အမျိုးအစား:

عَن ابنِ عباسٍ رضي الله عنهما أنَّ رسولَ اللهِ صلي الله عليه وسلم قال:
«لَو يُعطَى النّاسُ بدَعواهُم لادَّعَى رِجالٌ أموالَ قَومٍ ودِماءَهُم، لَكِنَّ البَيِّنَةَ على المُدَّعِى، واليَمينَ على مَن أنكَرَ».

[حسن] - [رواه البيهقي، وغيره هكذا، وبعضه في الصحيحين] - [الأربعون النووية: 33]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ
"လူတို့အား ၎င်းတို့တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်‌သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားစွဲသူသည် ခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ စွဲချက်ကို ငြင်းပယ်သူသည် ကျိန်၍ငြင်းရမည်။

[حسن] - [رواه البيهقي وغيره هكذا وبعضه في الصحيحين] - [الأربعون النووية - 33]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းစွာမိန့်ကြားတော်မူသည်မှာ မည်သူ့ကိုမဆို သက်သေအ‌ထောက်အထားမရှိဘဲ တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်‌သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားလိုသည် မိမိတင်လိုက်သည့်စွဲချက်အားခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ အကယ်၍တရားလိုသည် အထောက်အထားမပြနိုင်ပါက စွပ်စွဲခံရသူအား စွပ်စွဲချက်နှင့်စပ်လျဉ်း၍မေးမြန်းရမည်။ ထိုသို့မေးမြန်းသောအခါ စွပ်စွဲခံရသူက ငြင်းပယ်လျှင်စွပ်စွဲခံရသူသည် ကျိန်ဆိုပြီးနောက် ပြစ်မှုမှလွတ်မြောက်မည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိဗ်ုဒကီးကုလ်အီးဒ် ကဆိုသည်မှာ ဤ‌ဟဒီးဆ်တော်သည် အမိန့်ပညတ်ချက်များ၏အခြေခံများအနက်မှ အခြေခံတစ်ရပ်ဖြစ်သည်။ အငြင်းပွါးခြင်း၊ အခြေအတင်ဖြစ်ခြင်းများဖြစ်ပေါ်လာသောအခါ ကိုးကားရမည့် အကြီးမားဆုံးသော ကိုးကားချက်ပင်ဖြစ်သည်။
  2. အစ္စလာမ့်တရားဥပဒေသည် လူသားများ၏ ဥစ္စာပစ္စည်း၊ အသက်နှင့်သွေးတို့ကို လိမ်လည်လှည့်ဖြားမှု မှ ကာကွယ်ရန် လာရှိခဲ့သည်။
  3. တရားသူကြီးသည် မိမိ၏အသိပညာဖြင့် စီရင်ခြင်းမပြုဘဲ သက်သေအထောက်အထားများကိုသာ ကိုးကားရမည်။
  4. အခွင့်အရေးများနှင့်စီးပွားရေးလုပ်ငန်းများ၌ဖြစ်စေ၊ အီမာန်ယုံကြည်မှုနှင့် သာသနာ့ပညာ၌ဖြစ်စေ မည်သည့်သက်သေအထောက်အထားမှမရှိ‌သောတရားစွဲဆိုသူတို့၏တရားစွဲမှုတိုင်းသည် ပယ်ချခြင်းခံရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (54)
အမျိုးအစားများ
ထပ်၍