပ်အားဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်မှာ ည၏နောက်ဆုံးပိုင်းဖြစ်ပြီး အကယ်၍အသင်သည် ယင်းအချိန်၌အလ္လာဟ်အရှင်မြတ်အား သတိရတသနေသူများအနက်မှဖြစ်နိုင်ပါက ဖြစ်လိုက်ပါလေ။

صحيح رواه أبو داود والترمذي والنسائي سنن الترمذي - 3579

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အရှင်မြတ်သည် ည၏နောက်ဆုံးသုံးပုံတစ်ပုံအချိန်တွင် လူသားနှင့်အလွန်နီးကပ်စွာ ရှိတော်မူ၏။ သို့ဖြစ်၍ အို-မုအ်မင်သက်ဝင်ယုံကြည်သူ၊ အကယ်၍ သင်သည် ထိုအချိန်၌ အရှင်မြတ်အားခဝပ်ကိုးကွယ်သူများ၊ ဆွလာသ်ဝတ်ပြုသူများ၊ သတိရတသသူများ၊ သောင်ဝ်‌ဗဟ်အမှားဝန်ချတောင်းပန်သူများ အနက်မှဖြစ်နိုင်ပါက ဤသည် အဖိုးမဖြတ်နိုင်သော အခွင့်အရေး၊ ကြိုးစားအားထုတ်ရ‌သောအချိန်ဖြစ်သောကြောင့် အသင်သည် ၎င်းတို့အနက်မှဖြစ်လိုက်ပါလေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်အား ည၏နောက်ဆုံးပိုင်းတွင် ဇိက်ရ်အရှင်မြတ်အား သတိရတသရန်တိုက်တွန်းထားသည်။
  2. ဇိက်ရ်အရှင်မြတ်အား သတိရတသခြင်း၊ ဒုအာ‌ဆုတောင်းခြင်း၊ ဆွလာသ်ဝတ်ပြုခြင်း စသည်တို့အားပြုလုပ်ရန်အတွက် အချို့အချိန်သည် အချို့အချိန်ထက်သာပိုမွန်မြတ်ကြောင်းသိရှိရသည်။
  3. “မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်” ဟုဆိုထားသောဟဒီးဆ်တော်နှင့် “လူသားသည် အလ္လာဟ်အရှင်မြတ်နှင့်အနီးကပ်ဆုံးအချိန်မှာ သူစဂ်ျဒဟ်ဦးချသော အချိန်ဖြစ်သည်” ဟုဆိုထားသော ဟဒီးဆ်တော်၏ခြားနားမှုကို “မီးရက်”အမည်နှင့်ကျော်ကြားသောပညာရှင်က ဤသို့ရှင်းပြထားသည်။ ပထမ ဟဒီးဆ်တော်၏အလိုသဘောမှာ မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်မှာ ည၏နောက်ဆုံးပိုင်းဖြစ်ကြောင်းကို ဆိုလို၍ ဒုတိယ ဟဒီးဆ်တော်၏အလိုသဘောမှာလူသား၏ခြေအနေများအနက်မှ အလ္လာဟ်အရှင်မြတ်နှင့်အနီးကပ်ဆုံးအခြေအနေမှာ သူစဂ်ျဒဟ်ဦးချလျက်ရှိသောအခြေအနေဖြစ်ကြောင်း ဆိုလိုပေသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

52 ဘာသာစကား
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية