عن عمر بن الخطاب رضي الله عنه عن النبي صلى الله عليه وسلم أنه قال: «لو أنكم كنتم توَكَّلُون على الله حق توَكُّلِهِ لرزقكم كما يرزق الطير، تَغْدُو خِمَاصَاً، وتَرُوحُ بِطَاناَ».
[صحيح] - [رواه الترمذي وابن ماجه وأحمد]
المزيــد ...

အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်။အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အားကိုးထိုက်သည့်အတိုင်း ယုံပုံအားကိုးမည်ဆိုလျှင် နံနက်ခင်းတွင် ဝမ်းဗိုက် ဟောင်းလောင်းဖြင့် ထွက်သွားကြပြီး ညနေတွင် ဝမ်းဗိုက်ပြည့်လျက် ပြန်လာကြသည့် ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာချီးမြှင့်သကဲ့သို့ သင်တို့အား ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အိဗ်နုမာဂျဟ်ကျမ်း။

ရှင်းလင်းချက်

ကျွန်ုပ်တို့၏ အရေးကိစ္စတိုင်း၌ အလ္လာဟ်အရှင်မြတ်အား ယုံပုံအားကိုးရန် ဤဟဒီးဆ်တော်ကလမ်းညွှန်ထားသည်။ (သဝက္ကုလ်)၏ သဘောတရား အစစ်အမှန်မှာ လောကီရေးနှင့် သာသနာရေး ကိစ္စများ၌ အကျိုးရှိသော အရာများကို ရယူခြင်းနှင့် ဆိုးကျိုးဖြစ်စေသော အရာများကို ဖယ်ရှားခြင်းတွင် အလ္လာဟ်အရှင်မြတ် အပေါ်မှီခိုအားထားမှုပြုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချွတ်ယွင်းမှု အပေါင်းမှကင်းစင်တော်မူသော အရှင်မြတ်မှအပ အခြားမည်သူမျှ ပေးကမ်းချီးမြှင့်ခြင်း၊ တားဆီးပိတ်ပင်ခြင်း၊ ဆိုးကျိုးဖြစ်စေခြင်း၊ ကောင်းကျိုးပေးခြင်း တို့ကိုမပြုလုပ်နိုင်ပေ။ လူသားသည် အလ္လာဟ်အရှင်မြတ်အပေါ် အားကိုးခြင်းနှင့်အတူ မိမိအတွက် အကျိုးရှိသော အရာများကို ဆောင်ကြဥ်းပေးပြီး၊ ဆိုးကျိုးဖြစ်စေသော အရာများကို ဖယ်ရှားပေးမည့် အကြောင်းခံများကို ပြုလုပ်ရန်လည်း လိုအပ်ပေသည်။ (ထိုမှတစ်ပါး မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်အားထားပါမူ ထိုအရှင်မြတ်သည် ထိုသူ၏အဖို့ လုံလောက်တော်မူ၏။) (ကုရ်အာန် ၆၅:၃) (စင်စစ်တမူကား ယုံကြည်အားထား လွှဲအပ်သူတို့သည်ထိုအလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်အားထားလွှဲအပ်ထိုက်ပေသတည်း။) (ကုရ်အာန် ၁၂:၆၇) သို့ဖြစ်၍ ကျွန်တစ်ဦးသည် ထိုအတိုင်းလိုက်နာဆောင်ရွက်သောအခါတွင် နံနက်ခင်းတွင် ဆာလောင်လျက် ထွက်သွားကြပြီး ညနေတွင် ဝမ်းဗိုက်အပြည့်ဖြင့် ပြန်လာကြသည့် ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာ ချီးမြှင့်သကဲ့သို့ ၎င်းကိုလည်း ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. (သဝက္ကုလ်) ယုံပုံအားကိုးခြင်း၏ ထူးမြတ်မှုနှင့် ၎င်းသည် ရိုဇီရိက္ခာရရှိရန်အတွက် အကြီးမားဆုံး အကြောင်းခံများအနက်မှ တစ်ခုဖြစ်ကြောင်း တင်ပြထားသည်။
  2. အကြောင်းခံများအပေါ် အာရုံထားခြင်းသည် (သဝက္ကုလ်) ယုံပုံအားကိုးခြင်းနှင့် မဆန့်ကျင်ပေ။ အဘယ့်ကြောင့်ဆိုသော် စစ်မှန်သော(သဝက္ကုလ်) ယုံပုံအားကိုးအားထားခြင်းသည် မနက်ခင်းနှင့် ညနေခင်းတို့တွင် စားဝတ်နေရေးရှာဖွေရန်အတွက် အပြင်ထွက်ခြင်းနှင့် ဆန့်ကျင်မှုမရှိကြောင်း ကိုယ်တော်မြတ်က အသိပေးထားသည်။
  3. ရှရီအဟ် တရားဥပဒေသည် နှလုံးသား၏ လုပ်ဆောင်ချက်များကို အလေးထားသည်။ အဘယ့်ကြောင့်ဆိုသော် သဝက္ကုလ်သည် နှလုံးသား၏ အမလ် လုပ်ဆောင်ချက်ပင်ဖြစ်သည်။
  4. အလ္လာဟ်အရှင်မြတ်ကို သဝက္ကုလ် လုပ်ခြင်းသည် ရိုဇီရိက္ခာ ရရှိရန်အတွက် နာမ်ပိုင်းဆိုင်ရာအကြောင်းခံဖြစ်ပြီး၊ ရုပ်ပိုင်းဆိုင်ရာအကြောင်းခံကို ပြုလုပ်ခြင်းသည် သဝက္ကုလ်အား မဆန့်ကျင်ပေ။
  5. လိုအပ်ချက်တိုင်းအတွက် အလ္လာဟ်အရှင်မြတ်အပေါ် သဝက္ကုလ် လုပ်ရန် ပြဌာန်းထားသည်။ ၎င်းသည် အီမာန်သက် ဝင်ယုံကြည်မှု၏ တာဝန်များအနက်မှပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - (၎င်းပြင် အသင်တို့သည် အကယ်၍‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြလေကုန်။) ကုရ်အာန် (၅:၂၃)
ထပ်၍