عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«صِنْفَانِ مِنْ أَهْلِ النَّارِ لَمْ أَرَهُمَا، قَوْمٌ مَعَهُمْ سِيَاطٌ كَأَذْنَابِ الْبَقَرِ يَضْرِبُونَ بِهَا النَّاسَ، وَنِسَاءٌ كَاسِيَاتٌ عَارِيَاتٌ مُمِيلَاتٌ مَائِلَاتٌ، رُؤُوسُهُنَّ كَأَسْنِمَةِ الْبُخْتِ الْمَائِلَةِ، لَا يَدْخُلْنَ الْجَنَّةَ، وَلَا يَجِدْنَ رِيحَهَا، وَإِنَّ رِيحَهَا لَيُوجَدُ مِنْ مَسِيرَةِ كَذَا وَكَذَا».
[صحيح] - [رواه مسلم] - [صحيح مسلم: 2128]
المزيــد ...
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဂျဟန္နမ်ငရဲသားနှစ်မျိုးရှိပေသည်။ ၎င်းတို့အား ငါကိုယ်တော်မမြင်ဘူးပေ။ တစ်အုပ်စုမှာ ၎င်းတို့နှင့်အတူ လူတို့အား ရိုက်နှက်ရန် နွားအမြီးနှင့်တူသောတုတ်များလည်းပါရှိသည်။ (နောက်တစ်အုပ်စုမှာ) အဝတ်အစားများဝတ်ဆင်ထားသော်လည်း အဝတ်အစားမဝတ်ထားသည့်အလား ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေါ်လွင်နေသောအမျိုးသမီးများ၊ ယောက်ျားလေးများအား မြှူဆွယ်လေ့ရှိသောအမျိုးသမီးများ၊ အခြားသူများအား မိမိတို့ပြုလုပ်လေ့ရှိသည့် မြှူဆွယ်မှုများအားပြုလုပ်လာကြရန် လှုံဆော်ပေးသည့် အမျိုးသမီးများ၊ သူမတို့ဦးခေါင်း၏(ဟန်ဆောင်ထေားသော ဆံထုံး)သည် တိမ်းစောင်းနေသော ကုလားအုပ်၏ဘို့ကဲ့သို့ ဖြစ်သည်။ သူမတို့သည် ဂျန္နသ်သို့ဝင်ခွင့်ရမည်လည်းမဟုတ်။ ဂျန္နသ်၏အနံ့လည်းရမည်မဟုတ်ပေ။ (တဖန်ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ) ဂျန္နသ်၏ရနံ့ကို အလွန်ဝေးကွားသော အကွာအဝေးမှရရှိနိုင်ပေသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2128]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျဟန္နမ်ငရဲဘုံသို့ဝင်ရမည့်လူနှစ်မျိုးအနက်မှ မဖြစ်ကြရန် သတိပေးတားမြစ်တော်မူခဲ့သည်။ ကိုယ်တော်သည် ထိုလူနှစ်မျိုးအား မတွေ့ဘူးခဲ့ပေ။ ကိုယ်တော်မြတ်၏ခေတ်တွင်လည်းမရှိပေ။ သို့သော် ထိုလူနှစ်မျိုးသည် မကြာမီပေါ်ထွက်လာလိမ့်မည်။
ပထမတစ်မျိုးမှာ - ၎င်းတို့နှင့်အတူ လူတို့အား ရိုက်နှက်ရန် နွားအမြီးနှင့်တူသော ရှည်လျားသောတုတ်များလည်းပါရှိသည်။ ဆိုလိုသည်မှာ ရဲများ၊ လူတို့အား မတရားသဖြင့်ရိုက်နှက်ကြသော ညှဉ်းပန်းနှိက်စက်သူများအား ကူညီကြသူများ ဖြစ်သည်။
