عَنْ أَنَسٍ رَضِيَ اللَّهُ عَنْهُ، قَالَ: لَأُحَدِّثَنَّكُمْ حَدِيثًا سَمِعْتُهُ مِنْ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ لاَ يُحَدِّثُكُمْ بِهِ أَحَدٌ غَيْرِي: سَمِعْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ: «إِنَّ مِنْ أَشْرَاطِ السَّاعَةِ أَنْ يُرْفَعَ العِلْمُ، وَيَكْثُرَ الجَهْلُ، وَيَكْثُرَ الزِّنَا، وَيَكْثُرَ شُرْبُ الخَمْرِ، وَيَقِلَّ الرِّجَالُ، وَيَكْثُرَ النِّسَاءُ حَتَّى يَكُونَ لِخَمْسِينَ امْرَأَةً القَيِّمُ الوَاحِدُ».
[صحيح] - [متفق عليه]
المزيــد ...

အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိခဲ့ရသည့် ဟဒီးဆ်တော်တစ်ပုဒ်အား အသင်တို့ကို ပြောပြမည်။ ထိုဟဒီးဆ်တော်အား ကျွန်ုပ်အပြင် မည်သူမျှ အသင်တို့ကိုပြောပြမည် မဟုတ်ပေ။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် အချို့မှာ- အသိပညာ ရုပ်သိမ်းခံရခြင်း၊ (သာသနာ့) အသိပညာကင်းမဲ့မှု များပြားလာခြင်း၊ ‘ဇိနာ’တရားမဝင်ကာမအမှု ပေါများလာခြင်း၊ အရက်သေစာသောက်သုံးမှု များပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း အမျိုးသမီး အယောက်(၅၀)အတွက် တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်မည့် အမျိုးသားတစ်ဦးသာ ရှိတော့သည်အထိ အမျိုးသမီးဦးရေ များပြားလာခြင်း တို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ကြားသိခဲ့ရသည့် ဟဒီးဆ်တော်တစ်ပုဒ်အား အသင်တို့ကို ပြောပြမည်။ ထိုဟဒီးဆ်တော်အား ကျွန်ုပ်အပြင် မည်သူမျှ အသင်တို့ကိုပြောပြမည် မဟုတ်ပါဟု ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)သည် ဆွဟဗဟ်များအနက် နောက်ဆုံးမှ ကွယ်လွန်ခဲ့သူဖြစ်သည်။ သို့မဟုတ် ထိုစကား၏အလိုသဘောမှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤဟဒီးဆ်တော်အား မိန့်ကြားသည့်အခါ၌ ၎င်းတစ်ဦးတည်းသာလျှင်ကိုယ်တော်မြတ်နှင့် အတူရှိနေပြီး တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤဟဒီးဆ်တော်အား အခြားတစ်ယောက်ကို မိန်ကြားခဲ့ခြင်းမရှိဟု ထင်ခဲ့ခြင်းလည်းဖြစ်နိုင်သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများထဲတွင် အသိပညာ ရုပ်သိမ်းခံရခြင်း ပါဝင်သည်။အသိပညာသည် သာသနာ့ပညာရှင်များ ကွယ်လွန်ခြင်းဖြင့် ရုပ်သိမ်းခံရမည်ဖြစ်သည်။ ဤအကြောင်း ဟဒီးဆ်တော်လာရှိထားသည်မှာ "c2">“ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များ၏ (နှလုံးသားထဲမှ) ‘အိလ်မ်’ အသိပညာကို တိုက်ရိုက်နုတ်ယူသည့်ပုံစံဖြင့် ရုပ်သိမ်းတော်မူမည်မဟုတ်ပေ။ သို့သော် သာသနာ့ပညာရှင်များကို ကွယ်လွန်စေခြင်းဖြင့် အသိပညာကို ရုပ်သိမ်းတော်မူမည်။”(ဟဒီးဆ်) ထိုနိမိတ်လက္ခဏာများထဲတွင် (သာသနာ့)အသိပညာ ကင်းမဲ့မှု ပြန့်နှံ့များပြားလာခြင်း၊‘ဇိနာ’တရားမဝင် ကာမအမှု ပေါများလာခြင်း၊ လူတို့အရက်သေစာ သောက်သုံးမှုများပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း၊ အမျိုးသမီးဦးရေ များပြားလာခြင်း နောက်ဆုံး အမျိုးသမီး အယောက်(၅၀)၏ အကျိုးစီးပွားနှင့် သူမတို့ကို တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်ရန် အမျိုးသားတစ်ဦးသာရှိတော့မည်။ အမျိုးသမီးဦးရေများပြားခြင်းသည် တစ်ခါတစ်ရံတွင် ဖော်ပြထားသည့်အရေအတွက်အတိုင်း အမှန်တကယ်များပြားခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ ယင်းသည် အမျိုးသမီးအရေအတွက် တိုးပွားလာခြင်း၊ ပညာရုပ်သိမ်းခံရခြင်း၊ ပညာမဲ့မှုပျံ့နှံ့လာခြင်းတို့နှင့် ဆက်စပ်၍တင်ပြလိုခြင်းလည်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပညာရှင်များအနက်အများစုသည် အမျိုးသားများပင်ဖြစ်ကြသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)၏ ‘အိလ်မ်’အသိပညာပြည့်ဝမှုနှင့် မွန်မြတ်မှုတို့ကို သိရှိရသည်။
  2. ကိယယာမသ်၏ နိမိတ်လက္ခဏာအချို့ကို ဖော်ပြထားသည်။
  3. ‘အာလင်မ်’ သာသနာ့ပညာရှင်များ ကွယ်လွန်ခြင်းဖြင့် အသိပညာ ရုပ်သိမ်းခြင်းခံရမည်။
  4. နောက်ဆုံးခေတ်သမယ၌ အမျိုးသမီးဦးရေ များပြားလာမည်။
  5. နောက်ဆုံးခေတ်သမယ၌ တရားမဝင် ကာမလိုက်စားမှုများ၊ အရက်သေစာ သောက်သုံးမှုများ ပေါများလာမည်။
  6. ဤဟဒီးဆ်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နဗီဖြစ်ခြင်း၏ သက်သေလက္ခဏာများအနက်မှ တစ်ခုဖြစ်သည်။ ကိုယ်တော်မြတ်သည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အကြောင်းခြင်းရာများကို ကြိုတင်မိန့်ကြားတော်မူခဲ့ပြီး ထိုအရာများသည် ကိုယ်တော်မိန့်ကြားခဲ့သည့်အတိုင်း ဖြစ်ပေါ်လာခဲ့သည်။
  7. ထိုကိစ္စငါးမျိုးဖြစ်ပေါ်လာသည့်အခါ ကမ္ဘာပျက်ခြင်းသို့ ဆိုက်ရောက်တော့မည်ဖြစ်ကြောင်း အသိပေးနေသည်။
ထပ်၍