عَن ابنِ عباسٍ رضي الله عنهما أنَّ رسولَ اللهِ صلي الله عليه وسلم قال:
«لَو يُعطَى النّاسُ بدَعواهُم لادَّعَى رِجالٌ أموالَ قَومٍ ودِماءَهُم، ولَكِنَّ البَيِّنَةَ على المُدَّعِى، واليَمينَ على مَن أنكَرَ».
[صحيح] - [رواه البيهقي] - [السنن الكبرى للبيهقي: 21243]
المزيــد ...
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ
လူတို့အား ၎င်းတို့တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားစွဲသူသည် ခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ စွဲချက်ကို ငြင်းပယ်သူသည် ကျိန်၍ငြင်းရမည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗိုင်ဟကီကျမ်း။] - [السنن الكبرى للبيهقي - 21243]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းစွာမိန့်ကြားတော်မူသည်မှာ မည်သူ့ကိုမဆို သက်သေအထောက်အထားမရှိဘဲ တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားလိုသည် မိမိတင်လိုက်သည့်စွဲချက်အားခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ အကယ်၍တရားလိုသည် အထောက်အထားမပြနိုင်ပါက စွပ်စွဲခံရသူအား စွပ်စွဲချက်နှင့်စပ်လျဉ်း၍မေးမြန်းရမည်။ ထိုသို့မေးမြန်းသောအခါ စွပ်စွဲခံရသူက ငြင်းပယ်လျှင်စွပ်စွဲခံရသူသည် ကျိန်ဆိုပြီးနောက် ပြစ်မှုမှလွတ်မြောက်မည်ဖြစ်သည်။