عَنْ أَنَسٍ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قالَ:
«لاَ يُؤْمِنُ أَحَدُكُمْ، حَتَّى يُحِبَّ لِأَخِيهِ مَا يُحِبُّ لِنَفْسِهِ».

[صحيح] - [متفق عليه] - [صحيح البخاري: 13]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မိမိအတွက်နှစ်သက်သည့်အရာကို မိမိညီနောင်မွတ်စ်လင်မ်အတွက် မနှစ်သက်သမျှ ကာလပတ်လုံး အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ စစ်မှန်သည့် မုအ်မင်န်မဖြစ်နိုင်ပေ။

[صحيح] - [متفق عليه] - [صحيح البخاري - 13]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် မိမိအတွက် နှစ်သက်သည့်ကောင်းမှုများ၊ သာသနာရေးနှင့် လောကီရေး ကောင်းကျိုးများအားလုံးကို မိမိညီနောင်အတွက် နှစ်သက်ခြင်း မရှိသေးသမျှ သူ၏အီမာန်သက်ဝင်ယုံကြည်မှုသည် ပြည့်ဝလိမ့်မည် မဟုတ်ပေ။ ထို့အတူ မိမိအတွက် မနှစ်သက်သောအရာများကို မိမိ၏ညီနောင်အတွက်လည်း မနှစ်သက်ရပါ။ အကယ်၍ မိမိ၏မွတ်စ်လင်မ်ညီနောင်တွင် ဘာသာရေးဆိုင်ရာ ချို့ယွင်းချက်တစ်စုံတစ်ရာကို တွေ့မြင်ပါက သူ့အားပြုပြင်ပေးရန် ကြိုးစားအားထုတ်ရမည်။ အကယ်၍ သူ့ထံတွင် ကောင်းခြင်းတစ်စုံတစ်ရာကို တွေ့မြင်ရပါက ထောက်ပံ့ကူညီပေးရမည်။ သူ၏ဘာသာရေး၊ လောကီရေးနှင့်ပတ်သက်၍ ကောင်းခြင်းကိုသာ ရှေးရှုပြီး ပြောဆိုဆက်ဆံရမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မိမိအတွက် နှစ်သက်သည့်အရာကို မိမိ၏ညီနောင်အတွက်လည်း နှစ်သက်ရန်အရေးကြီးသည်။ မိမိအတွက် နှစ်သက်သည့်အရာကို မိမိညီနောင်အတွက် မနှစ်သက်ပါက ပြည့်ဝသော အီမာန်မရှိနိုင်ဟုဆိုထားခြင်းက ဤကိစ္စအရေးကြီးကြောင်းကို ညွှန်ပြနေသည်။
  2. အလ္လာဟ်အရှင်မြတ်အတွက် ညီနောင်ဖြစ်ခြင်းသည် သွေးသားတော်စပ်မှုကြောင့် ညီနောင်ဖြစ်ခြင်းထက် အဆင့်အတန်းပိုမြင့်သည်။ ထို့ကြောင့် ၎င်း၏ အခွင့်အရေးအား ပို၍ဂရုစိုက်ရမည်။
  3. ထိုသို့နှစ်သက်ခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော စကားရပ်များ၊ အပြုအမူများဖြစ်သည့် လှည့်ဖြားခြင်း၊ ကုန်းချောခြင်း၊ မနာလိုဝန်တိုစိတ်ထားခြင်း၊ မွတ်စ်လင်မ်တစ်ဦး၏ အသက်၊ ဥစ္စာဓန၊ ဂုဏ်သိက္ခာကို ထိပါးခြင်း စသည်တို့သည် ဟရာမ်ဖြစ်သည်။
  4. ဟဒီးဆ်တော်တွင် “မိမိ၏ညီနောင်အတွက်”ဟူ၍ မိန့်ကြားထားသည့်အတွက် လက်တွေ့ကျင့်သုံးလာစေရန် လှုံ့ဆော်ပေးသော စကားရပ်အချို့ကို အသုံးပြုထားကြောင်းသိရှိရသည်။
  5. အလ်ကိရ်မာနီး (ရဟိမဟုလ္လာဟ်)က ပြောကြားသည်မှာ မိမိအတွက် မုန်းတီးသည့် မကောင်းခြင်းဟူသမျှကို မိမိ၏ညီနောင်အတွက် မုန်းတီးခြင်းသည် အီမာန်ယုံကြည်မှုရှိခြင်း ဖြစ်သည်။ သို့သော် ဤအချက်ကို ဟဒီးဆ်တော်၌မဖော်ပြရခြင်းမှာ တစ်စုံတစ်ရာကို ချစ်ခြင်းသည် ၎င်းနှင့် ဆန့်ကျင်သည့်အရာကိုပါ မုန်းတီးစေသည်။ ထို့ကြောင့် ချစ်ခြင်းနှင့် ဆိုင်သော အမိန့်ကိုသာဖော်ပြ ထားပြီး မုန်းတီးခြင်းနှင့် သက်ဆိုင်သော စကားရပ်ကို မဖော်ပြဘဲ ချန်ထားခဲ့ခြင်းဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