عَنْ ثَوْبَانَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«أَفْضَلُ دِينَارٍ يُنْفِقُهُ الرَّجُلُ، دِينَارٌ يُنْفِقُهُ عَلَى عِيَالِهِ، وَدِينَارٌ يُنْفِقُهُ الرَّجُلُ عَلَى دَابَّتِهِ فِي سَبِيلِ اللهِ، وَدِينَارٌ يُنْفِقُهُ عَلَى أَصْحَابِهِ فِي سَبِيلِ اللهِ» قَالَ أَبُو قِلَابَةَ: وَبَدَأَ بِالْعِيَالِ، ثُمَّ قَالَ أَبُو قِلَابَةَ: وَأَيُّ رَجُلٍ أَعْظَمُ أَجْرًا مِنْ رَجُلٍ يُنْفِقُ عَلَى عِيَالٍ صِغَارٍ، يُعِفُّهُمْ أَوْ يَنْفَعُهُمُ اللهُ بِهِ وَيُغْنِيهِمْ.
المزيد
စောင်ဗားန်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
" လူတစ်ဦးသုံးစွဲလိုက်သည့် ဒီနာရ်(ငွေကြေး )တို့အနက်အမြတ်ဆုံးမှာ မိမိ မိသားစုအတွက်သုံးစွဲလိုက်သည့် ဒီနာရ်၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏
အစီးအနင်းအတွက် သုံးစွဲလိုက်သည့် ဒီနာရ် နှင့်အလ္လာဟ်အရှင်မြတ်၏
လမ်းတော်တွင် မိမိ၏မိတ်ဆွေများအတွက် သုံးစွဲလိုက်သည့် ဒီနာရ်တို့ဖြစ်သည်။ အဘူကိလာဗဟ်က(ဟဒီးစ်တော်တွင်) မိသားစုဖြင့်စတင်ထားသည်ဟုပြောပြခဲ့ပြီးနောက် ဆက်လက်ပြောသည်မှာ မိမိ၏ငယ်ရွယ်သည့်သားသမီးများအပေါ်သုံးစွဲသူထက် ပို၍မည်သူသည် ကုသိုလ်အကျိုးကြီးမားနိုင်မည်နည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာဖြင့်၎င်းတို့အား တားမြစ်ထားသောအရာများမှ ရှောင်ရှားစေပြီး၊ အကျိုးဖြစ်ထွန်းစေကာ ကြွယ်ဝစေတော်မူသည်။