عَنْ أَبِي هُرَيْرَةَ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: "لاَ تَقُومُ السَّاعَةُ حَتَّى يَمُرَّ الرَّجُلُ بِقَبْرِ الرَّجُلِ فَيَقُولُ: يَا لَيْتَنِي مَكَانَهُ".
[صحيح] - [متفق عليه]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ လူတစ်ဦးသည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု မပြောမချင်း ကိယာမသ် ဆိုက်ရောက်မည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ လူတစ်ယောက်သည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သန်းသွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု တောင့်တမိခြင်းမျိုး မဖြစ်သေးသမျှ ကိယာမသ် ဆိုက်ရောက်လိမ့်မည် မဟုတ်ပေ။ ထိုသို့တောင့်တမိခြင်းသည် များစွာသော ဒုက္ခစမ်းသပ်မှုများနှင့် ပြဿနာများ ပေါ်ပေါက်လာသည့် အတွက်ကြောင့်ပင်ဖြစ်သည်။ ‘ဖိသ်နဟ်’ ပြဿနာများပေါများလာသည့်အခါ သေခြင်းတရားကို တောင့်တခြင်းသည် ပြစ်မှုဒုစရိုက်များ၊ မကောင်းမှုများ ပေါ်ပေါက်လာခြင်း၊ လမ်းမှားမှုနှင့် ၎င်း၏နောက်လိုက်များ လွှမ်းမိုးလာခြင်းတို့ကြောင့် မိမိ၏သာသနာ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ပင်ဖြစ်သည်။ ဆင်းရဲဒုက္ခနှင့် အခက်အခဲများကြောင့် သေခြင်းတရားကို တောင့်တခြင်းအား တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အလ္လာဟ်အရှင်မြတ်၏ ဆုံးဖြတ်ချက်နှင့် သက္ကဒီရ်သတ်မှတ်ချက်အပေါ် အီမာန်ယုံကြည်မှု အားနည်းကြောင်းကို ဖော်ပြနေသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူထားသည်မှာ - (အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှပင် မိမိကြုံတွေ့ခံစားရသည့် ဘေးဒုက္ခကြောင့် သေခြင်းတရားကို တောင့်တခြင်း မပြုကြနှင့်။) (ဗုခါရီကျမ်း၊ မွတ်စ်လင်မ်ကျမ်း)

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နောက်ဆုံးခေတ်သမယ၌ ပြစ်မှုဒုစရိုက်များ၊ ‘ဖိသ်နဟ်’ ပြဿနာများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
  2. လူတစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခဆိုက်ရောက်ခြင်းကြောင့် မဟုတ်ဘဲ မိမိ၏သာသနာဆုံးရှုံးသွားမည်ကို သို့မဟုတ် အားနည်းသွားမည်ကို ကြောက်ရွံ့စိုးရိမ်သည့်အတွက် သေခြင်းတရားကို မျှော်လင့်တောင်းတခွင့်ရှိသည်။
  3. ကိယာမသ်၏ နိမိတ်လက္ခဏာအချို့ကို ရှင်းပြထားသည်။
  4. ဤအချက်သည် နိုင်ငံတိုင်း၊ အချိန်တိုင်းနှင့် လူတိုင်းအတွက် ဖြစ်ပေါ်လာရန် အရေးမကြီးပါ။
အမျိုးအစားများ
ထပ်၍