عَنْ جَرِيرِ بْنِ عَبْدِ اللهِ رَضيَ اللهُ عنه قَالَ:
سَأَلْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنْ نَظَرِ الْفُجَاءَةِ فَأَمَرَنِي أَنْ أَصْرِفَ بَصَرِي.

[صحيح] - [رواه مسلم] - [صحيح مسلم: 2159]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား (သူစိမ်းအမျိုးသမီးအပေါ်မရည်ရွယ်ဘဲ) ရုတ်တရက် ကြည့်ရှုမိခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခဲ့ရာ၊ ကိုယ်တော်သည် ကျွန်ုပ်အား မျက်စိလွဲရန် အမိန့်ပေးတော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2159]

ရှင်းလင်းချက်

ဂျရီရ်ဗင်အဗ်ဒုလ္လာဟ်(ရဿိယလ္လာဟုအန်ဟု) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ယောက်ျားတစ်ဦးသည် သူစိမ်းအမျိုးသမီးတစ်ဦးအား ရည်ရွယ်ချက်မရှိဘဲ ရုတ်တရက်ကြည့်မိသွားခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အားသတိပြုမိသည်နှင့်တပြိုင်နက် ချက်ချင်း မိမိ၏မျက်နှာကို အခြားဘက်သို့ လှည့်လိုက်ရန် အမိန့်ပေးတော်မူပြီး၊ ထိုသို့ပြုလျှင် သူ့အတွက် အပြစ်မရှိ‌ကြောင်း မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မျက်လွှာချထားရန် တိုက်တွန်းနှိုး‌ဆော်ထားခြင်း။
  2. တားမြစ်ထားသောအရာများကို ရုတ်တရက်မတော်တဆ ကြည့်မိပြီးနောက် ဆက်လက်ကြည့်ရှုခြင်းမှ သတိပေးထားခြင်း။
  3. ဆွဟာဗဟ်သာဝကများထံတွင် အမျိုးသမီးများကို ကြည့်ရှုခြင်း၏ တားမြစ်ချက်သည် ခိုင်မာစွာ အမြစ်တွယ်နေကြောင်း ဂျရီရ် (ရဿွိယလ္လာဟုအန်ဟု) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ ရည်ရွယ်ချက်မရှိဘဲ ကြည့်ရှူမိပါက တမင်ရည်ရွယ်၍ ကြည့်ရှူသူ၏ အမိန့်နှင့်တူညီမှုရှိ မရှိကို မေးမြန်းခဲ့ခြင်းက သက်သေပြနေသည်။
  4. ဤဟဒီးဆ်‌မှ ရှရီအသ်တရားတော်သည် လူသားတို့၏ အကျိုးစီးပွားကို အလေးထားကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများကို ကြည့်ရှုခြင်းသည် လောကီနှင့်တမလွန်ဆိုင်ရာ မကောင်းသောအကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သောကြောင့် ယင်းကို ဟရာမ်ဟုသတ်မှတ်ထားခြင်းဖြစ်သည်။
  5. ဆွဟာဗဟ်သာဝကကြီးများသည် မိမိတို့ မရှင်းမလင်းဖြစ်နေသည့်အရာ၊ မသိနားမလည်သည့်အရာများကို အမြဲတစေ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ လာရောက် မေးမြန်းလေ့ရှိကြသည်။ ထို့ကြောင့် လူသာမာန်များသည်လည်း သာသနာ့ပညာရှင်များထံ လာရောက်၍ မိမိတို့မသိနားမလည်သည်များကို မေးမြန်းသင့်ပေသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (51)
ထပ်၍