အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်) အရာသည်လည်း ထင်ရှားသည်။ ထိုနှစ်ခုအကြား၌ သံသယဖြစ်ဖွယ် ကိစ္စရပ်များရှိပြီး ၎င်းတို့ကို များစွာသောလူတို့မသိကြပေ။ ထို့ကြောင့် မည်သူမဆို သံသယဖြစ်ဖွယ် ကိစ္စရပ်များကို ရှောင်ကြဉ်မည်ဆိုပါက မိမိ၏သာသနာနှင့် သိက္ခာကို ထိန်းသိမ်းလိုက်ခြင်းပင်ဖြစ်သည်။ အကြင်သူသည် သံသယဖြစ်ဖွယ် ကိစ္စရပ်များတွင် ကျရောက်သွားပါက ထိုသူသည် ဟရာမ် သို့ကျရောက်သွားမည်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု အသင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။
عربي အင်္ဂလိပ် ပြင်သစ်
လူတစ်ဦးသည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု မပြောမချင်း ကိယာမသ် ဆိုက်ရောက်မည် မဟုတ်ပေ။
عربي အင်္ဂလိပ် ပြင်သစ်
သင့်အပေါ် ၎င်းတို့၏သစ္စာဖောက်မှု၊ အမိန့်မနာခံမှု၊ လိမ်လည်မှုတို့နှင့် ၎င်းတို့အား သင်ပေးသည့် ပြစ်ဒဏ်တို့ကို နှိုင်းယှဉ်တိုင်းဆမည်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်