عَن أَبِي سَعِيدٍ الْخُدْرِيِّ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَا يَنْظُرُ الرَّجُلُ إِلَى عَوْرَةِ الرَّجُلِ، وَلَا الْمَرْأَةُ إِلَى عَوْرَةِ الْمَرْأَةِ، وَلَا يُفْضِي الرَّجُلُ إِلَى الرَّجُلِ فِي ثَوْبٍ وَاحِدٍ، وَلَا تُفْضِي الْمَرْأَةُ إِلَى الْمَرْأَةِ فِي الثَّوْبِ الْوَاحِدِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 338]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူစာအီဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။
"အမျိုးသားတစ်ဦးသည် အခြားအမျိုးသားတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရ၊ အမျိုးသမီးတစ်ဦးသည်လည်း အခြားအမျိုးသမီးတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရ။ ထို့ပြင် အမျိုးသားတစ်ဦးသည် အခြားအမျိုးသားတစ်ဦးနှင့် အဝတ်တစ်ထည်တည်းတွင် အတူမနေရ၊ အမျိုးသမီးတစ်ဦးသည်လည်း အခြားအမျိုးသမီးတစ်ဦးနှင့် အဝတ်တစ်ထည်တည်းတွင် အတူမနေရ။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 338]

ရှင်းလင်းချက်

နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အမျိုးသားတစ်ဦးက အခြားအမျိုးသားတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရန်၊ အမျိုးသမီးတစ်ဦးသည်လည်း အခြားအမျိုးသမီးတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရန် တားမြစ်ထားတော်မူထားသည်။
‘အလ်အောင်ရဟ်' အရှက်အင်္ဂါဆိုသည်မှာ ပေါ်လွင်သွားသောအခါ ရှက်ဖွယ်ကောင်းသော အစိတ်အပိုင်းများကို ဆိုလိုသည်။ အမျိုးသား၏ ‘အလ်အောင်ရဟ်' အရှက်အင်္ဂါသည် ချက်မှ ဒူးအထိ ဖြစ်သည်။ အမျိုးသမီးသည် သူစိမ်း(မိမိနှင့်နိကာဟ် ပြုပိုင်သော)အမျိုးသားများရှေ့တွင် ခန္ဓာကိုယ်တစ်ခုလုံးအားဖုံးအုပ်ထားရမည်ဖြစ်ပြီး အမျိုးသမီးအခြင်းခြင်းနှင့် (မိမိနိကာဟ်မပြုပိုင်သော)အမျိုးသားများအရှေ့တွင် အိမ်မှုကိစ္စများလုပ်ဆောင်ရာ၌အမြဲပေါ်လွင်နေသည့်အစိတ်အပိုင်းများကို ဖော်ထားခွင့်ရှိသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အမျိုးသားနှစ်ဦး အဝတ်တစ်ထည်ထဲတွင် သို့မဟုတ် ခြုံစောင်တစ်ခုထဲတွင် နှစ်ကိုယ်တည်းနေခြင်း၊ ထိုနည်းတူ အမျိုးသမီးနှစ်ဦး အဝတ်တစ်ထည်ထဲတွင် သို့မဟုတ် ခြုံစောင်တစ်ခုထဲတွင် နှစ်ကိုယ်တည်းနေခြင်းကို တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော ဤသို့ပြုခြင်းသည် တစ်ရောက်အရှက်အင်္ဂါနှင့် နောက်တစ်ရောက်အရှက်အင်္ဂါ ထိတွေ့သွားနိုင်သည်။ အရှက်အင်္ဂါကို ကြည့်ရှုခြင်းအားတားမြစ်ထားသကဲ့သို့ ထိတွေ့ခြင်းကိုလည်းတားမြစ်ထားသည်။ သို့သာမက သူတစ်ပါးအရှက်အင်္ဂါကို မထိတွေမိစေရန် ပြင်းထန်စွာ တားမြစ်ထားသည်။ ဤသို့ ထိတွေ့ခြင်းဖြင့် အလွန်ကြီးမားသည့် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်လာမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဇနီးမောင်နှံနှစ်ဦးမှအပ အခြားသူများသည် သူတစ်ပါး၏အရှက်အင်္ဂါကို ကြည့်ရှုခြင်းအား တားမြစ်ထားသည်။
  2. အစ္စလာမ်သာသနာတော်သည် လူ့အဖွဲ့အစည်းသန့်ရှင်းမှုရှိရန် အလေးထားပြီး စက်ဆုပ်ရွံရှာဖွယ်ရာများသို့ ဦးတည်နိုင်သော လမ်းကြောင်းများကို ပိတ်ဆို့ထားသည်။
  3. ဆေးကုသခြင်းကဲ့သို့ လိုအပ်ချက်အရ အရှက်အင်္ဂါကို ကြည့်ရှုရန် ခွင့်ပြုထားသော်လည်း ရာဂစိတ်ဖြင့် မကြည့်ရ။
  4. မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ အရှက်အင်္ဂါကို ဖုံးအုပ်ရန်နှင့် အခြားသူ၏ အရှက်အင်္ဂါကို မကြည့်ရန် အမိန့်ပေးထားသည်။
  5. အမျိုးသားအချင်းချင်း၊ အမျိုးသမီးအခြင်းခြင်း အရှက်အင်္ဂါကို မကြည့်ရန် အထူးသဖြင့် တားမြစ်ထားရခြင်းမှာ ၎င်းတို့အခြင်းခြင်း အရှက်အင်္ဂါကိုဖော်ခြင်း၊ ကြည့်ခြင်း ပို၍ဖြစ်နိုင်ချေများသောကြောင့်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
ထပ်၍