ဒုတိယတစ်မျိုးမှာ - ကာအိန္ဒြေရှိသောအဝတ်အစား၊ အမျိုးသမီးများ၌မွေးရာပါဖြစ်သည့် အရှက်တရားနှင့်ပြည့်စုံလှသော အဝတ်အစားကို ချွတ်လိုက်ကြ သောအမျိုးသမီးများဖြစ်သည်။
ဟဒီးဆ်တော်၌ယင်းအမျိုးသမီးများအား အမှန်တကယ်တွင် အဝတ်အစားဝတ်ဆင်ထားသော်လည်း အဝတ်အစားမဝတ်ထားသည့်အဓိပ္ပါယ်ရသည်ဟုဆိုထားသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့သည် သူမတို့၏အသားအရေကို ပြသနေသည့် ပါးလွှာသော အဝတ်အစားများကို ဝတ်ဆင်ကြသည်။ သူမတို့သည် သူမတို့၏အလှအပကို ပေါ်လွင်ထင်ရှားလိုသည့်အတွက် အချို့သောခန္ဓာအစိတ်အပိုင်းများကို ဖုံးကွယ်ထားပြီး အချို့သောခန္ဓာအစိတ်အပိုင်းများကို ပေါ်လွင်အောင်ပြုလုပ်ထားသည်။ သူမတို့သည် မိမိတို့၏အဝတ်အစားများဖြင့် ယိမ်းနွဲ့၍ ပခုံးများကို လှုပ်ခါလျက် လမ်းလျှောက်ပြီးအမျိုးသားများ၏နှလုံးသားများသည် သူမတို့ဘက်သို့ ကိုင်းညွတ်လာအောင်ပြုလုပ်သောသူမများဖြစ်ကြသည်။ ထို့ပြင်သူမတို့သည် အခြားသူများအားလည်း မိမိတို့ရှိနေကြသည့် လမ်းမှားတိမ်းချော်မှု၌ဝင်ရောက်လာရန် ပြုလုပ်ကြသောသူမများဖြစ်ကြသည်။ သူမတို့၏ဦးခေါင်းများသည် ယိမ်းနေသောကုလားအုပ်ဘို့နှင့်တူသည်။ အကြောင်းမှာ သူမတို့သည် မိမိတို့ဦးခေါင်းအရွယ်အစားကို ကြီးမားအောင်ပြုလုပ်ထားကြပြီး ခေါင်းစည်း သို့မဟုတ် ခေါင်းစည်းနှင့်တူသော အရာများဖြင့်စည်းကာ ဖောင်းကြွအောင်ပြုထားကြသည်။ ဟဒီးဆ်တော်၌ကုလားအုပ်ဘို့နှင့်တူသော ဆံထုံးများဟုဆိုရခြင်းမှာ သူမတို့သည် မိမိတို့၏ဦးခေါင်း ပေါ်၌ဆံပင်များ၊ ဆံထုံးများကို ရစ်ခွေထုံးဖွဲ့၍မြင့်မားအောင်ပြုထားကြပြီး ကုလားအုပ်ဘို့ကဲ့သို ဟိုဘက်ဒီဘက်ယိမ်းအောင်ပြုလုပ်ထားခြင်းကြောင့်ဖြစ်သည်။ ဖေါ်ပြပါ ဂုဏ်အရည်အချင်းများရှိသော အမျိုးသမီးသည် ဂျန္နသ်သုခဘုံသို့ဝင် ရောက်ရမည်မဟုတ်ကြောင်းနှင့် အလွမ်ဝေးကွာသောနေရာမှပင် ရရှိနိုင်သည့် ဂျန္နသ်သုခဘုံ၏အနံ့ကိုပင်လျှင် ရရှိနိုင်မည်မဟုတ်ကြောင်း၊ ဂျန္နသ်သုခဘုံ၏အနားကပ်ခွင့်ရမည်မဟုတ်ကြောင်း ပြင်းထန်သောသတိပေးခြိမ်းခြောက်မှုရှိပေသည်။