عَنِ ابنِ مَسعُودٍ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَا يَحِلُّ دَمُ امْرِئٍ مُسْلِمٍ إِلَّا بِإِحْدَى ثَلَاثٍ: الثَّيِّبُ الزَّانِي، وَالنَّفْسُ بِالنَّفْسِ، وَالتَّارِكُ لِدِينِهِ المُفَارِقُ لِلْجَمَاعَةِ».
[صحيح] - [متفق عليه] - [صحيح مسلم: 1676]
المزيــد ...
အိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
မုစ်လင်မ်တစ်ဦးအား အချက်သုံးချက်အနက် တစ်ချက်ချ
က်မရှိဘဲ သတ်ခွင့်မရှိပေ။ ယင်းအချက်သုံးချက်မှာ - ဇိနာကျူးလွန်သည့် အိမ်ထောင်သည်၊ လူတစ်ဦးကို သတ်တယ့်အစား ပြန်သတ်ခြင်း၊ မိမိ၏ သာသနာကို စွန့်လွှတ်ပြီး မုစ်လင်တို့၏ ဂျမာအသ်အစုအဖွဲ့ကို စွန့်ခွါသူ တို့ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1676]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မုစ်လင်မ်တစ်ဦး၏ သွေး (အသက်အားမတော်မတရား သတ်ဖြတ်ခြင်း ) သည် ဟရာမ် ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ သို့ရာတွင် အောက်ပါအမှုသုံးရပ်အနက်မှ တစ်ခုခုကို ကျူးလွန်သူအား သတ်ဖြတ်ခြင်းသည် ခွင့်ပြုထားသည်- ပထမအမှု - တရားဝင်လက်ထပ်ထိမ်းမြားပြီး သူတစ်ဦးသည် ဇိနာအမှုကို ကျူးလွန်ပါက၊ ထိုသူကို (ရဂျမ်) ကျောက်ခဲနှင့်ပစ်၍ သတ်ရမည်။ ဒုတိယအမှု - တရားတော်အရ အပြစ်ကင်းသောသူကို ရည်ရွယ်ချက်ရှိရှိ မတရားသတ်ဖြတ်သူသည် (သေဒဏ်ချမှတ်ခံရရန်သတ်မှတ်ထားသော)စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသတ်ခံရမည်ဖြစ်သည်။ (သေဒဏ်ပေးခြင်းခံရမည်။ ) တတိယအမှု - မုစ်လင်မ်တို့၏ဂျမာအသ် ( အစုအဖွဲ့ ) မှ ခွဲထွက်သူဖြစ်သည်။ ယင်းသည်- · အစ္စလာမ်သာသနာကို လုံးဝစွန့်လွှတ်၍ မုရ်သဒ်အဖြစ် ခွဲထွက်သူ (သို့မဟုတ်) မုရ်သဒ်မဖြစ်သော်လည်း အစ္စလာမ်သာသနာ၏ အချို့သောသွန်သင်ချက်များကို ဆန့်ကျင်၍ မုစ်လင်မ်အသိုက်အဝန်းမှ ခွဲထွက်သူ၊ ဥပမာ- ပုန်ကန်ထကြွသူများ၊ လုယက်သူများ၊ မုစ်လင်မ်များနှင့် စစ်မက်ပြုသူ ခါရီဂျီ ( ခွဲထွက်ရေးသမား )များ အပါအဝင်အခြားသော အုပ်စုများမှ ခွဲထွက်သူများ ဖြစ်ကြသည်။